* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, November 28, 2010

ရင်ဘတ်ထဲက ပေးစာ

သူငယ်ချင်း

သတိရသကွာ။ မင်းတို့အမြင်မှာ ငါ ရေနဲငါး ဖြစ်နေပြီလားကွာ။ ငါ့မှာရှေ့တက်ဖို့က အခြေအနေ မရှိဘူးလေ။ ငါးတစ်ကောင်လိုပေါ့။ ရှေ့အထက်မှာ ရေနည်းနေရင် အထက်ကို ဆက်တက်လိုက်ရင် အဆင်းမှာ အဲ့ဒီငါးအတွက် ဘယ်လိုဖြစ်မလဲ မင်းစဉ်းစားကြည့်။ ငါဟာ အဲ့ဒီအနေအထားပါ။ အဆုပ်အဆင်း တွေထက် ရပ်နေဖို့ ကြိုးစားနေရတာနဲ့ ငါ အချိန်တွေကို ဖြုန်းတီးနေတာမဟုတ်ဘူး သူငယ်ချင်း။ မင်းမြင်စေချင်တဲ့ ငါတို့သူငယ်ချင်းတွေ မင်းပြောနေကျ တန်းတူအဆင့်အတန်းဆိုတာ ငါနားလည်တာပေါ့ သူငယ်ချင်းရာ။ မင်းကတော့ ဆက်တိုးသင့်တယ်လို့ မင်းယူဆမှာပေါ့။ မင်းလျှောက်ရမယ့်လမ်းကို ကြိုတင်ရွေးထားတာဆိုတော့ မင်းအတွက် ဟုတ်ကောင်းဟုတ်မယ် သူငယ်ချင်း။ ငါ့အတွက်ကတော့ ရှေ့တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်း နှစ်လှမ်းဆုတ်ခဲ့ရတာတွေ မင်းလည်းသိမှာပါ။ တစ်ကယ်တော့ ဘဝဆိုတာ မင်းပြောသလို သစ်နေဖို့ကို ဆက်တိုးဖို့ပဲ အရေးကြီးတာပါဆိုတာ ငါမမေ့ပါဘူး။ ဒီလောက်နဲ့ရပ်နေဖို့ဆိုတာ ဘယ်သူမှ ကိုယ့်တံခါးကို ကိုယ်ပိတ်ထားမှာမဟုတ်ဘူးဆိုတာ သူသူကိုယ်ကို နားလည်ကြမှာပါ။ အကြောင်းကြောင်းကြောင့်လို့ ကံကြမ္မာကို အလိုလို လက်ညှိုးထိုးကြတာ ဘယ်သူ့အပြစ်လဲကွာ။ အချိန်အခါနဲ့ အခြေအနေကို စောင့်ကြည့်ရမလိုပါပဲ ဟုတ်ဘူးလား။ တစ်ခါတစ်ရံ မလှုပ်သာ မလှည့်သာဘဝအနေအထားမျိုးမှာ။ ငါတို့သူငယ်ချင်းတစ်ယောက် ပြောသလိုပေါ့ စောင့်ကြည့်ရုံ သက်သက်နဲ့တော့ ဒါက ဒီလိုရှိတယ်လို့ လုပ်မပစ်ပါနဲ့တဲ့။ ဟုတ်တယ်နော် ငါတို့လည်း အဲ့ဒီလိုမျိုးတွေ ရှိခဲ့ဖူးတယ်။ ဒါကလည်း ထားခဲ့ရုံသက်သက်နဲ့တော့ အမှတ်တရမဖြစ်ခဲ့ကြပါဘူး။ အချင်းချင်း ပွင့်ပွင့် လင်းလင်းရှိဖိုဆိုတာ တစ်ကယ်လိုအပ်တဲ့ ကျင့်ထုံးတစ်နည်းပဲ။ မင်းကို ငါတို့က ခေတ်ရှေ့ပြေးလို့ သတ်မှတ်ထားတာလေ။ ကိုယ်တို့အချင်းချင်း စကားပြောလိုက်ရင် ငါတို့ ဘယ်အပေါက်က လိုက်ရ မလဲဆိုတာ ဖြစ်နေရတာ။ စာကို မင်းက တအားဖတ်တာကိုး။ မင်းရဲ့ကျေးဇူးနဲ့ ငါတို့တွေ စာတွေ ဖတ်ဖြစ်တယ်။ စာဖတ်ဖို့ ဝါသနာတွေပါလာတယ်။ စာတွေဖတ်ပြီး ရှေ့ဆက်အတွေးအခေါ်တွေကို ဆက်လက်ဆွေးနွေးကြတော့ မင်းရဲ့မျက်နှာ ပြုံးလို့။ မင်းကတွေးမှာပေါ့ ငါတို့တစ်တွေ ရှေ့ဆက်လုပ်ချင်တဲ့ အလုပ်တွေ အတွေးအခေါ်ညီညီနဲ့ လုပ်ကိုင်လို့ရပြီဆိုတာကိုပါ။ မင်းပြောနေကျ ငါတို့ အများအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ ခုတော့ ငါမှာလည်း ရှိနေပါပြီ သူငယ်ချင်း။ မင်း ဝမ်းသာတော့ မင်းရဲ့မျက်လုံးမှေးမှေးလေးနဲ့ ပြုံးနေကျ အပြုံးလေးနဲ့။ သတိရတယ်ဆိုတာ လက်တို့ပြီး ပြောရမှာ မဟုတ်ပါဘူး။ ဟုတ်တယ်နော် မင်းနဲ့ငါကြား ဖလင်တစ်ကွက်စာလောက် သတိရနေကြရင် မင်းမက်နေတဲ့ အိပ်မက်တွေ ငါမက်နေတာပါပဲ။ ဒါပဲကွာ ဆက်တွေးကြသေးတာပေါ့။


မင်းရဲ့
အဝေးက နီးနေတဲ့
သူငယ်ချင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP