* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 18, 2011

သင်ရောငါပါ မလွန်ဆန်နိုင်...

ညခင်း ကို နေ့စဉ်နှင့် အမျှ အဆုံးအမ ပေးတဲ့ ဆရာတော်အား မနက်ခင်း
နှုတ်ဆက်စကားဖြင့် ရှိခိုးဦးချ ကန်တော့ တုန်း... ဆုံးမတဲ့ အဆုံးအမ
လေးကို ပိုစ့်တစ်ခုအဖြစ်တင်ပေးလိုက်ပါတယ်။
ကလျာဏမိတ္တကို အကြောင်းပြုလို့ ဓမ္မသာဝန ကုသိုလ်တရား တိုးပွားရတဲ့အကြောင်းပါ။

သူတော်ကောင်းတရား ကျင့်ကြံနေတဲ့ ဆရာတော်များကို မေးလျောက်ရင်း
စကားပြောတဲ့အခါမှာ တရားနာယူတယ်လို့ နှလုံးသွင်း ဆင်ခြင်ရမှာဖြစ်ပါတယ်။

တရားနာယူတဲ့အခါမှာ....ရည်ရွယ်ချက်မှန်ဖို့လိုတယ်။ ရည်ရွယ်ချက်မှန်မှလည်း
အလုပ်မှန်မယ်ဆိုတာကို ဂန္ဓာရုံဘုံကျော်ဆရာတော်ဘုရားက ဒီလို ရေးသားခဲ့တာကို
မှတ်သားခဲ့ဘူးပါတယ်။ တရားနာယူရာမှာ- (မြတ်စွာ ဘုရားရဲ့ ၀ိဇ္ဖာစရဏသမ္ပန္န
ဂုဏ်တော်ကို အာရုံပြုပြီး နာယူရမယ်။ ရှင်မြတ်ဘုရားဟာ သိစရာကို
သိတော်မူတယ်။ ကျင့်စရာကို ကျင့်တော်မူတယ်။ သိလို့ကျင့်တယ်။
ကျင့်လို့သိတယ်။ ၀ိဇ္ဖာနဲ့ စရဏ၊ စရဏနဲ့ ၀ိဇ္ဖာဟာ အညမည သဘောတရားအရ
အချင်းချင်းကျေးဇူးပြုနေကြတယ်။ ဒါကြောင့် မြတ်စွာဘုရားရဲ့
ဝိဇ္ဖာစရဏသမ္ပန္နဂုဏ်တော်ကို အာရုံပြုပြီး သိဖို့ ကျင့်ဖို့ဆိုတဲ့
ရည်ရွယ်ချက်ထားပြီး တရားနာကြရမယ်...)

ညခင်း:
ဘုန်းဘုန်း....ဘုရား
နေကောင်း...မျှတပါရဲ့လားဘုရား...ဦးချကန်တော့ပါတယ်.။


ဘုန်းဘုန်းဦးလောက:
ပြောပါဒကာမကြီး...
မျှတပါတယ်...


ညခင်း:
မှန်လှပါဘုရား...


ဘုန်းဘုန်းဦးလောက:
ဒကာမကြီးကော...
အဖွားကော...မျှတကြရဲ့လား။


ညခင်း:
တပည့်တော်ရော အဖွားရောမျှတပါတယ်ဘုရား
အဖွားက တရားနာရင်း အိမ်မှာကျန်ခဲ့ပါတယ်
တပည့်တော်လည်းသွားရင်းလာရင်း လျော်ရင်ဖွပ်ရင်း တရားနာ ခဲ့ပါတယ်


ဘုန်းဘုန်းဦးလောက:
သာဓု...
ပြောင်သွားပလား...(ကိုယ့်ကိုယ်ကိုပုဝါဖြုလားလက်ခုလား (လက်နှီးစုတ်လား)
လို့အမြဲစစ်။ပ၀ါဖြုဆိုရင်အညစ်အကြေးမပေစေနဲ့ထိန်းသိမ်း။လက်ခုဆိုရင်နာနာဖွတ်လျှော်နိုင်မှဖြူမယ်
လို့မှတ် ။ ။)(ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ဘုရားကြီး)

ညခင်း:
ခဏပြောင်သွားတယ်ဘုရား....
ပြန်ပြီး...အညှိတက်တာပဲဘုန်းဘုန်း


ဘုန်းဘုန်းဦးလောက:
ဒါဆို မဆိုးသေးပါလေ...
ပုထုစဉ်ကိုး...


ညခင်း:
တင်ပါ့ .....အသိလေးကပ်ထားပေမဲ့...လွတ်လွတ်သွားတာခက်တယ်ဘုရား
ဒါပေမဲ့အရင်ထက်...စာရင်နည်းနည်းလျော့သွားပါတယ်


ဘုန်းဘုန်းဦးလောက:
အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးရှိ၏...
သင်ရောငါပါ မလွန်ဆန်နိုင်...

မီးမဖုတ်ရသေး အစိမ်းသက်သက်လည်း ဖြစ်ကုန်သော
မီးဖုတ်ပြီး အကျက်လည်း ဖြစ်ကုန်သော
အိုးထိန်းသည်တို့၏ အိုးခွက်ဟူသမျှတို့သည်
ကွဲခြင်းသဘောရှိကုန်သကဲ့သို့
ကွဲခြင်းလျှင် အဆုံးရှိသကဲ့သို့
ကွဲခြင်းကို မလွန်နိုင်ကုန်သကဲ့သို့...

ဤဥပမာ အတူသာပင်
သင်ရောငါပါ သတ္တဝါအားလုံးတို့သည်
သေခြင်းသဘော ရှိကုန်၏
သေခြင်းလျှင် အဆုံးရှိကုန်၏
သေခြင်းကို မလွန်ဆန်နိုင်ကုန်...

အဲလိုနှလုံးသွင်းလိုက် ပိုလျော့သွားမယ်...
https://plus.google.com/100657591289794656102


ညခင်း:
မှန်လှပါ...နှလုံးသွင်းပါ့မယ်ဘုရား...


ဘုန်းဘုန်းဦးလောက:
ကောင်းပါပြီ...


ဘုန်းဘုန်းဦးလောက:
သာဓု...


Sent at 10:55 AM on Saturday

ဘုန်းဘုန်းဦးလောက ရဲ့ ခဏတာအဆုံးအမလေး ကြောင့် သတိလေးကပ်ရင်း
ဆင်ခြင်မိကြောင်းကို ရေးသားလိုက်ရပါတယ်။

ညခင်း

ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP