* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, March 26, 2011

အခက်အခဲများကို အောင်မြင်ကျော်လွှားနည်း (၁၃)

မူးယစ်ဆေးသုံးစွဲခြင်းနှင့် အရက်သောက်ခြင်းရဲ့ အန္တရာယ်
အရက်ကို လူသားရဲ့ ကိုယ်ကာယရော စာရိတ္တပါ ပျက်စီး နိမ့်ကျခြင်းရဲ့ အဓိကအကြောင်းတွေအနက် တစ်ခုဖြစ်တယ်လို့ ဖော်ပြပြီးကြပါပြီ။ ခုတစ်လော ပိုမို ကြောက်မက်ဖွယ်ရာကောင်းတဲ့ အလွဲသုံးစား ပြုမှုတစ်ခုကတော့ အန္တရယ်ကြီးတဲ့ မူးယစ်ဆေးသုံးစွဲခြင်းပါပဲ။ အထူးသဖြင့် ဘိန်းဖြူဟာ ဆိုးရွားတဲ့ လူသားဆိုင်ရာနှင့် လူမှုရေး ပြဿနာကို အများကြီး ဖန်တီးခဲ့ပါပြီ။ ဒီပြဿနာက အခု ကမ္ဘာအနှံ့ ဖြစ်နေပါတယ်။ မူးယစ်ဆေးသုံးစွဲခြင်းရဲ့ ဆိုးကျိုးတွေက အရက်ရဲ့ ဆိုးကျိုးတွေထက် ပိုမိုဆိုးရွားလှပြီး အသက်ဆုံးရှုံးစေနိုင်ပါတယ်။ ခိုးမှု၊ လုယက်မှု၊ လိင်ပိုင်ဆိုင်ရာ ရာဇဝတ်မှုများနှင့် ငွေအမြောက်အများ လိမ်လည်မှုတွေဟာ မူးယစ်ဆေး သုံခြင်းရဲ့ ဆိုးကျိုးတွေကြောင့် ဖြစ်နေရတာပါ။

သေမင်းတမန် ကုန်သည်များအဖြစ်နှင့်တင် မရောင့်ရဲနိုင်တဲ့ မူးယစ်ရာဇာတွေဟာ အားနည်းချိနဲ့တဲ့ အစိုးရတွေကို အကျင့်ပျက် ခြစားမှု၊ လာဘ်ပေး လာဘ်ယူမှု၊ အဖျက်အမှောင့် လုပ်ရပ်နှင့် ဗုံးနှင့် တိုက်ခိုက်ပြီး ထိန်ချုပ်းဖို့တောင် ကြိုးစားကြပါတယ်။ ပြည်သူ့ရေးရာ မူဝါဒဖြစ်ရကား အစိုးရတွေဟာ ၄င်းတို့ရဲ့ တိုင်းသူ ပြည်သားများကို မူးယစ်ဆေး သုံးစွဲခြင်းမှ ကာကွယ်ပေးရပေမည်။ သို့သော်လည်း မူးယစ်ရာဇာများကတော့ ၄င်းတို့ရဲ့ ရက်စက်ဆိုးယုတ်လှတဲ့ စီမံကိန်းများနှင့် အတူ လူ့ အဖွဲ့အစည်းရဲ့ တကယ့် အခြေခံဖြစ်တဲ့ လူ့ ဂုဏ်သိက္ခာကို ခြိမ်းခြောက်နေကြပါပြီ။ အမှားအမှန် ခွဲခြားသိတတ်တဲ့ စိတ်ရဲ့ ပြောခွင့်ရသူတွေနှင့် သူတို့တွေရဲ့ မိသားစုတွေဟာ မူးယစ်ရာဇာတွေရဲ့ ဥပဒေမဲ့ လမ်းကြောင်းကို ဖြတ်ကျော်ရဲတဲ့ အတွက်ကြောင့် အမြဲမပြတ် အသက်အန္တရာယ်နှင့် ကြုံနေရပါတယ်။

ဒီမကောင်းမှုကို လုံးဝချုပ်ငြိမ်းအောင် လုပ်ဖို့ အပြည်ပြည်ဆိုင်ရာရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိပဲ နိုင်ငံအများအပြားရဲ့ စွမ်းအားတွေနှင့် အနာဂတ်တွေကတော့ စင်စစ် အားရဖွယ်ရာ မရှိပါဘူး။ ပင်ပင်ပန်းပန်း လုပ်လို့ ရလာတဲ့ မရေမတွက်နိုင်တဲ့ ဒေါ်လာ သန်းပေါင်းများစွာကို မူးယစ်ဆေးစွဲသူတွေကို ၄င်းတို့ရဲ့ ဆိုးရွားတဲ့ အကျင့်ကို ကူညီ ဖယ်ရှားပစ်ဖို့ သုံးစွဲနေပေမယ့်လည်း ဒေါသဖြစ်စရာ ပေါ်ပင်ခေတ်စားနေတဲ့အရာကတော့ မလျှော့တမ်း ပေကပ်နေလေရဲ့။ ဘယ်နည်းလမ်းနှင့်ပဲ တတ်နိုင်သည်ဖြစ်စေ၊ ကူညီဖို့၊ အလွန်ဆိုးရွားလှတဲ့ ဒီအန္တရာယ်ကို အမြစ်ပြတ် ချေမှုန်းဖို့နှင့် ကျွန်ုပ်တို့ရဲ့ သားသမီးတွေကို မူးယစ်ဆေးဝါးနှင့် လက်တစ်ကမ်းကို မရောက်အောင် တားမြစ်ဖို့ဟာ ကျွန်ုပ်တို့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

မူယစ်ဆေးစွဲသူ သို့မဟုတ် သေသောက်ကြူး တစ်ယောက်အဖြစ် အသက်ရှင်ရတဲ့ ဘဝဟာ ဆင်းရဲဒုက္ခ ကြီးလှတဲ့ ဘဝဖြစ်ပြီး ကမ္ဘမြေပေါ်က ငရဲလည်း ဖြစ်ပါတယ်။ ထို့အပြင် စွဲနေသူကို အသေလည်း စောစေပါတယ်။

အရက်သောက်ခြင်း
အရက်သောက်ခြင်းသည်
ကျိုးကြောင်း ဆင်ခြင်ဉာဏ်ကို ထုပ်ပယ်ပစ်တတ်၏။
မှတ်ဉာဏ်ကို ဖုံးလွှမ်းနှစ်မြုပ်တတ်၏။
ဦးနှောက်ကို ဖျက်ဆီးတတ်၏။
စွမ်းအားကို ဆုတ်ယုတ်စေတတ်၏။
သွေး ဆူစေတတ်၏။
ကုစားမရနိုင်သည့် ကိုယ်တွင်း ကိုယ်ပ ဒဏ်ရာများကို ဖြစ်စေတတ်၏။

အရက်သောက်ခြင်းသည် -
ခန္ဓာကိုယ်အတွက် စုန်းမ တစ်ကောင်ဖြစ်ပြီး၊
စိတ်အတွက် နတ်ဆိုးတစ်ကောင် ဖြစ်ကာ
ပိုက်ဆံအိပ်အတွက် သူခိုးတစ်ယောက်ဖြစ်၏။
သူတောင်းစား၏ ကျိန်စာ၊
ဇနီးသည်၏ ရန်သူ
သားငယ် သမီးငယ်တို့၏ သောက၊
တိရစ္ဆာန်ကြီး၏ ပုံပန်းနှင့်
မိမိကိုယ်မိမိ အဆုံးစီရင်မှုဖြစ်၏။

သေသောက်ကြူးကား အခြားသူများ၏ ကျန်းမာရေးကို သောက်သုံးပစ်ပြီး
သူ့ကျန်းမာရေးကိုလည်း သူကိုယ်တိုင် လုယူပါသည်။

လူသားများ ဖြစ်ကြသည့်အားလျော်စွာ မကောင်းမှုနှင့် ကောင်းမှုကို ခွဲခြားတတ်ဖို့ မိမိကိုယ်ကိုယ် စောင့်စည်းမှု ရှိသင့်ပါသည်။ မူယစ်ဆေးဝါးသုံးစွဲခြင်းနှင့် အရက်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ပြီး အခြားသူများကိုလည်း ထိုကဲ့သို ဖြစ်အောင် ကူညီပါ။ ထိုသို့ လုပ်ဆောင်ခြင်းကား လူ့လောကအတွက် အကြီးဆုံးသော အကူအညီ ဖြစ်ပါလိမ့်မည်။

Ven. K. Sri Dhammananda ၏ “How to Overcome Your Difficulties” စာအုပ်ငယ်မှ “The Menace of Drug Abuse & Alcoholism” ကို ဘာသာပြန်ပါသည်။

ဘုန်းဉာဏ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP