သူနှင့်တွေ့မှငါ့ဘဝ

သူနှင့်တွေ့မှ
ငါ့ဘ၀သည်
လှပသာယာလာခဲ့သည်။
သူနှင့်တွေ့လျှက်
ငါ့စိတ်စဉ်သည်
ကြည်လင်အေးမြရပါသည်။
ငါ့ဘ၀သည်
လှပသာယာလာခဲ့သည်။
သူနှင့်တွေ့လျှက်
ငါ့စိတ်စဉ်သည်
ကြည်လင်အေးမြရပါသည်။
သူရယ် ငါရယ်..
လောကအလယ်မှာ
ခင်မင်မြတ်နိုး
ချစ်စနိုး၍
ချစ်မိုးထန်သော်
ပြစ်မျိုးအရာ
ဝေးမကွာလိမ့်။
လောကအလယ်မှာ
ခင်မင်မြတ်နိုး
ချစ်စနိုး၍
ချစ်မိုးထန်သော်
ပြစ်မျိုးအရာ
ဝေးမကွာလိမ့်။
သူတို့ဆိုသည်ကား
အခြားအဟုတ်
ကြာကမုတ်မှ
ဖွင့်ထုတ်အပ်စွာ
မြတ်ဗုဒ္ဓ၏
“ဓမ္မ”မည်သာ
မြိုက်တရား ။ ။
~~~~~@@@~~~~~
==================
ကိုရင်လေး
(၁၁. ၅. ၂၀၁၀)
================

0 comments:
Post a Comment