* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, March 31, 2011

မူလပျက် သုညတ တရား(၆) မျိုး

ဦးဝိဇယ—- အရှင်ဘုရား ဉာဏ်ထက်လို့သာ အလွယ်တကူ သဘောပေါက်တာပါဘုရား။ ဒီလို သဘောပေါက်ဘို့ မလွယ်ပါဘူး။ ကိုယ့်ကိုကို သိရတာဟာ သတိပဋ္ဌာန် (၄)ပါးစလုံး ပါဝင်ပါတယ်ဘုရား။ ကာယ၊ဝေဒနာ၊စိတ္တ၊ဓမ္မ ၊ဟူသော သတိပဋ္ဌာန် (၄)ပါး။သိတာ နှင့် သိစရာဟူသော ရုပ်၊ နာမ် (၂)ပါး၊ ခန္ဓာ (၅)ပါး၊ အာယတန (၁၂)ပါး ၊ဓာတ် (၁၈)ပါး ဟူသော အားလုံးကို ပရမတ် အစစ် တွေ့မြင်ရတာပါဘုရား။ ဒီလောက်နားလည် သဘောပေါက်သွားလျှင်၊ အရှိတရား သတိထားတတ်ခြင်း ၊သတိပဋ္ဌာန် အကြောင်းကို နားလည် ပါပြီဘုရား။

ဓမ္မပီယ—- နံပါတ် (၄) ဖြစ်တဲ့ (မူလ ဓမ္မ ) ခေါ် မူလပျက် သုညတ တရား ၊ အကြောင်းကိုလည်း ဆက်ပြီးရှင်းပြတော်မူပါဘုရား။

ဦးဝိဇယ—- (မူလဓမ္မ) ခေါ် မူလပျက် သုညတ တရားဟာ (၆)မျိုး ရှိပါတယ် ဘုရား။

(၁) အ ဝိဇ္ဇာ မာန ပညတ်တရား ၏ မူလပျက် သုညတ တရား။

(၂) ဝိဇ္ဇာ မာန ပညတ် တရား ၏ မူလပျက် သုညတ တရား။

(၃) ဖြစ်ပျက် သဘောတရား ၏ မူလပျက် သုညတ တရား။

(၄) သဘော၏ အကြောင်း တရား၏ မူလပျက် သုညတ တရား။

(၅) ရှုဉာဏ်တရား၏ မူလပျက် သုညတ တရား။

(၆) ရှု ဉာဏ်အကြောင်းတရား၏ မူလပျက် သုညတ တရား။

လူ နတ်ဗြဟ္မာ၊ သတ္တဝါ၊ ခေါင်း၊ ကိုယ် ခြေ လက်၊ ရေမြေ တောတောင် ၊ လယ်ယာ ကိုင်းကျွန်းစသော (၃၁ ) ဘုံမှာရှိနေတဲ့၊ နာမည် ပညတ် စကားအားလုံးကို ( အဝိဇ္ဇမာန ပညတ်တရား) ဟုခေါ်ပါတယ်။ ထို အဝိဇ္ဇမာန ပညတ် စကားလုံးတွေဟာ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်လို့ ရအောင် ပြောထားတဲ့ စကားလုံး သက်သက် မျှသာ ဖြစ်ပါတယ်။

အတိတ် တုံးကလည်း တကယ် ကိုင်စမ်းလို့ ရအောင် မရှိခဲ့ ပါဘူး။ ပစ္စုပ္ပန်မှာလည်း ကိုင်စမ်းပြစရာတကယ် မရှိပါဘူး။ အနာဂတ်မျာလည်း ကိုင်စမ်း ပြစရာ တကယ် ရှိမလာ နိုင်ပါဘူး။ကိုင်စမ်းပြစရာမရှိ၊ ပကတိအားဖြင့် ပျက်နေပါတယ်..ဘုရား။

ဥပမာ—-လက်ကို ကိုင်ကြည့်လျှင် လက်ဆိုတာကိုမတွေ့ နိုင်ပါဘူး။ ပူတာ၊အေးတာ ၊ပျော့တာ ၊မာတာကိုပဲ တွေ့ လိုက် ရပါတယ်။ (လက်) ဆိုတာ ဟာ…..

  • အတိတ်တုံးကလည်းတကယ် မရှိခဲ့ဘူး။
  • ပစ္စုပ္ပန်မှာလည်း တကယ် မရှိခဲ့ ဘူး။
  • အနာဂတ်မှာလည်း တကယ် ရှိမလာ နိုင်ပါဘူး။

အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဟူသော ကာ လ(၃)ပါး မှာ တကယ် မရှိနိုင်တာ ကိုသိရင် ၊ (မင့် လက်က လှတယ်၊ မလှဘူး) ပြောရင်လည်း လောဘ၊ ဒေါသ မဖြစ်ပဲ၊ အေး ဆေး တည်ငြိမ်စွာ နေနိုင်ခြင်းသည် အဝိဇ္ဇာမာန ပညတ်ကို (မူလပျက်) သုည သိသောကြောင့် ဖြစ်ပါတယ် ဘုရား။

Tags:

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP