* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 15, 2011

ဘဝသေလွန် ကုသိုလ်မွန်

လူတစ်ယောက် ကွယ်လွန်သွားတဲ့အခါ ဖြစ်နိုင်တဲ့ ဘ၀ (၅)မျိုးရှိတယ်၊

(၁) လူ့ဘ၀မှာလည်း လူပြန်ဖြစ်နိုင်တယ်၊

(၂) နတ်ဘ၀မှာလည်း ဖြစ်နိုင်တယ်၊

(၃) တိရစ္ဆာန်ဘ၀မှာလည်း ဖြစ်နိုင်တယ်၊

(၄) ငရဲ ဘ၀မှာလည်း ဖြစ်နိုင်တယ်၊

(၅) တစ္ဆေ၊ပြိတ္တာ ဘ၀မှာလည်း ဖြစ်နိုင်တယ်။

သေပြီးသူအတွက် ကုသိုလ်ပြုလုပ်၍ အမျှပေးဝေသောအခါ တစ္ဆေ သို့မဟုတ် ပြိတ္တာဘ၀တွင်ဖြစ်နေသူအားသာ

အမျှပေးဝေ၍ ရနိုင်ပါတယ်၊ သေသူ အတွက် ကုသိုလ် မပြုလုပ်မီ တစ်ရက်၊ နှစ်ရက်ခန့် ကြိုတင်၍ ညပိုင်းတွင် ထိုကွယ်လွန်သူကို ဖိတ်ကြားထားရပါမယ်၊ သင့်အတွက် ကုသိုလ်ပြုလုပ်ပေးမယ် သာဓုခေါ်နိုင်သော ဘ၀တွင် ရှိနေပါက လာရောက်၍ သင့်အတွက်ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုရဲ့ အဖို့ကို သာဓုခေါ်နိုင်ရန် ကြွရောက်ပါလို့ ဆိုကာ ဖိတ်ကြားသင့်ပါတယ်၊ ထိုသူတိုက်ရိုက်မကြားနိုင်ပါကလည်း သက်ဆိုင်ရာ တိုက်စောင့်နတ်၊ ရက်ကွက် စောင့်နတ်စတဲ့ နတ်များက တစ်ဆင့်ထိုသူ့ထံသို့ရောက်အောင် ကူညီ၍ သတင်းစကားပို့ပေးကာ ကူညီဖိတ်ကြားပေးကြပါလို့လည်း အကူအညီတောင်းခံသင့်ပါတယ်။ ထိုသို့ ဖိတ်ကြားပြီးပါက သေသူအတွက် ရည်ရွယ်ကာ သီလရှိသော ဘုန်းတော်ကြီးများကို ပင့်ဖိတ်၍ ကုသိုလ်ပြုလုပ်ကာ အမျှပေးဝေသင့်ပါတယ်။ ဘုန်းကြီးမရှိသော အရပ်ဒေသဖြစ်ပါက လူပုဂ္ဂိုလ်အချင်းချင်းလည်း (၈)ပါးသီလ ခံယူဆောက်တည်စေကာ ထိုသီလရှိသူအား ပေးလှူ၍ အမျှပေးဝေသင့်ပါတယ်။

သေသူအတွက် ရည်မှန်း၍ စားစရာများကို ပေးလှူကာ အမျှပေးဝေလျှင် ထိုသေသူမှာ ဘ၀သစ်မှနေ၍ သာဓုခေါ်နိုင်ပါက စားစရာများနှင့် ပြည့်စုံပြီး၊ သောက်စရာ သောက်ရေကို ပေးလှူ၍ အမျှပေးဝေလျှင် တမလွန်ဘ၀သို့ရောက်နေသော ထိုသူက သာဓုခေါ်နိုင်ပါက သောက်စရာရေကို ရနိုင်ပါတယ်၊ သင်္ကန်းစတဲ့ အ၀တ်အထည်များကို ပေးလှူ၍ အမျှပေးဝေပါက ထိုတမလွန်ဘ၀ရောက်နေသူ သာဓုခေါ်နိုင်ပါလျှင် ထိုသူမှာ အ၀တ်အထည်များနှင့်ပြည့်စုံနိုင်တယ်။ နေစရာအတွက်ယာယီ အဆောက်အဦး ပေးလှူ၍ အမျှပေးဝေပါက ထိုတမလွန်ဘ၀ ရောက်နေသူ သာဓုခေါ်နိုင်ပါလျှင် ထိုသူမှာ နေစရာများ ရရှိနိုင်တယ်။ ယာဉ်၊ဖိနပ်၊ ထီး စတဲ့ အသုံးအဆောင်များကို လှူဒါန်း၍ အမျှပေးဝေပါက ထိုတမလွန်ရောက်နေသူ သာဓုခေါ်ဆိုနိုင်လျှင် ထိုသူမှာ စီးစရာ ယာဉ် စသည့် အသုံးအဆောင်များနှင့် ပြည့်စုံနိုင်ပါတယ်။

သေလွန်သူဟာ တကယ်လို့ လူ့ဘ၀၊ နတ်ဘ၀၊ ငရဲဘ၀၊ တိရစ္ဆာန်ဘ၀တို့တွင် ဖြစ်နေပါက ကုသိုလ်ပြုလုပ်ကာ သေလွန်သူအတွက် အမျှအတမ်း ပေးဝေပါသော်လည်း သာဓုမခေါ်ဆိုနိုင်ပါ၊ သာဓုမခေါ်နိုင်သဖြင့် သေလွန်သူအတွက် ရည်စူး၍ ပြုလုပ်သောကုသိုလ်၏ အကျိုးကို ထိုတမလွန်ဘဝ ရောက်နေသူမှာ အကျိုးတစ်စုံတစ်ရာ မခံစားနိုင်ပါ။ လက်ရှိ အလှူကို ပေးလှူကြသူများသာလျှင် ထိုကုသိုလ်၏အကျိုးကို ခံစားရပါလိမ့်မယ်။ တမလွန်ဘ၀ရောက်နေသူဟာ တစ္ဆေ၊ ပြိတ္တာဖြစ်နေပါလျှင် လိုဘဝဟာ ယုတ်ညံ့ နိမ့်ကျနေပါတယ်။ လူ့ဘ၀ကတော့ မြင့်မြတ်နေပါတယ်၊ လူ့ဘ၀တွင်လည်း သီလရှိသော ရဟန်းပုဂ္ဂိုလ်များက ပို၍ မြင့်မြတ်ပါတယ်။ ထို့ကြောင့် လူ့ဘ၀က ကောင်းမှုကုသိုလ်ပြုလုပ်၍ အမျှပေးဝေခြင်းမျိုးဟာ တောင်ပေါ်က ရွာချလိုက်တဲ့ မိုးရေ တောင်အောက်သို့ စီးဆင်းကာ အင်း၊ အိုင် ၊မြစ်၊ ချောင်း၊ ချိုင့်ဝှမ်းတွေမှာ မိုးရေပြည့်လျှံသွားရတဲ့ဥပမာလို လူ့ဘဝက ပြုလုပ်သော ကုသိုလ်ပြုအမျှဝေမှုဟာလည်း နိမ့်ကျသော တစ္ဆေ၊ ပြိတ္တာများအတွက် ကောင်းကျိုးစီးပွားများ ပြည့်ဖြိုးစေပါသည်။ ထို့ကြောင့် သေလွန်သူအတွက် ရည်စူးကာ ကောင်းမှုကုသိုလ်ပြုလုပ်ပြီး အမျှပေးဝေမှုကို မလွဲမသွေပြုလုပ်သင့်ပါတယ်။

သာဓကတစ်ခု တင်ပြလိုပါတယ်။ ရန်ကုန်မြို့၊ သိမ်ဖြူလမ်းတွင် ကျောင်းထိုင်နေသော အသက် ရှစ်ဆယ်ကျော် အတွေ့အကြုံ ရင့်ကျက်သော ဆရာတော်ကြီးတစ်ပါး မိန့်ကြားဖူးသော ကိုယ်တွေ့ သာဓက တစ်ခုဖြစ်ပါတယ်။

တစ်နေ့တွင် ဘာသာခြား ဒကာမနှစ်ဦး ထိုဆရာတော်ကြီးထံသို့ လာရောက် လျှောက်ထားကြသတဲ့၊ ထိုဒကာမကြီးရဲ့ အမျိုးသားမှာ ကွယ်လွန်၍ နှစ်ရက် သုံးရက်ခန့်ကြာသောအချိန်မှစ၍ လူခြေတိတ်ပြီး အိပ်ချိန် ဖြစ်သော သန်းခေါင်ယံ အချိန်မှာ နေ့စဉ်နေ့တိုင်း မီးဖိုခန်းထဲရှိ အိုး၊ခွက်၊ ပန်းကန်များကို အသံမြည်အောင်ပြု လုပ်ကာ ခြောက်လှန့်လေ့ရှိတယ်၊ အိပ်မက်မှာလည်း စားရမဲ့ သောက်ရမဲ့ အငတ်ငတ်အပြတ်ပြတ် ဖြစ်နေ၍ ဗုဒ္ဓသာသာ ဘုန်းကြီးများကို ပင့်ဖိတ်၍ မုန့်ဟင်းခါးဆွမ်းလှူပြီး အမျှပေးဝေပါလို့ မကြာမကြာအိပ်မက်ပေးသတဲ့၊ မုန့်ဟင်းခါး မချက်တတ်ပါလို့ ပြန်ပြောရာ သူပြပေးမယ်ဟု ပြောသတဲ့၊ နောက်ပြီး ငါ ရှာထားခဲ့တာတွေကို စားသောက်နေကြပြီး ငါ့ကို မကူညီချင်ကြဘူးဟုဆိုကာ ဆူပူကြိမ်းမောင်းသတဲ့၊ ထိုကဲ့သို့ အကြိမ်ကြိမ် ခြောက် လှန့်အိပ်မက်ပေးနေလို့ ဆရာတော့်ထံ လာရောက်တာဖြစ်ကြောင်း၊ ဘယ်လိုပြုလုပ်လျှင် အကောင်းဆုံးဖြစ်နိုင်ပါ သလဲ လမ်းညွှန်ပေးစေလိုကြောင်း လျှောက်ထားကြသတဲ့၊ ဆရာတော်ကြီးကလည်း သံဃာ(၅)ပါးခန့် ပင့်ဖိတ်၍ သောက်ရေ၊ သင်္ကန်း၊ ထီး၊ဖိနပ် စသည်များကို လှူဒါန်း၍ ထိုကောင်းမှုကုသိုလ်၏ အဖို့ကို အမျှပေးဝေရန် ညွှန်ကြားပေးလိုက်တယ်။ ထိုဆရာတော်ဘုရားကြီး ညွှန်ကြားချက်အတိုင်း ပြုလုပ်ပြီးသည်မှ စ၍ ညအချိန်မတော် ခြောက်လှန့်ခြင်း၊ အိပ်မက်ပေးခြင်းမျိုး ဘယ်တော့မှ ထပ်မဖြစ်တော့ကြောင်း အဆိုပါ ဆရာတော်ကြီးမှ မိန့်ကြား ဘူးတာကို မှတ်သားခဲ့ဖူးပါတယ်။

ထိုကဲ့သော သာဓကများ ဘုရားရှင် လက်ထက်ကရော၊ အခုလက်ရှိခေတ် အနေအထားတွင်ရော များစွာရှိကြပါ

တယ်။ အတွေ့အကြုံတစ်ခုလောက်သာ တင်ပြခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သေသူအတွက် ရည်စူး၍ ကုသိုလ်ပြုလုပ်ခြင်းဟာ အစဉ်အလာပြုလုပ်ခြင်းမျိုး မဟုတ်ဘဲ အမှန်တကယ် ပြုလုပ်ရမယ့် ပြုလုပ်သင့်သော

ကုသိုလ်ကောင်းမှု လုပ်ငန်းတစ်ခုဖြစ်ပါကြောင်းတင်ခြင်းဖြစ်ပါတယ်။

ချမ်းသာကြပါစေ….။ သစ္စပါရမီ အရှင်ဇယတိဿ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP