* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 18, 2011

“ဗုဒ္ဓစာပေဖတ်ရှု့သူတို့ ရရှိနိုင်မည့်ကောင်းကျိုးတရားများ”



ဗုဒ္ဓစာပေကို မြတ်နိုးသူ၊ ဓမ္မအသိကို နှစ်သက်သူ၊ တိုးပွားလိုသူများ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘ၀၊ လှပတဲ့ အချိန်၊ ငြိမ်းချမ်းတဲ့ နေ့ရက်များကို ဖြစ်စေဖို့အတွက် ဗုဒ္ဓရဲ့ ဓမ္မစာပေတွေကို စာကြည့်တိုက်မှာ တစ်မျိုး၊ အင်တာနက် Websites တွေမှာတစ်သွယ်၊ စာအုပ်စာပေများမှာ တစ်ဖုံစသည်ဖြင့် ဖတ်ရှု့လေ့လာနေကြပါတယ်။ အကြောင်းတရားတိုင်းအတွက် အကျိုးတရားဆိုတာ အရိပ်ပမာ လိုက်ပါလာပြီးသားပါ။
ဒီတော့ ဗုဒ္ဓစာပေကို ဖတ်တယ်ဆိုတဲ့ အကြောင်းတရားနောက်မှာ ရရှိလာမယ့် အကျိုးတရားတွေဟာ ထပ်ကြပ်မကွာ လိုက်ပါလာမယ်ဆိုတာ အထင်အရှားပေါ့။ ဒါဆိုရင် ဗုဒ္ဓစာပေတွေကို ဖတ်ရှု့ခြင်းဖြင့် ဘယ်လိုအကျိုးတရားတွေ ရရှိနိုင်သလဲလို့ မေးစရာရှိလာတာပေါ့။ ဒီအမေးကို အဖြေပေးဖို့ ဒီစာလေး ရေးလိုက်တာပါပဲ။ ဒါပေမယ့် ဗုဒ္ဓဟောကြားခဲ့တဲ့ လောကုတ္တရာအကျိုးတရားတွေကို အရင်မပြောခင် လောကီအကျိုးတရားတွေကို နည်းနည်းလောက် ပြောကြည့်ရအောင်……………….။
တကယ်တော့ ဗုဒ္ဓစာပေတွေကို ဖတ်ခြင်းအားဖြင့် စာပေအသိ ဗဟုသုတတွေ တိုးပွားလာနိုင်ပါတယ်။ မြင့်မားတဲ့ အတွေးအခေါ်တွေ တိုးတက်လာနိုင်ပါတယ်။ စိတ်ဓာတ်တွေ ကြံ့ခိုင်မြင့်မြတ်လာနိုင်ပါတယ်။ လူအချင်းချင်း စာနာတတ်လာတယ်၊ မေတ္တာထားလာနိုင်မယ်၊ ကိုယ်ကျင့်တရားတွေ ကောင်းမွန်လာနိုင်တယ်၊ မိမိအကျိုး လောကအကျိုးဆိုတဲ့ ပရဟိတစိတ်တွေ တိုးပွားလုပ်ကိုင်လာနိုင်ပါတယ်။ ညစ်ညမ်းနေတဲ့ စိတ်တွေ၊ အမှုအရာတွေ အပြောအဆိုတွေ ကောင်းမြတ်သန့်စင်လာနိုင်ပါတယ်။ ဒါက လောကီအနေနဲ့ အကျဉ်းအားဖြင့် ရရှိနိုင်မယ့် အကျိုးတွေပါ။ တစ်ခြား အကျိုးတရားကောင်းတွေ အများကြီး ရရှိနိုင်ပါတယ်။
ဗုဒ္ဓစာပေတွေကို ဖတ်ခြင်းအားဖြင့် လောကုတ္တရာအကျိုးတရားတွေကတော့……………………..
၁။ ရတနာသုံးပါး၌ အတိုင်းမသိ ကိုင်းရှိုင်းရိုသေခြင်း။
၂။ သဒ္ဓါတရား ကြီးထွားခြင်း။
၃။ သတိအားကောင်းခြင်း။
၎။ ပညာဥာဏ်ပြန့်ပြောခြင်း။
၅။ ကောင်းမှု့တိုးပွားခြင်း။
၆။ ပီတိပါမောဇ္ဇအားကြီးခြင်း။
၇။ အကြောက်အလန့်ကင်းစင်ခြင်း။
၈။ ဆင်းရဲဒဏ်ကို ခံနိုင်ရည်ရှိခြင်း။
၉။ လူ့သဘာဝ စရိုက်ဆိုးများပယ်ဖျောက်၍ စရိုက်ကောင်းများ ဖော်ဆောင်နိုင်ခြင်း။
၁၀။ ဖတ်ရှု့နေစဉ်အတွင်း ရတနာသုံးပါး အာရုံဖြင့် တမုဟုတ်မျှ ကင်းကွာမှု့မရှိခြင်း။
၁၁။ ထိုထိုသော ပုဂ္ဂိုလ်ထူးတို့ ရရှိအပ်သော ဒါနအကျိုး၊ သီလအကျိုး၊ ဘာဝနာအကျိုးတို့ကို ရရှိခံစားလိုသော စိတ်ဓာတ်များဖြစ်ပေါ်လာပြီး မကောင်းမှု့များကို ကြဉ်ရှောင် ကောင်းမှု့ကောင်းကျိုးများကို ဆောင်လိုစိတ်များ ဖြစ်ပေါ်လာခြင်း။
၁၂။ ထိုထိုပုဂ္ဂိုလ်တို့ကဲ့သို့ ကျင့်ကြံလိုစိတ် ပွားများလာပြီး သံသရာလမ်းမှ နိဗ္ဗာန်စခန်းသို့ ရည်သန်ကျင့်ကြံလိုသော သဒ္ဓါတရားများ ပေါ်ပေါက်လာနိုင်ခြင်း။ ဆိုတဲ့ အကျိုးတရားတွေကို ဗုဒ္ဓစာပေကို ဖတ်ရှုနေတဲ့ စာဖတ်သူတို့ မလွဲမသွေရရှိနိုင်တယ်လို့ “၀ိသုဒ္ဓမဂ္ဂဌာကထာ၊ ပထမတွဲ၊” မှာ ဖွင့်ပြထားပါတယ်။
တစ်ခုချင်းရဲ့ အကျယ်အဓိပ္ပါယ်ကိုတော့ သိသာထင်ရှားနေတာကြောင့် ဥဒ္ဒေသ-အကျယ်မရေးတော့ပါဘူး။
တကယ်တော့ ဗုဒ္ဓစာပေတွေကို လေ့လာဖတ်ရှုနေစဉ်မှာ ကိလေသာကင်းစင်တော်မူတဲ့ ဗုဒ္ဓမြတ်စွာကို အာရုံပြု ကြည်ညိုနေတာဖြစ်တာကြောင့် ကိလေသာကင်းစင်တော်မူတဲ့ ဗုဒ္ဓမြတ်စွာလိုပါပဲ စာဖတ်သူတို့လည်း တဒင်္ဂအနေနဲ့ လောဘ ဒေါသ မာန ဣဿာ စတဲ့ ကိလေသာတွေ ကင်းစင်နေပါလိမ့်မယ်။
ဒီလို ကိုယ်တို့ စိတ်တို့ကို ညစ်နွမ်းပင်ပန်း ပူလောင်စေတတ်တဲ့ ကိလေသာတွေ ကင်းစင်နေတဲ့ စာဖတ်သူရဲ့ စိတ်သန္တာန်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေကို ခံစားရရှိနေမှာ သေချာပါတယ်။
(ဥယျာဉ်မှူးလေး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP