*သောတာပန်နှင့် ငါးပါးသီလ*
3/28/2011
တောသားလေး , Posted in သိမှတ်ဖွယ်ရာဓမ္မစာပေများ ,
0 Comments
ကလျာဏသူတော်ကောင်းဖြစ်သော ပုထုဇဉ်သည်လည်း ငါးပါးသီလကို လုံခြုံအောင်စောင့်သည်။ သောတာပန်အရိယာသည်လည်း ငါးပါးသီလကို လုံခြုံအောင်စောင့်သည်။ အဘယ်ကဲ့သို့ ထူးသနည်း။ ထူးပါသည်။ ကလျာဏ ပုထုဇဉ်၏ ငါးပါးသီလ လုံခြုံအောင်စောင့်ခြင်းသည် ယခုဘ၀ ကဲ့ရဲ့ခံရမှာ၊ အရှက်ကွဲ သိက္ခာကျမှာ၊ သံသရာတွင် အပါယ်ငရဲကျမှာ ကြောက်သောကြောင့် စောင့်ခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ကျုးလွန်ချင်ရဲ့သားနှင့် မကျုးလွန်မိအောင် အောင့်အီး စောင့်နေရခြင်း ဖြစ်ပါ၏။ အကယ်၍ သီလဖောက်ဖျက်သည့်အတွက် ပစ္စက္ခမှာလည်း ကဲ့ရဲ့ရှုတ်ချ၊ အပြစ်ပေးမည့်သူ မရှိဘူးဆိုလျှင်၊ သံသရာမှာလည်း အပါယ်မကျဘူးဆိုလျှင် ဧကန်မုချ ဖောက်ဖျက်မည်သာ ဖြစ်၏။
သောတာပန် အရိယာ၏ သီလစောင့်ခြင်းကား ထိုသို့မဟုတ်၊ ကျူးလွန်ချင်ပါလျက် အောင့်အီးပြီး နေရခြင်းမဟုတ်၊ ငါးပါးသီလကို ဖောက်ဖျက်ချင်သော စိတ်စေတနာပင် ပေါ်မလာတော့ခြင်း ဖြစ်၏။ ရရှိထားသော သောတာပတ္တိမဂ်စိတ်က သီလဖောက်ဖျက်ချင်သော စိတ်ဆိုး၊ စေတနာဆိုးများကို ပယ်သတ်ပစ်လိုက်သောကြောင့် ဖြစ်သည်။
မေတ္တာရှင် (ရွှေပြည်သာ)
သီလအစွမ်းအံ့မခန်း စာအုပ်မှ ကူးယူဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:
Post a Comment