အစားမက်တဲ့ ဗုဒ္ဓ
ဓာတ်ပုံ http://ramkshrestha.wordpress.com/2010/12/04/the-greedy-buddha/
အင်္ဂလန်နိုင်ငံဆိုင်ရာ သီရိလင်္ကာသံရုံးက ထိုင်း၊ မြန်မာနှင့် နီပေါတို့ကဲ့သို့သော ဗုဒ္ဓဘာသာသံတမန်များကို ဖိတ်ခေါ်ပြီး မြတ်ဗုဒ္ဓရုပ်ပွားတော်များကို စီးပွားရေးအတွက် အသုံးချနေကြခြင်းနှင့် ပတ်သက်ပြီး သောကြာနေ့က ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာသံရုံးမှ ဒေါ်သီတာအောင်၊ ထိုင်းသံရုံးမှ ဘွန်းရောက်နှင့် နီပေါသံရုံးမှ ဘူဆဲလ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာမှာ လန်ဒန်မြို့၊ ဖူဟမ်းအရပ်မှာရှိတဲ့ Greedy Buddha (အစားမက်သော ဗုဒ္ဓ) စားသောက်ဆိုင် ကိစ္စဖြစ်ပါတယ်။ ထိုစားသောက်ဆိုင်မှာ နီပေါအစားအသောက်များ ရောင်းချသော ဆိုင်ဖြစ်ပါတယ်။
အဆိုပါ အစည်းအဝေးတွင် တစ်ဦးချင်း၊ တစ်နိုင်ငံချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ အရေးယူလုပ်ဆောင်ကြဖို့ သဘောတူညီခဲ့ကြကြောင်း သီရိလင်္ကာသံမှူးက ပြောကြားခဲ့ပါတယ်။ သံတမန်များကလည်း စားသောက်ဆိုင်ပိုင်ရှင်တွေဟာ သူတို့ဆိုင်ရာ ဘာသာရေး၊ ယဉ်ကျေးမှုအဖွဲ့အစည်းများကို ကိုယ်နဲ့ဆက်စပ်ရာကိုသာ ဖော်ပြရေးသားဖို့ ပြောကြားခဲ့ကြပါတယ်။ နီပေါသံရုံးကလည်း ပြည်ပရောက်နေတဲ့ နီပေါပြည်သူများနှင့် ဘုန်းတော်ကြီးများကို ဗုဒ္ဓနာမည်ကို သုံးပြီး ဗုဒ္ဓဘာသာကို စော်ကားနှောက်ယှက်နေမှုများကို ဆန့်ကျင်ကန့်ကွက်ကြဖို့ ဆော်သြလိုက်ပါတယ်။ အခြားသံရုံးတာဝန်ခံများကိုလည်း အလားတူ ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ သီရိလင်္ကာသံရုံးက ပေးပို့တဲ့သတင်း ဖြစ်ပါတယ်။
မူရင်း သတင်းကတော့ ဒီမှာ ပါ
အနောက်နိုင်ငံသားတွေ ယဉ်ကျေးတာတို့ ဘယ်ဘာသာတွေက ယဉ်ကျေးတာတို့ ဆိုတာ ဘယ်မှာလဲ။ ဒါတွေဟာ တစ်ဦးချင်းတွေ၊ အများနဲ့မဆိုင်ဘူးလို့ ဆိုရပေမယ့် ဗုဒ္ဓဘာသာတွေဟာ ခရစ်ယာန်တွေရဲ့ ခရစ်တော်နဲ့ ပတ်သက်တဲ့ စော်ကားမော်ကားလုပ်တဲ့ စားသောက်ဆိုင်အပါအ၀င် စီးပွားရေးဆိုင်ရာတွေမှာ ယေရှုနာမည်ကို အသုံးမပြုကြဘူး။ အခု ကမ္ဘာမှာ တွေ့နေရတာက ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓပုံတော်တွေကို ကမ္ဘာ့နေရာအနှံ့မှာ စော်ကားမော်ကား ပြုလုပ်နေကြတယ်။ ကဲ ……



0 comments:
Post a Comment