* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, March 11, 2011

*ဘ၀*

ဘ၀ ဆိုသော
ဘ နှင့် စပြီး ၀ လုံးနဲ့ ရေးထားတဲ့
ဟောဒီ...ဘဝ
ဖြစ်ချင်တာက ဆန္ဒ ဖြစ်နေတာက ဘဝ
ဆန္ဒနဲ့ ဘ၀ တထပ်တည်းမကျ
ဟောဒီ...ဘ၀...ဘ၀..ဘဝ
လောဘ ဒေါသ မောဟ ဇာတ်ခုံပေါ်မှာ
ကံဇာတ်ဆရာ အလိုကျ ဇာတ်ကွက်လှအောင်
အငိုမျက်လုံး အပြုံးမျက်နှာနှင့်
လှလှပပ သရုပ်ပြရင်း
မီးစာလည်းကုန် ရေလည်းခမ်းတော့
ဘယ်ဆီဘယ်လမ်း မျှော်ကာမှန်းလျှက်
လျှောက်လှမ်းကြမည်နည်း...
သြော်... ဘ၀...ဘ၀...ဘ၀...
ဖြစ်သမျှ ပျက်သမျှ အနိစ္စလို့ မှတ်လျှက်
ခန္ဓာရှိသမျှ ဒီဘ၀မှာ
လောကဓံတရား ရင်ဆိုင်သွား၍
ရခဲသမျှ လူ့ဘ၀ကို
လောကအကျိုး ရွက်သယ်ပိုးလျှက်
တို့ပြည် တို့ရွာ တို့သာသနာကို
တက်သစ်စနေ၀န်း အစဉ်ထွန်းလင်းသကဲ့သို့
ကမ္ဘာတစ်လွှား ပြိုင်စံရှားအောင်
သယ်ပိုးဆောင်ရွက်လျှက် နိဂုံးကမ္ပတ်
ဘ၀ဇာတ်ကို ဒီနေရာမှာ အဆုံးသတ်လိုက်ပါသတည်း။
တောသားလေး(မြန်အောင်)
ကျွန်တော် ကဗျာ မရေးတတ်ပါဘူး။ လိုအပ်တာလေးများ ရှိရင် နားလည်ပေးကြပါရန်။
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP