* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, February 8, 2011

စင်္ကြာဝဠာထဲတွင် သက်ရှိများနေထိုင်သော ကမ္ဘာအရွယ် ဂြိုဟ် ၅ ခု နာဆာမှ တွေရှိပြီ


နာဆာ သိပ္ပံပညာရှင်များက ကမ္ဘာအရွယ် ဂြိုဟ် ၅ ခု တွေ့ရှိသောကြောင့် စင်္ကြာဝဠာထဲတွင် လူသားတွေချည်း နေထိုင်တာ မဖြစ်နိုင်တော့ကြောင်း ကြေငြာလိုက်သည်။ နာဆာရဲ့ Kepler တယ်လီစကုတ် ကနေ စကြာင်္ဝဠာနဂါးငွေ့တန်းကြီးထဲမှ နေ-ကြယ်များကို ပတ်နေတဲ့ ကမ္ဘာနဲ့ ပုံစံ အရွယ်အစားတူ ဂြိုဟ် ၅ ခု တွေ့ရှိသည်ဟု ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့သည်။

ထိုဂြိုဟ် ၅ ခုမှာ ၄င်းတို့ ပတ်နေတဲ့ နေများရဲ့ ခပ်လှမ်းလှမ်း အကွာအဝေးတွင်ရှိသောကြောင့်၊ ရေနှင့် အရည်များ ရှိမှာ ဖြစ်ပြီး၊ သက်ရှိ ရှင်သန်နိုင်မည့် ဇုံနယ်နမိတ်ဖြစ်ကြောင်း ပြောဆိုသည်။ ရေနှင့် အရည်များမှာ သက်ရှိဖွဲ့စည်းဖို့ အတွက် အဓိကလိုအပ်ချက်များ ဖြစ်သည်။

နာဆာ (NASA) အာကာသလေ့လားရေးအဖွဲ့ အုပ်ချုပ်ရေးမှုး Charles Bolden က “ကျနော်တို့ မျိုးဆက်မှာကိုပဲ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ် သိပ္ပံရုပ်ရှင် ဇာတ်ကားတွေကနေ၊ လက်တွေ့ သက်ရှိတွေရှိမယ့် ဂြိုဟ်တွေကို  Kepler တယ်လီစကုတ် ကျေးဇူးကြောင့် ကနေ့ စတွေ့ကြရပြီ၊ စိတ်ကူးယာဉ်ကြည့်တာကနေ တကယ်ဖြစ်လာတာ” ဟု သတင်း ဌာနများကို ပြောခဲ့သည်။

ထို ကမ္ဘာဂြိုလ် ၅ ခုပတ်နေတဲ့ ကြယ်သဏ္ဍန် နေမင်းမှာ အလင်းနှစ် ၂၀၀၀ ကျော် သက်တမ်း ရှိပြီဖြစ်ကြောင်း Kepler တယ်လီစကုတ် သိပ္ပံပညာရှင်အဖွဲ့က တွက်ချက်ခဲ့သည်။ Kepler တယ်လီစကုတ်မှာ အားအကောင်းဆုံး မှန်ပြောင်းကြီး ဖြစ်ပြီး ယခု ဂြိုဟ်ပေါင်း ၁၂၀၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်သည်။ Kepler တယ်လီစကုတ် တာဝန်ခံ William Borucki က “ကျနော်တို့ နဂါးငွေ့တန်း Galaxy ထဲမှာရှိတဲ့ ကြယ်သဖွယ် နေတွေကို ပတ်နေတဲ့ ဂြိုဟ်တွေဟာ မရေမတွက်နိုင် အောင်ပါပဲ” ဟု ပြောသည်။

Kepler တယ်လီစကုတ်က ဂြိုဟ်တစ်ခုချင်းကို တိုက်ရိုက်မြင်ရတာတော့မဟုတ်။ ၄င်းတို့ ပတ်နေတဲ့ နေကြယ်ကြီးကိုသာ မြင်ရခြင်းဖြစ်ပြီး၊ နေကြယ်ရဲ့ ပတ်လမ်းကြောင်းများတွင် မှုန်မှုန်မွှားမွှား ရွေ့လျားနေမှုများကိုသာ မြင်ရခြင်း ဖြစ်သည်။ ၄င်း ဂြိုဟ် ၅ခု ပတ်နေသော နေကြယ်မှာ လူသားတို့ ချစ်မြတ်နိုးတဲ့ နေမင်းကြီးထက် ပိုအေးပြီး၊ အနည်းငယ် သေးသည်ဟု ဆိုသည်။

နာဆာ သုတေသနအဖွဲ့က နောက်ထပ် စူးစမ်းမှုများ ဆက်လုပ်နေသည်ဟု ဆိုသည်။ သူတို့ နောက်ထပ် တွေ့ရှိချက် တွေမှာ ထိုဂြိုဟ် ၅ခုပေါ်တွင် ဘယ်လို သက်ရှိတွေ နေထိုင်သလဲ၊ ဒုက္ခသည်တွေရှိသလား၊ ကြွေးမြီတွေရှိသလား၊ မူဘာရခ် လို သတ္က၀ါတွေ ရှိနိုင်သလား၊  အလုပ်လက်မဲ့တွေရှိ သလား၊ ကိုယ့်ကိုယ်ကို မီးရှို့သူရှိလား၊ ဆန္ဒပြသူတွေရှိသလား၊ ဆန္ဒပြရင်း အချင်းချင်း ကျောက်ခဲများနဲ့ ပစ်ပေါက်ကြသလား ဆိုတာကတော့ စိတ်ဝင်စားဖွယ် ဖြစ်သည်။

မောက္ခ သိပ္ပံသတင်း။ Source: CNN

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP