* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, November 19, 2010

အဖြူရောင်နံနက်ခင်းနဲ့ အမည်းရောင်ညနေခင်းများ

တိမ်မည်းတွေအုပ်မိုးပြီး

ခိုးကြောင်ခိုးဝှက်မျက်နှာထားနဲ့
ငါ့ကို လာလာ မကြည့်နဲ့။

ကိုယ့်အတွေးအခေါ် ကိုယ့်အပြောအဆိုဟာ
လွတ်လပ်မှုကင်းရှင်းရဲ့လားလို့
ပြန်ဆန်းစစ်ရတာ ငါ့မှာအမော။

ဘယ်အတိုင်းအတာထိ
လှနေမှာလဲလို့မေးနေတာကိုပဲ
လှနေတာကိုက လှနေတာပါ။

ကြည့်တတ်သူတွေအတွက်ကတော့
ဘယ်သူ ဘာဆိုတာ
အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ
ပြောနေဖို့မလိုအပ်တော့ဘူး။

ဘုရားဇာတ်တော်ထဲမှာ တွေ့သလို
ကိုယ့်အကျိုးအတွက်
ဘယ်သူက ဘယ်လောက်ထိ ရက်စက်မှာလဲ
အများအကျိုးအတွက်
ဘယ်သူက ဘယ်လောက်ထိ သည်းခံမှာလဲ
ကဲ.......... မေးကြည့်မယ်
ငါတို့ဟာ
သူတော်ကောင်းလား?
လူယုတ်မာလား?


မှတ်ချက်။ ။ သူတော်ကောင်းယောင်ဆောင်ပြီး လူယုတ်မာတော့ မလုပ်မိပါစေနဲ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP