အလေ့ကျပေါက်တာနဲ့ စိုက်ပျိုးတာဆိုပြီး နှစ်မျိုးရှိပါတယ်။
ကနဦးကတော့ အလေ့ကျပေါက်တာပဲ ရှိမှာပါ။
နောက် လိုအပ်၍ စိုက်ပျိုးကြပါတယ်။
မယ်တော်ကြီးဂမုန်း
အမေ လပြည့်လကွယ်နေ့တွေမှာ မယ်တော်ကြီးဂမုန်းပင်တွေကို အမွှေးနံ့သာများ ပက်ဖျန်း ပူဇော်လေ့ရှိတာ တွေ့ဖူးပါတယ်။ ပါးစပ်ကလည်း ရွတ်ပါတယ်။ ဆုတောင်းတာ ဖြစ်မှာပါ။ အမေက မသီတာကိုလည်း အဲ့ဒီလို လုပ်စေချင်ပါတယ်။ တကြိမ်နှစ်ကြိမ် လုပ်ဖူးပါတယ်။
ရွှေလာငွေလာ ဂမုန်းတဲ့...
သူငယ်ချင်းတယောက် စင်္ကာပူကနေ ယူအပ်စ်ကို အပြီးပြောင်းတော့ ငါ မြန်မာပြည်ကနေ တကူးတက သယ်လာရတာဆိုပြီး အမွေပေးခဲ့ပါတယ်။ သူပေးစက တပင်တည်းပါ။ နောက် တော်တော်ပွားလာပါတယ်။ အပင်ပွားတွေ လက်ဆောင်တဆင့် ပြန်ပေးရပါတယ်။
ဂမုန်းပင်မှာ ပန်းတွေပွင့်ရင် ငွေတွေ ပိုဝင်သလိုပဲ။ လူနဲ့ အပင်ရဲ့ ထူးဆန်းသော ဆက်သွယ်ချက်အဖြစ် ရေးလိုက်ပါတယ်။ အယုံအကြည် မရှိစေလိုပါ။
ရွှန်းမီ တဂ်လို့ ပုံနှင့်တကွဖြေပါသည်။ သူမေးတာက...
“တသက်လုံး ပျော်ချင်ရင် သစ်ပင်စိုက်ပါ ဆိုတဲ့ စကားပုံကို ယုံလား? ငါးမိနစ်ခန့် စာစီကုံးပါ”
0 comments:
Post a Comment