* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, November 28, 2010

ဒုကၠရစရိယာဆိုတာ မိစၧာဒိ႒ိ အက်င့္လား

ဒကာ။ ။ အလောင်းတော်သိဒ္ဓတ္ထမင်းသားဟာ တောထွက်ပြီး ခြောက်နှစ်တို့ကာလပတ်လုံး ရုပ်အဆင်းတွေ ပျက်စီးကာ သေလုမတတ် ဆင်းရဲဒုက္ခအမျိုးမျိုးတွေ ခံစားပြီးတော့ ကျင့်ကြံအားထုတ်တာဟာ မှားသောအကျင့် မိစ္ဆာဒိဋ္ဌိ အလုပ်တွေသာဟု တချို့က ပြောဆိုဝေဖန်ကြတာ မှန်ပါသလား ဆရာတော်၊ စာပေက ဘယ်လိုများ လာရှိပါသလဲ။

ဆရာ။ ။ အင်း...ရုပ်အဆင်းတွေပျက် ၀မ်းဗိုက်သားက ကျောမှာကပ်ပြီး မျက်တွင်းကြီးကလည်း ချိုင့်ဝင်ကာ နံရိုးတွေအပြိုင်းအပြိုင်းထလျက် အရိုးအဆစ်တွေ ငေါ်ထွက်၍ နေသော်လည်း အစာအာဟာရ အနည်းငယ်မျှသာ စားသုံးကာ နေလေသည်၊ ၀ီရိယကို မလျှော့၊ ပိုမစားချေတဲ့။
ဤလုပ်ငန်းရပ်တို့ကား ပဓာနအလုပ် လူသာမန်တို့ ကျင့်ကြံအားထုတ်ရန် ခဲယဉ်းလှသောကြောင့် ဒုက္ကရစရိယာ အကျင့်ဟုခေါ်ဆိုသည်တဲ့။ အဲဒါ စာပေကလာတာပဲ။ ပဓာနအလုပ်ခေါ်တဲ့ မဂ်, ဖိုလ်, နိဗ္ဗာန်ရယူရေးကို ကျင့်လုပ်ရာ၌
(၁) အရေမျှသာ ကြွင်းပလေစေ၊
(၂) အကြောမျှသာ ကျန်ပလေစေ၊
(၃) အသား အသွေးတွေ ခန်းခြောက် သွားပလေစေ၊
(၄) အရိုးစုမျှသာ ကိန်းပလေစေ၊
ဤအလုပ်ကိုဖြင့် ငါအောင်မြင်အောင်ကြိုးစားတော့မည်ဆိုတဲ့ အင်္ဂါလေးပါးရှိတဲ့ ဇွဲ လုံ့လ ၀ီရိယမျိုးကိုပဓာနအလုပ် ဒုက္ကရစရိယာအကျင့်ဟုခေါ်တယ်။ အဲဒါလည်း စာပေကလာတာပဲ၊ မိစ္ဆာဒိဋ္ဌိ လို့ မဆိုပါဘူး။
အလောင်းတော်မြတ်သည် အာဟာရဓာတ် နည်းပါးလွန်း၍ ယိုင်လဲမူးမေ့ သွားခြင်းကိုမျှ အရေးမထား ဂရုမစိုက်ဘဲ ရွှေနန်းတော်ကြီးထဲ ပြန်သွားခံစံ အနားယူဖို့ကို လုံးဝ စိတ်မကူးပါချေတဲ့၊ အဲဒါတွေဟာ ကြည်ညိုစရာတွေပဲ၊ ဗုဒ္ဓ၀င်စာပေမှာလာတာ။
ဤမျှလောက်ဆင်းရဲဒုက္ခကြီးစွာရောက်နေသော်လည်း အားထုတ်မှု လျှော့ချမည်ဆိုတဲ့ စိတ်ဓာတ်ကား လုံးဝ မရှိချေတဲ့။ မဂ်, ဖိုလ်, နိဗ္ဗာန်(သဗ္ဗညုတဉာဏ်) ရရေးကိုသာ ရှေးရှုကြိုးစားလျက်ရှိသည်တဲ့၊ မိမိကိုယ်ကို သက်သာရန် အညှာပေးလိုသော အကြံအစည် စိတ်မျိုးကား မြူလောက်မျှ မဖြစ်ခဲ့ပါချေတဲ့။
အဲဒါ့ကြောင့် ဒီလိုကိစ္စလုပ်ငန်းရပ်ပဓာနကိစ္စမျိုးနဲ့စပ်ရင် သာမန်လူတယောက်သည် လက်တွေ့ကျင့်လုပ်ဖို့ စိတ်ကူးထဲမျှပင် မကူးမထည့်ဝံ့သော အလုပ်ကြီးမျိုးဖြစ်၍ ယင်းအကျင့်လုပ်ငန်းမျိုးကို (ဒုက္ကရစရိယာ) သာမန်လူတို့ ကျင့်လုပ်ဖို့ရာ ခဲယဉ်းသော အလုပ်အကျင့် ဟု ခေါ်ဆိုတယ်တဲ့။
ပဓာနအလုပ်ခေါ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရှေးရှုရှာမှီးရာ၌ မနှိုင်းစံဝံ့အောင် မဆုတ်မနစ် ကျင့်ကြံအားထုတ်တော်မူသော လုပ်ငန်းရပ်ကြီးဖြစ်၍ အဲဒီ ဒုက္ကရစရိယာအလုပ်ကို မိစ္ဆာဒိဋ္ဌိ အကျင့်မျိုးထဲမှာ သွားမထည့်ရဘူးတဲ့၊ ဆရာမရှိဘဲ နိဗ္ဗာန်တရားကို အပြင်းအထန်ရှာမှီး ကျင့်ကြံခြင်းအခိုက်မို့လို့.....
သာမည လူတန်းစားတို့ ကျင့်ကြံလုပ်ကိုင်ရန် မဖြစ်နိုင်သော ခဲယဉ်းသော အလုပ်တမျိုးမို့ (ဒုက္ကရစရိယာ) ပဓာနအလုပ်လို့သာ မှတ်ကြပေတော့၊ အဲဒါပဲ၊ မိစ္ဆာဒိဋ္ဌိ အကျင့် မဟုတ်ပါဘူး။
ဒကာ။ ။ ကျေနပ်ကြပါတယ် ဆရာတော်၊ သူအချို့က မိစ္ဆာဒိဋ္ဌိ မှားသောအကျင့်ဟု ပြောဟောကာနေကြလို့ပါ ဘုရား၊ သူတို့ အဖွဲ့ထဲလဲ ဒကာကြီးတို့ မပါဝင်ကြပါဘူး။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP