* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, March 11, 2011

ခန္ဓာကိုယ်ကို ဓာတ်ကြီး ၄ ပါးဖြင့်သရုပ်ခွဲခြင်း ( သို့ ) မဟာဘုတ်ရုပ်ကြီး ( ၄၂ ) ပါး

အကျဉ်းဆောင်ပုဒ်။ ။ အာပေါ ဆယ့်နှစ်သွယ် ၊ နှစ်ဆယ် ပထ၀ီ ၊လေးလီ တေဇော ၊ ခြောက်ဝါယော ၊မှတ်လော လေးဆယ့် နှစ် ။


ပထ၀ီ ဓာတ် အမျိုးအစား (၂၀ )

ဆံပင် မွေးညှင်း ၊ ခြေသည်း လက်သည်း ၊ သွား ၊ အရေ ၊

အသား အကြော ၊ အရိုး ၊ ရိုးတွင်းခြင်းဆီ ၊ အညှိုး ၊

နှလုံး အသည်း ၊ အမြှေး ၊ အပြင် ၊ အဆုတ် ၊

အူမ ၊ အူသိမ် ၊ အစာသစ် ၊ အစာဟောင်း ၊ ဦးနှောက် ၊

ဤကောဋ္ဌာသ နှစ်ဆယ် တွင် ၊ ပထ၀ီဓာတ် လွန်ကဲ၏ ။

အာပေါဓာတ် ( ၁၂ ) ပါး

သည်းခြေ ၊ သလိပ် ၊ ပြည် သွေး ၊ ချွေး ၊ အဆီခဲ ၊

မျက်ရည် ဆီကြည် ၊ တံတွေး ၊ နှပ် ၊ အစေး ၊ ကျင်ငယ် ။

ဤဆယ့်နှစ်ပါးတွင် အာပေါဓာတ်၊ လွန်ကဲ၏ ။


တေဇော ဓာတ် ( ၄ ) ပါး

သန္တပ္ပန တေဇော = အဖျားရှိန် အပူငွေ့ ။

ဇီရဏ တေဇော = အိုမင်းရင့်ရော်စေသော အပူငွေ့ ။

ဒါဟ တေဇော = မခံသာအောင် အလွန်ပူသော အပူငွေ့ ။

ပါစက တေဇော = အစာချေသော ၀မ်းမီး အပူငွေ့ ။

ဤလေးပါးတွင် တေဇောဓာတ် လွန်ကဲ၏။


ဝါယောဓာတ် ( ၆ ) ပါး

ဥဒ္ဓင်္ဂမ ၀ါယော = အထက်သို့ ဆန်သော လေ ။

အဓောဂမ ၀ါယော = အောက်သို့ စုန်သော လေ ။

ကုစ္ဆိသယ ၀ါယော = အူ၏ပြင်ဘက် ၀မ်းတွင်းမှာ ရှိသောလေ ။

ကောဋ္ဌာသယ ၀ါယော = အူအတွင်းမှာ ရှိသော လေ ။

အင်္ဂမင်္ဂါနုသာရိ ၀ါယော = အင်္ဂါကြီးငယ်တို့၌ လျောက်နေသော လေ ။

အဿာသ ပဿာသ ၀ါယော = ထွက်သက် ၀င်သက်လေ ။

ဤခြောက်ပါးတွင် ၀ါယောဓာတ် လွန်ကဲ၏ ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP