* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, March 31, 2009

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ များ (၃)

ရွှေကျင်နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ

တရားအားကိုးပါ
တရားသဘော ကတော့ ဘယ်သူ့ ဘယ်သူမှ အားကိုးလို့မရဘူး။
အတ္တာဟိ အတ္တနော နာထော ..
သူတစ်ပါးအား မကိုးစား၊
ကိုယ့်အားကိုယ် ကိုးပါ။
….တဲ့
မိမိဆိုတာ တစ်ခြားမဟုတ်ဘူး၊ ဓမ္မ ပရမတ်ပဲ။
ဓမ္မ တရားသာ လျင် အားကိုးရာ အားထားရာအစစ်ပဲ..။
တရားမှတပါး မှီခိုကိုးစားရာ၊ အားထားရာ မရှာပါနဲ့..။
မြတ်စွာဘုရားက ဆုံးမထားတယ်..။
သူတစ်ပါးအားမကိုးစား၊ ကိုယ့်အားကိုယ် ကိုးပါ..။
အခြားတစ်ပါး မကိုးစား တရားအားကိုးပါ..။
တရားအားကိုး နေကြလို့ရှိရင် …ဒိဋ္ဌိ အနှောင် အဖွဲ့ က လွတ် သွားမယ်..။
နိဗ္ဗာန်တည်းဟူသော အေးငြိမ်းရာ ဘုံဌာန သန္တိသုခ သို့ ကျရောက် သွားမယ်..။
ဒီလို ကျရောက် သွားဘို့ရာ …ယောဂီများ အမြဲတမ်းသတိ သမ္ပဇဉ် မပျက်ရအောင်..
အမြဲတမ်းဉာဏ်ရှိရမယ်..။
အဲဒီလို..သမ္ပဇဉ် ဉာဏ် ယှဉ်တဲ့ ပုဂ္ဂိုလ် ဟာ အချိန်တိုင်း၊ အချိန်တိုင်း
သူ့မှာ အသိမှန် အမြင်မှန် ရနေတယ်..။
အသိမှန် အမြင်မှန် ရတဲ့ အချိန်တိုင်း စင် ကြယ်နေတယ်၊ လွတ်မြောက်နေတယ်..။
အေးချမ်းနေတယ်..။ ချမ်းသာနေတယ်..။

အာရုံချည်တိုင် ခိုင်ခိုင် ချည် ပါ
စိတ်မိုက် နွားဆိုး သတိကြိုးနှင့် အာရုံ ချည် တိုင် ခိုင်ခိုင် ချည်ပါ..။
ဆိုတာ သိထားပြီးဖြစ်နေပါပြီ..။
လွတ်သွားတဲ့ စိတ်ကလေးဟာ နွားဆိုးလေးနဲ့တူတယ်..။
နွားမိုက် နွားဆိုး နွားရိုင်းလေးက ကြိုးနဲ့ချည် ထားမှ…
တိုင် မှာ ခိုင် ခိုင် ချည် မထားဘူး ဆိုရင်..
ပေါက် လွှတ်ပဲစား သွားချင်ရာသွား…ဖြစ်ချင်ရာ ဖြစ်နေတယ်..။
အဲဒီသဘော ပဲ..။စိတ်မိုက် နွားဆိုးလေးကို သတိဟူသော ကြိုးနဲ့ ချည် ရမယ်..။
ဘယ် မှာ ချည်ရမလဲ ဆိုတော့ အာရုံမှာ ချည်ရမယ်..။
မှတ်စရာ အာရုံတွေက ချည် တိုင် ပါပဲ..။ခန္ဓာ ချည် တိုင်ပေါ့နော်..။
ခိုင် ခိုင် ချည် ပါဆိုတာ လုံ့လ ဝီရိယ စိုက်တာကို ပြော ပါတယ်..။
လုံ့လ ဝီရိယရှိတဲ့ ပုဂ္ဂိုလ် ဟာ ဟိုရောက် ဒီရောက် စိတ်တွေ လျော့နည်းနေတယ်..။
အဝေးရောက်တဲ့စိတ်က ဝိက္ခိတ္တ စိတ်…
အဲဒီစိတ်ရှိနေတဲ့လူဟာ ဖြစ်ခိုက် ရုပ်နာမ် ပေါ်မှာ သိခွင့်မရတော့ဘူး။
သိခွင့်မရရင် အမှန်အတိုင်း မသိ အမှားစွဲလမ်းမှုက ..ဝင်လာတော့တာ ပဲ..။
ရုပ် နဲ့ နာမ် အမှန် ရှိရဲ့သားနဲ့ …
ငါ့တရားအားထုတ်နေတယ်..။ငါ…သိနေတယ်..။
ငါ့အသိတွေ သိပ်ပြီးထူးခြားနေတယ်..။
အဲဒီလိုစွဲလမ်းလိုက်တာဟာ..မိစ္ဆာဒိဋ္ဌိ ဖြစ်သွားတာ သိပ်နာတာပဲနော်..။
အဲဒါရှုမှတ်မှု ကင်းသွားလို့ပါ..။ရှုမှတ်မှု မကင်းရင် ….
အမှန် အတိုင်းသိ မြင်တော့ အဲဒီလို အစွဲတွေ ဖြစ်ခွင့်မရပါဘူး။

အကြိမ်ပေါင်း ၁၉၇၀ကျော်
အပ္ပမာဒ တရားဆိုတာ မမေ့ မလျော့ ၊ မပေါ့ မဆ သတိရှိခြင်း၊
သတိပဌာန်တရား ပွားများနေခြင်းပဲ..။
မြတ်စွာဘုရားရှင်ဟာ.. အပ္ပမာဒ တရားလက် ကိုင်ထားဘို့
အကြိမ်ပေါင်း ၁၉၇၀ကျော်ဟောကြားသွားခဲ့တယ်..။
ပရိနိဗ္ဗာန် စံဝင်လုဆဲဆဲ အချိန် အထိ…
အပ္ပမာ ဒေန သမ္ပာ ဒေထ..မမေ့ မလျော့ ကြနဲ့လို့…
နောက် ဆုံးစကားမှာ ကြားသွားပြီးမှ…ပရိနိဗ္ဗာန် ပြုခဲ့တာ..။
နောက်တော့ ဘာစကားမှ မပြောတော့ဘူး။
ဒါကိုထောက်ရင် ဘယ် လောက် အရေးကြီးတယ် ဆိုတာ သိသာ ပါတယ်..။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP