* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, March 31, 2009

အာဖရိကမှ သာသနာ့ အလင်းရောင်

တနေ့က ကျနော်တို့ ဆီပုံးမှာ ကို/မ Heart ကနေ အာဖရိကန်လူမျိုးတစ်ယောက် သာသနာပြု ဗီဒီယိုလေးလင့်လေးကို လာရောက်ပြောကြားခဲ့ပါတယ်။ (ကို/မ Heart ကိုကျေးဇူးအရမ်းတင်ပါတယ်။) အဲဒီဗီဒီယိုလေးကို ကြည့်လိုက်တော့ အင်မတန်မှ ကြည်ညိုဖွယ်ကောင်းတဲ့ Uganda လူမျိုး ဘုန်းဘုန်းတစ်ပါးကို ဖူးမြင်ရပါတယ်။ ဘွဲ့တော်ကတော့ ဗုဒ္ဓရက္ခိတဖြစ်ပါတယ်။ ဆရာတော်ကြီး ဦးသီလနန္ဒက ဥပဇယ် ဆရာတော်ဖြစ်ပါတယ်။ ဆရာတော်ဦးသီလနန္ဒနဲ့ ဘီလင်းဆရာတော်ကြီး နှစ်ပါးရဲ့ တိုက်တွန်းချက်အရ အာဖရိကတွင် သာသနာမျိုးစေ့စပြီးချသူဖြစ်ပါသည်။ ပါရမီရှိသူတစ်ယောက်တော့ ဖြစ်ဟန်ရှိ၏။ ဗုဒ္ဓဘာသာဆိုတာ စကားလုံးတောင် မကြားဖူးတဲ့ ဒေသမှာ အဖေါ်မပါပဲ တစ်ဦးတည်း သာသနာပြုရတာ ဘယ်လေက်ခက်ခဲမလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် အားလုံးကို အပြုံးမပျက် ကျော်လွှမ်းနိုင်ခဲ့ပါတယ်။ အခုဆိုဘုန်းဘုန်း၏ မယ်တော်ဟာ မွတ်ဆလင်ကနေ ဗုဒ္ဓဘာသာ ပြောင်းလဲခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် အာဖရိကမှာ သာသနာစပြုတဲ့ သံဃာဟာ မြန်မာ့သင်္ကန်းနဲ့ မိုလို့ အင်မတန်ကို ဂုဏ်ယူ ၀မ်းသာမိပါတယ်။

ဦးဇင်း ဗုဒ္ဓရက္ခိတကို ကြည်ညိုနိုင်ဖို့ ဓါတ်ပုံနှင့် ဗီဒီယိုများကို စုစည်းတင်ပြလိုက်ပါတယ်။ ဘုန်းဘုန်းဟာ အခက်အခဲတွေကြားထဲက Uganda Buddhist Centre ကို ဆောက်လုပ်နေပါပြီ။ ကျောင်းအရွယ်ကလည်း အတော်ကို သေးငယ်ပါတယ်။ လက်ရှိအထိ မပြီးဆုံးသေးပါ။ ကျနော်တို့ မြန်မာများအနေနဲ့ ဆရာတော်၏ သာသနာပြုလုပ်ငန်းကို တတ်စွမ်းတရွေ့လှုဒါန်းဖို့ နှိုးဆောင်အပ်ပါသည်၊ အင်တာနက်မှလည်း လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။ (လှူဒါန်းမှုများပြုလုပ်ပါက comment နေရာတွင် ရေးသားပြီးပြောပြပေးစေလိုပါတယ်။ သာဓုခေါ်ချင်လို့ပါ)
ဘုန်းဘုန်း၏ ဓါတ်ပုံများကြည့်လိုပါက ဒီကို Click လုပ်

Uganda Buddhist Centre
Plot 31, Garuga Road, Bulega, Entebbe
P.O.Box 16650, Kampala
UGANDA
Telephone: +256-(0)414-662203
Mobile phone: +256-(0)782-159985
E-mail : ugandabuddhistcentre@gmail.com
Web site: http://www.ugandabuddhistcentre.org



(ဒီနေရာ မှ ကူးယူဖေါ်ပြပါတယ်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP