* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 15, 2011

လဃိမာဘုန်းတော် နှင့် မဟိမာ ဘုန်းတော်

မြတ်စွာဘုရားရဲ့ ဘုန်းတော် ၆ပါးထဲမှ ပထမဆုံး ဘုန်းတော်ဖြစ်တဲ့ ဣဿရိယ ဘုန်းတော်ထဲမှာ အကျုံးဝင်တဲ့ လဃိမာဘုန်းတော် အကြောင်း ကြည်ညိုရအောင်ပါ။

ဒီဘုန်းတော်က ခေတ်စကားနဲ့ ပြောရရင် မြတ်စွာဘုရားရဲ့ လျင်မြန်နှုန်း Speed ဟာ ခုခေတ် အသံထက် မြန်နှုန်း ထက် မြန်တယ်။ စိတ်လိုပဲ မြန်တယ်။ မြတ်စွာဘုရားဟာ မိမိရောက်လိုရာ အရပ်ကို ရောက်စေလိုတဲ့ စိတ်က ပြဌာန်းလိုက်တာနဲ့ ချက်ချင်းရောက်ပြီးသား ဖြစ်သွားနိုင်တဲ့ ဘုန်းတော်ပါပဲ။

နောက် ဣဿရိယ ဘုန်းတော်ထဲမှာပဲ အကျုံးဝင်တဲ့ ဘုန်းတော်တစ်ပါးက မဟိမာဘုန်းတော် အကြောင်း ကြည်ညိုရအောင်နော်...။

မဟိမာ ဘုန်းတော်ဆိုတာက မြတ်စွာဘုရားဟာ အလိုရှိတဲ့အခါ ကိုယ်တော်ကို ပကတိအနေအထားကနေ အလွန်ကြီးမားအောင် ဖန်ဆင်းပြနိုင်တော်မူတဲ့ တန်ခိုးတော်ဖြစ်တယ်။ ဒီဘုန်းတော်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ ၀တ္တုတစ်ခုရှိတယ်...

အခါတစ်ပါးမှာ ရာဟု လို့ခေါ်တဲ့ အသူရိန်နတ်ကြီးဟာ မြတ်စွာဘုရားရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို ကြားရတဲ့အခါမှာသွားပြီး ဖူးမြော်ချင်တဲ့ ဆန္ဒဖြစ်တယ်တဲ့။ ဒါပေမဲ့ အသူရိန်ကြီးရဲက ခန္ဒာကိုယ်က အလွန်ကြီးမားတာကိုး၊ ဘယ်လောက်တောင် သူကိုယ်ကြီးက ကြီးသလဲဆိုရင် ယူဇနာရှစ်သောင်းလေးထောင် ရှိသတဲ့။ ဒါကြောင့် သူက ဘုရားကို သွားဖူးချင်ပေမယ့် လူသားဖြစ်တဲ့ ဘုရားကို ငါသွားဖူးရင် ငုံ့ပြီး ကြည့်နေရမှာပဲ ဆိုပြီး သွားမဖူးဘဲနေခဲ့သတဲ့။ သို့သော် ဘုရားရဲ့ ဂုဏ်သတင်းက အဆမတန်ကြီးမားလွန်း နေတာကြောင့် မဖူးပဲလည်း မနေနိုင်ဘူးလေ၊ သင့်ရော နေရာကပဲ ဖူးပါတော့မယ်ဆိုပြီး ဘုရားရှင်ထံမှောက်ကို သွားရောက်ခဲ့တယ်။ အဲဒီအခါ မြတ်စွာဘုရားက မဟိမာ ဘုန်းတော်နှင့် အသူရိန်ကြီးထက် ကြီးအောင် ခန္ဒာကိုယ်ကို ဖန်ဆင်းထားပြီး လျောင်းတော်မူလျက်ပဲ အဖူးမြော်ခံသတဲ့။ ခန္ဒာ ကိုယ်အလွန်ကြီးမားတဲ့ အသူရိန်ကြီးတောင်မှ တအားကုန်မော့ပြီး ဖူးရတယ်တဲ့။ ဒီလို ဖူးမြော်တာတောင် ဘုရားရှင်ရဲ့ ကိုယ်အထက်ပိုင်းကို မမြင်နိုင်ရှာဘူးတဲ့။

အဲဒါကတော့ မဟိမာ ဘုန်းတော်အကြောင်းပါ..။ ဣဿရိယဘုန်းတော်ရဲ့ သဘောက အစိုးရတဲ့ ဘုန်းတော်ပါ။ မိမိ အလိုရှိရာကို ဖြစ်စေလိုတဲ့ စိတ်ဆန္ဒတော်ရှိတဲ့အတိုင်း ရုတ်တရက် ချက်ချင်းဖြစ်စေနိုင်တဲ့ အစွမ်းသတ္တိသဘောပေါ့။

ညခင်း
တရားအစစ်အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP