* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, October 25, 2010

Kathina Teachers' Day - ကထိန်ဆရာများနေ့

၂၄ အောက်တိုဘာ၊ ၂၀၁၀
၅၁ကြိမ်မြောက်ကထိန်ပွဲ (Kathina Day) နှင့်
၅၁ကြိမ်မြောက်အာစရိယပူဇော်ပွဲ (Teachers' Day)
မင်္ဂလ၀ိဟာရကျောင်းတိုက် (Mangala Vihara Buddhist Temple)၊
30 Jalan Eunos, Singapore

သံဃာသုံးဆယ် ကြွရောက်ပါတယ်။ လူ ၅၀၀ ကျော်တက်ရောက်ပါတယ်။ နှစ်ခုလုံး ပွဲကြီးတွေ ဖြစ်ပါတယ်။ ပွဲကြီးတာ မဆန်းပေမယ့် ပွဲကြီးနှစ်ခုကို (တစ်မနက်ခင်း) ရှစ်နာရီအတွင်း တစ်နေရာတည်းမှာ ဆက်တိုက်လုပ်လိုက်တာ၊ သပ်သပ်ရပ်ရပ် နဲ့ ယတိပြတ်ပြီးအောင် လုပ်လိုက်ကြတာ အတုယူစရာကောင်းပါတယ်။ ဦးဆောင်ခဲ့တဲ့လူ ၂၀လောက်ရဲ့ စိတ်ဓာတ်နဲ့ စီမံခန့်ခွဲမှုစွမ်းရည်ကို လေးစားဖို့ကောင်းပါတယ်။

ကထိန်ကို ရံပုံငွေ စုတဲ့ပွဲလို့ မြင်မိပါတယ်။ ရိုးရာယဉ်ကျေးမှု နဲ့ ဘာသာရေး ထုံးတမ်းလည်း ပါတာပေါ့။ ကထိန်သင်္ကန်း အလှူခံတာကို ၀ါဆိုဦးကတည်းက စခဲ့ကြပါတယ်။ သူတို့အခေါ် Volunteerဆိုတဲ့ လုပ်အားဒါနကုသိုလ်ရှင်တွေ လုပ်ကြတာပါ။ အလှူရှင်က ၀တ္တုငွေလှူရပါတယ်။ ဂေါပက(ကော်မတီ)က သင်္ကန်းစုစည်းရှာဖွေပေးပါတယ်။ သင်္ကန်းအစုံ ၈၀၀ကျော် အလှူခံရာက ရလာတဲ့ ငွေကတော့ ဂေါပက(ကော်မတီ)ရံပုံငွေပေါ့။ ပင့်သံဃာတွေကို ဆွမ်း၊ သင်္ကန်း နဲ့ န၀ကမ္မ သင့်ရုံလှူပါတယ်။ ကျောင်းခံသံဃာကိုတော့ အထူးတလည် ဘာမှ မလှူပါဘူး။ ကျောင်းခံဖြစ်တဲ့ ကထိန်ခံကိုယ်တော်ကိုတော့ သင်္ကန်းတိစုံလှူပါတယ်။ လူရိသတ် ၅၀၀ ကျော်ကိုနေ့လယ်စာ ကျွေးပါတယ်။ နေ့လယ်စာက ၁၁နာရီမှပါ။ လူတွေ အထူးသဖြင့် သင်္ကန်းလှူတဲ့သူတွေကတော့ မနက် ၅.၃၀ အရောက်လာရပါတယ်။ အလှူရှင်နာမည်ကပ်ထားတဲ့ သင်္ကန်းတွေကို သက်ဆိုင်ရာ အလှူရှင်တွေဆီ ပေးအပ်ပြီး မနက် ၆ နာရီမှာ သင်္ကန်းတွေကိုင်ပြီး ရှင်လောင်းယူလှည့်သလို ကျောင်းကို သုံးပတ်ပတ်ကြပါတယ်။ ပတ်နေရင်း “သာဓု”ဆိုပြီး တစ်ခွန်း တစ်ခွန်း ထထအော်ကြပါသေးတယ်။ ၀မ်းသာတဲ့ သင်္ကေတ နေမှာပေါ့။ သင်္ကန်းကပ်။ ဆွမ်းကပ်။ ကထိန်ခင်း။ ပင့်သံဃာတွေ ပြန်ကြွနေတုန်း လူတွေနေ့လယ်စာ စားနေတုန်းမှာ သင်္ကန်းတွေကို ထုပ်ပိုးသိမ်းဆည်းကြပါတယ်။ မြန်မာ၊ သီရိလင်္ကာ နဲ့ ဘင်္ဂလားဒက်ရှ်မှာရှိတဲ့ သင့်တော်ရာ ကျောင်းတိုက်သံဃာတွေကို လှူဖို့ပါ။ ပြီးတာနဲ့၉.၃၀မှာ အာစရိယပူဇော်ပွဲ စပါတယ်။

အာစရိယပူဇော်ပွဲကတော့ မင်္ဂလ၀ိဟာရကျောင်းတိုက်ရဲ့ (ဓမ္မနဲ့ အဘိဓမ္မ သင်ပေးတဲ့) Dhamma Schoolက ဆရာတွေကို ပူဇော်တာပါ။ (ပစ္စုပ္ပန် နဲ့ အနာဂတ်) ကျောင်းသူကျောင်းသားတွေကို Dhamma Education (Buddhism)မှာ စိတ်ဝင်စားလာအောင် လှုံ့ဆော်တာလည်း ပါမယ် ထင်ပါတယ်။ ဂုဏ်ပြုသီချင်းတွေ တီးမှုတ် သီဆိုကြပါတယ်။ တေးသရုပ်ဖော်တွေ လုပ်ကြပါတယ်။ ဒါတွေကို တစ်လလောက်က ကြိုပြီး ပြင်ခဲ့ကြပါတယ်။ Dhamma Schoolမှာ တန်းခွဲ ခုနစ်ခု ရှိတဲ့အထဲက Junior I, Junior II, Senior I, Senior II နဲ့ Diploma Class တို့က ဂုဏ်ပြုသီချင်းတွေ ဓမ္မသီချင်းတွေ ဆိုကြပါတယ်။ Kindergarten Class နဲ့ Youth Class ပေါင်းပြီး ဗုဒ္ဓ၀င် တေးသရုပ်ဖော် လုပ်ကြပါတယ်။ ဆရာတွေကို Small Giftတွေ ပေးကြပါတယ်။ နေ့လယ် ၁နာရီမှာ ဆရာတွေ စုပေါင်းဓာတ်ပုံရိုက်ပြီး အားလုံးကို အဆုံးသတ်လိုက်ကြပါတယ်။

တစ်နာရီခွဲမှာ သုတ်သင်ရှင်းလင်းစရာရှိတာတွေ ရှင်းလင်းပြီး အားလုံး ပြန်သွားကြတော့ ကျောင်းတိုက်ဟာ ခြေရာလက်ရာမပျက် ကျန်နေခဲ့ပါတယ်။ ဒီနေ့ ဒီနေရာမှာ ဒီပွဲတွေ လုပ်ခဲ့ပါတယ်လို့ နေ့လယ် တစ်နာရီခွဲ နှစ်နာရှိလောက် ရောက်လာတဲ့ လူစိမ်းတစ်ယောက်ကို ပြောပြရင် ယုံမှာမဟုတ်ပါဘူး။ ပုံမှန်နေ့တွေနဲ့ မတူတာကို ထူးထူးခြားခြား သက်သေပြစရာဆိုလို့ ထုပ်ပိုးထားတဲ့ သင်္ကန်းပုံးတွေပဲ ရှိပါတယ်။ ကျန်တာ ဘာမှ မထူးပါဘူး။

လှူဖို့ပြင်ဆင်
လှူဖို့အဆင်သင့်
သံဃဿ ဒေမ
ပင့်သံဃာ (ညာဘက်အခြမ်း)
ကထိန်ခံကိုယ်တော်လေး
ကိုယ်တိုင်ယူစား
လူတွေစားနေတုန်း ပင့်သံဃာပြန်ကြွ
တစ်ဆင့်လှူဖို့ သင်္ကန်းတွေကို ထုပ်ပိုး
ထုပ်ပိုးပြီး လိပ်စာကပ်ပြီး
အာစရိယပူဇော်ပွဲမစမီ
“လောကမှာ ငါ အမြတ်ဆုံး” (တေးသရုပ်ဖော်)
သူအို (တေးသရုပ်ဖော်)
သူနာ (တေးသရုပ်ဖော်)
သူသေ (တေးသရုပ်ဖော်)
ရဟန်း (တေးသရုပ်ဖော်)
ပွဲပြီးမီးသေ နဂိုနေ ညောင်ရိပ်
ပုံမှန်အတိုင်း ဘုရားဖူး တစ်ယောက်စ နှစ်ယောက်စ
သန့်ရှင်းမှုဖြင့် ကူညီကြပါရန်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP