အောင်မြေနန်းမှ ရေသွန်းသဘင်
အောင်မြေနန်းမှ ရေသွန်းသဘင်
ကံထွန်းသစ်
+++++++

ငြိမ်းချမ်းရာ အစနိမိတ်ပေပေါ့
စိမ်းလမ်းဖြာ မြရွက်စိပ်တွေနဲ့
အေးရိပ်သာတဲ့ ပင်ညောင်ညို။
လေအခတ်
ဖျပ်ဖျပ်မြည်သံသာနဲ့
မြချပ်လွှာ ရွက်တသင်းရယ်က
ပင်ရင်းမြေမှာစံလို့
အလင်းဖွေရှာကြံတဲ့
စိန္တေမွန် လောင်းတော်မြတ်ရဲ့
ထုပ္ပတ်ဝင် ရှေးသရောကို
ပြော တီးတိုးဆို။
ကောင်းဓလေ့
လောင်းဖြည့် နေရာမှန်တဲ့
မြေနက်သန် သည်ရိပ်ငြိမ်မှ
“ ခန္ဓာအိမ် တဏှာဆောက်သည်”ဟု
ဉာဏ်တောက်ကာ လက်သည်မြင်၍
မြိုက်ရေစင် အရှင်ရလေမှ
လောက ဖြာဝေစည်မို့
ပါရမီ ဖြည့်ကူ စွက်ရှာတဲ့
ဖွားဖက်ကယ့် ပင်ညောင်ညို
အစဉ်ပျိုဖို့ ရွယ်စူး။
ဓလေ့မသွေ
ပိုက်ပွေ့တတ် အနွယ်ပေမို့
ဆုပန်းတွေ ဝေဆာလှစ်ကာပ
ချစ်သော ဤကမ္ဘာ၌
ဘယာတွေ ခွာသွေရှဲရအောင်
အခါနွေမှာ မြန်မာတွေနွဲကြတယ်
ရင်သည်း ကြည်စရာ သဘင်ပေါ့
စောဇိရှင် အောင်သရေ လျှမ်းလေတဲ့
ဗောဓိပင် ညောင်မြေနန်း ဆီမှ
သွန်း ရေပွဲ ထူး။
( ကံထွန်းသစ် )
၁၉၈၃၊ မေလ၊ ငွေတာရီမဂ္ဂဇင်း
၁၉၈၃၊ မေလ၊ ငွေတာရီမဂ္ဂဇင်း
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
www.ashinsirinda.com
2011-ခု၊ မေလ ၁၆-ရက်၊ တနင်္လာနေ့

0 comments:
Post a Comment