* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 15, 2011

နံပါတ် ( ၅ ) နှင့် နံပါတ် ( ၆ ) မူလပျက် သုညတ

ဓမ္မပီယ—- နံပါတ် (၅) မူလပျက် သုညတ ကိုလည်း ရှင်းလင်းဖြေကြားတော်မူပါဘုရား။

ဦးဝိဇယ—- နံပါတ် (၅) မူလပျက် တရားကတော့ ရှုဉာဏ်မူလပျက် တရားပါဘုရား။ရှုဉာဏ်ကို သုည မကျလျှင် တရားစကားပြောဆိုကြတဲ့အခါ ခပ်မာမာ ဖြစ်နေတတ်ပါတယ် ဘုရား။ ရှုဉာဏ်တရား ဖြစ်ဘို့အတွက်

(၁) ဆရာစစ်ရှိရမယ်။

(၂)တရားစစ်နာရမယ်။

(၃)စီစစ်ဉာဏ်ရှိရမယ်။

(၄)အရှုခံရှိရမယ်။

ဤ အကြောင်း (၄)ပါးရှိမှ ရှုဉာဏ်တရားဖြစ်နိုင်မယ် ။အကြောင်း (၄)ပါး မစုံဘဲနဲ့ ရှုဉာဏ်လုပ်လို့မရနိုင်ပါဘူး။ ရှုဉာဏ်တရားဟာ ဤ ကိုယ်ပိုင် စွမ်းအားဖြင့် အတိတ်တုံးကလည်း မဖြစ်နိုင်ခဲ့ဘူး။ ပစ္စုပ္ပန်မှာလည်း မဖြစ်နိုင်ဘူး။ အနာဂတ်မှာလည်း ဖြစ်မလာနိုင်ဘူး။ ကာလ (၃)ပါးမှာ ကိုယ်ပိုင်ဖြစ်နိုင်တဲ့အားမှ ပျက်နေတဲ့ မူလပျက် သုညတ တရားပါပဲဘုရား။

ဓမ္မပီယ—- တပည့်တော် သဘောပေါက်ပါပြီဘုရား။ တပည့်တော် သိထားမှတ်ထားတာတွေကို ငါသိတာပဲ ဟု ဆုပ်ကိုင်ခဲ့ပါတယ်။ ဆုပ်ကိုင် ထားသလောက် စိတ်မှာ ပူလောင်ခဲ့ပါတယ်။ငါသိသလို သိစေချင်တယ် ဆိုတဲ့ လောဘဟာ မေတ္တာယောင် ကရုဏာ ယောင်ဆောင်ပြီး အယူတူအောင် စွဲပြောပြီး အုပ်စုဖွဲ့တဲ့အလုပ်တွေကိုလုပ်ဖြစ်ခဲ့ ပါတယ်ဘုရား။

တရား ရဲ့ သဘာဝ ဟာ အလွန် ဆန်းကြယ်ပါတယ်ဘုရား။လက်ဆုပ်ထားတဲ့ ဟာတွေအားလုံးကို ဖြေဖြန့်တဲ့ အလုပ်ဖြစ်နေတယ်။အလွန်ခက်ခဲ နက်နဲတဲ့ အဓိပ္ပါယ် ကိုဆောင် နေပါတယ် ဘုရား။

ယခု အရှင်ဘုရား ရှုဉာဏ်ရဲ့ မူလပျက် သုည ကိုရှင်းပြတော့မှ ငါသိတာမဟုတ်ပဲ မူလပျက်သုညသဘောက မူလပျက်သုညသဘောကို သိနေခြင်းမျှပါပဲဘုရား။ စိတ်လည်းအလွန်သက်သာသွားပါတယ်ဘုရား။

ဓမ္မပီယ—- နံပါတ်(၆) မူလပျက် သုည ကိုလည်း ဖြေကြားတော်မူပါဘုရား။

ဦးဝိဇယ—-နံပါတ်(၆) မူလပျက်သုည ကတော့ နောက်ဆုံး စွဲစရာ ပါပဲဘုရား။ကိုယ်ပိုင် စွမ်း အားဖြင့်မသိနိုင် သောကြောင့် မူလပျက် သုည ဖြစ်နေသော်လည်း ရှုဉာဏ်ရဲ့ အကြောင်းဖြစ်တဲ့ ဆရာစစ်၊တရားစစ်၊ စိစစ်ဉာဏ် အရှုခံ အကြောင်းများ ကို စွဲနေတတ် ပါတယ်။

ဆရာစစ်တစ်မျိုးတည်းနှင့် ရှုဉာဏ်ဖြစ်အောင် လုပ်မပေးနိုင်ပါဘူး။

တရားစစ်တစ်မျိုးတည်းနှင့်လည်း ရှု ဉာဏ်ဖြစ်အောင် လုပ်မပေး နိုင်ပါဘူး။

တစ်ခုတည်းဆိုလျှင် ရှုဉာဏ်ဖြစ်စေနိုင်တဲ့ ကိုယ်ပိုင်စွမ်းအား မရှိကြပါဘူး ဘုရား။ သူတို့ကိုယ်တိုင်သည်ပင် ရုပ်နာမ်တရားများ ဖြစ်နေကြတော့ အကြောင်းမပါပဲ မဖြစ်နိုင်သည့်အတွက် မူလပျက်သုည ပါပဲဘုရား။

ယခုရှင်းပြတဲ့ မူလပျက် သုည (၆)လုံးကို ကြေညက်အောင် ကိုယ်ပိုင်ဉာဏ်နဲ့ စိစစ်ဝေဖန်သုံးသပ်လျှင် (၃၁) ဘုံလုံး စွဲစရာမရှိတော့ပဲ စွဲစရာ (၃၁)ဘုံဟာ မူလပျက် သုည ပဲလို့ မြင်ပြီး စွဲလန်း တဲ့ စိတ်တွေ လည်း ငြိမ်းအေး သွား ပါတော့တယ်ဘုရား။

admin @ May 13, 2011

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP