* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 23, 2011

ကဆုန်လပြည့် ဗုဒ္ဓနေ့

ယနေ့သည် ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓနေ့ အခမ်းအနားများကို ဗုဒ္ဓဘာသာများနေထိုင်ရာ ကမ္ဘာ့နေရာအနှံ့အပြား၌ ကျင်းပသည်ကို တွေ့ရသည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ယခုလို နေ့ထူးနေ့မြတ်၌ ဘုရားပွဲတော်များ၊ သံဃဒါနဆွမ်းလောင်းပွဲများ၊ ပရိတ်ပဋ္ဌာန်း စုပေါင်း ရွတ်ဆိုပွဲများ။ ညောင်ရေ သွန်းပွဲ များဖြင့် နေရာတိုင်း၌ စည်ကားနေပေမည်။ အိန္ဒိယ က ယနေ့ကို ဗုဒ္ဓပုဏ္ဏိ မာ နေ့ဟု ခေါ်သည်။ မြတ်စွာဘုရား၏ လပြည့်နေ့ဟုဆိုလိုသည်။ မြတ်စွာဘုရား ဖွားမြင်တော်မူ သော နေ့ဟု ဆိုကြသည်။ အမှန်စင်စစ် ယနေ့သည် မြတ်စွာဘုရား ဖွားမြင် တော်မူသော နေ့သည်သာ မဟုတ်သေး။ မြတ်စွာဘုရား ဗောဓိပင်နှင့် ရွှေပလ္လင်တော် ထက်တွင် သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူသော နေ့၊ နောက်ဆုံး ခန္ဓာဝန်ချတော် မူသော မဟာပရိနိဗ္ဗာန နေ့လည်း ဖြစ်သည်။

ဗိယက်နာမ်ကျောင်းသားအဖွဲ့က ဦးစီး၍ ဗုဒ္ဓနေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံ ပူနေးမြို့ ပူနေး တက္ကသိုလ် ပရိဝုဏ် အတွင်း ရှိ ဗုဒ္ဓ၀ိဟာရ၌ ဆင်ယင်ကျင်းပရာ အခမ်းအနားသို့ မြန်မာ၊ ထိုင်း၊ ဗိယက်နာမ်၊ ကိုရီယား၊ အိန္ဒိယ ရဟန်းတော်၊ သီလရှင် ကျောင်းသား ကျောင်းသူများ၊ ဒကာ ဒကာမများ တက်ရောက်ကြသည်။ အခမ်းအနားကို နံနက် ၉ နာရီတွင် ကျင်းပရာ ရှေးဦးစွာ ဘုရားကျောင်းဆောင်တွင် စုပေါင်း နေရာယူကြပြီး ဘုရားရုပ်ပွားတော်မြတ်အား အမွှေးနံ့သာ ဆီမီး ဖယောင်းများဖြင့် ပူဇော်ခြင်း။ ဗိယက်နာမ်ရဟန်းတော်၊ သီလရှင်များက မဟာယာန ထုံးတမ်းစဉ်လာနှင့်အညီ ဘုရားရှင်၏ ဂုဏ်တော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ မြန်မာရဟန်း တော်များက ထေရ၀ါဒထုံးတမ်းနှင့်အညီး အနေကဇာတင်ဂါထားများကို ရွတ်ဖတ် ပူဇော်ခြင်း များကို အသီးအသီး ဆောင်ရွက်ကြသည်။ ထို့နောက် ရဟန်းတော်များနှင့် သီလရှင်များအား လှူဘွယ် ၀တ္ထုများကို လှူဒါန်းခြင်း၊ တက်ရောက်လာသူများအား လက်ဆောင်ပစ္စည်းများ ပေးခြင်းများကို ပြုလုပ်ပြီး ဘုရားကျောင်းဆောင်တော်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် နေ့လည်စာ စားသောက်ခြင်း၊ ဆင်းရဲသူများအား ဆန်ဆီများကို ပေးကမ်းခြင်းများကို ဆောင်ရွက်ကြပြီး ဗုဒ္ဓနေ့အခမ်း အနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။ ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံ ကျောင်းသား ကျောင်းသူများ အဖွဲ့က ဦးစီး၍ ဗုဒ္ဓနေ့ အခမ်းအနားကို တက္ကသိုလ်အတွင်း ထို ဗုဒ္ဓ၀ိဟာရမှာပင် ဆင်ယင်ကျင်းပ ခဲ့ကြောင်း သိရသည်။

စာရေးသူသည် ဗုဒ္ဓပုဏ္ဏိမာပူဇော်ပွဲ ကြွရောက်ပါရန် ကုလားဘုန်းကြီးတစ်ပါး လာရောက် ပင့်ခေါ်သဖြင့် ည ၈ နာရီအချိန်တွင် မြို့တွင်း ဒါပူရီရပ်ကွက် ဘုရားကျောင်းတစ်ခုသို့ လိုက်ပါခဲ့သည်။ ဒါပူရီရပ်ကွက်သို့ ရောက်သောအခါ ဘုရားလှည့်ပွဲ မပီးသေးပေ။ ထို့ကြောင့် ဘုရားကျောင်းဆောင်မှပင် အနားယူရင်း စောင့်ဆိုင်းနေကြသည်။ မကြာမီ ဘုရားလှည့် လူဒကာ ဒကာမများ ကျောင်းဆောင်ပေါ်သို့ ရောက်လာကြပြီး စုပေါင်း နေရာယူကြသည်။ စာရေးသူက သီလပေး တရားဟော ပရိတ်ရွတ် ဆောင်ရွက်ပေးရသည်။ ပရိတ်ကြိုးများကို လက်တွင် ပတ်ပေးရသည်။ ထို့နောက် ကုလားကျွေးခန်း မွေးခန်းများကို လှည့်လည် ကြည့်ရှု ပြီး ည ၁၁ နာရီအချိန်တွင် အဆောင်သို့ ပြန်လာခဲ့သည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP