* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 7, 2011

စိတ္တသုခ ၏ ၂၀၁၁ နှစ်သစ်ကြိုပွဲ

ပြောရရင်တော့ မြန်မာတွေရဲ့ ချစ်စရာဓလေ့ပေါ့..
ချစ်ခင်ရင်းနှီးမှုဆိုတာ ဒါပါပဲ...
ဘုန်းကြီးကျောင်းမှာ ဆရာတော်မရှိဘူး..။မြန်မာပြည်ခေတ္တပြန်ကြွသွားတယ်ဆိုပေမဲ့ အစဉ်လာမပျက် ကျောင်းတော်ကြီးရဲ့ တာဝန်ဝတ္တရားတွေဖြစ်တဲ့ ဘုရားစင် မှအစ မီးဖိုချောင်အဆုံး သန့်ရှင်း သပ်ရပ်ပြီး အမြဲတမ်း ကြည်ညိုဖွယ်ရာဖြစ်အောင် ပြင်ဆင်မွမ်းမံခြင်း တာဝန်တွေကို မြန်မာပီပီဘာသာတရားအရင်းခံ စိတ်သဘောထားအမှန်နဲ့ ဝတ်မပျက် လုပ်လာလိုက်ကြတာ ဘယ်လောက်တန်ဘိုးရှိလိုက်သလဲ...။
အားတဲ့ရက် စနေ၊တနင်္ဂနွေမနားမနေ တာဝန်ကျေကြပါပေတယ်..။ ပရဟိတ စိတ်ရှိသူတွေမှာ သူ့တာဝန် ကိုယ့်တာဝန် ဆိုတာတွေမရှိပါဘူး။
ကိုယ် ကိုးကွယ်တဲ့ကျောင်း...ကိုယ်စီအသိလေးတွေနဲ့ အလိုက်တသိ လုပ်ကြတော့ အင်မတန် တန်ဘိုး ရှိတဲ့ဗုဒ္ဓဘာသာ မြန်မာတစ်ယောက် ဖြစ်ပါတယ် ဆိုတာကိုပြတာပါပဲ။
ကမ္ဘာမှာ မြန်မာတွေလောက် စိတ်သဘောထား နူးညံ့သိမ်မွေ့ ယဉ်ကျေးတာ မရှိဘူးလို့ ပြောစမတ်တွင်နေ တာအခု သက်သေတစ်ခု ထပ်ပြ ရတာပေါ့။
ကိုရီးယားရောက် မြန်မာအလုပ်သမားတွေမှာလဲ ဘာသာတရား ရိုသေကိုင်းရှိုင်းမှု။ တစ်ဦးကိုတစ်ဦး ရိုင်းပင်း ကူညီမှုတွေဟာ ဘယ်အချိန် ဘယ်နေရာပြန်ရောက်ရောက် အမှတ်ရနေစရာပါပဲ...။
အခုလဲ ၂၀၁၁ ခုနှစ် နှစ်သစ်ရဲ့ မင်္ဂလာရှိသောနေ့မှာ စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း ဒကာများ စုပေါင်း ပြီး အလှူဒါနပြုခြင်းနှင့် မိတ်ဆွေသူငယ်ချင်းများ တွေ့ဆုံပွဲလေး ပြုလုပ်ကြပါတယ်။
နှစ်သစ်မှာ ကျက်သရေမင်္ဂလာ ယူတတ်ရင် ရပါတယ်...။
အခုလိုမျိုး လုပ်ကြတာဟာလဲ...ပြောရရင် မြန်မာတွေရဲ့ ချစ်စရာဓလေ့ပေါ့...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP