* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, November 6, 2010

ဦးဝင်းသန်း၊ မအိသိင်္ဂီတို့အား ရည်စူး၍ ဒေါ်ခင်သိန်းဝင်း (မြစ်ကြီးနား) မိသားစု ကောင်းမှု

သာသနာသက္ကရာဇ် ၂၅၅၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက် သောကြာနေ့။ ၅-၁၁-၂၀၁၀။

အရုဏ်ဆွမ်း - အုန်းနို့ခေါက်ဆွဲ (သံဃာကုန်+ သီလရှင် အပါး ၁၀၀)
အလှူရှင် -ကွယ်လွန်သူ ဦးဝင်းသန်း၊ မအိသိင်္ဂီတို့အား ရည်စူး၍ မြစ်ကြီးနားမြို့နေ ဒေါ်ခင်သိန်းဝင်း မိသားစု ကောင်းမှု သီလရှင် အပါး ၁၀၀ ဘောပင်အလှူ
ဝေယျာဝစ္စဒါန
-သာမဏေများ၊
-ဦးကျော်
-မောင်စိုးလင်းအောင်

သံဃာတွေကို နံနက် ၅ နာရီ ၁၅ မိနစ်မှာ အရုဏ်ဆွမ်း စကပ်ပါတယ်။ သီလရှင်ဆရာလေးများကို နံနက် ၈ နာရီမှာ ကပ်ပါတယ်။

အုန်းနို့ခေါက်ဆွဲဆွမ်းကို သံဃာတွေ နှစ်နှစ်ခြိုက်ခြိုက် ဘုဉ်းပေးကြပါတယ်။ သံဃာတွေ ဆွမ်းကပ်ပြီးတော့ မနက် ၈ နာရီ ကြွလာမယ့် သီလရှင် ဆရာလေးတွေအတွက် ပွဲပြင်ထားချိန်မှာ ထပ်ကြွလာတဲ့ သံဃာက မကုန်သေးတော့ သံဃာသာမဏေတွေကို ဝမ်းမြောက်ဖွယ် ကပ်ပြီးရင်း ကပ်နေရတယ်။

ကော်နက်ရှင်အရမ်းဆိုးနေလို့ အလှူဓာတ်ပုံတွေကို ခုထိ မရသေးပါ။ ဓာတ်ပုံတွေ ရတာနဲ့ တင်ပေးသွားပါမယ်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP