* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, October 25, 2010

“ဆားထမ်းတဲ့သူ ဆင်းနင်းခံရပြန်ပြီ”

တစ်ခါက ရွာတစ်ရွာတွင် ဇာတ်ပွဲတစ်ပွဲကလေသည်။ ရွာတို့၏ ထုံးတမ်းစဉ်လာအရ တစ်နှစ်မှ တစ်ခါသာကျင်းပလေ့ရှိသည်။ တစ်နှစ်မှ တစ်ခါသာ ကျင်းပသော တောပွဲဖြစ်သဖြင့် အလွန်အင်မတန်မှ စည်းကားလှသည်။ ပွဲခင်းတစ်ခင်းလုံးသည် အရပ်လေးမျက်နှာရွာများမှ လာကြသော ပွဲကြည့်ပရိသတ်များဖြင့် ပြည့်နေလေသည်။ ထိုပွဲကျင်းပသော ရွာမှ ဒကာတစ်ယောက်သည်လည်း ပွဲကို အလင်းပေါက်ကြည့်မည်ဆိုသော ရည်ရွယ်ချက်ဖြင့် သွားလေသည်။ သို့သော် သူသည် အရက်ကို အလွန်အင်မတန်သောက်ထားသောကြောင့်
ပွဲကို မကြည့်နိုင်ပဲ ထိုပွဲခင်းတွင်ပင် အိပ်ပျော်သွားလေသည်။နံနက်မိုးလင်း၍ ပွဲပြီးသွားသောအခါမှ သူ၏ သူငယ်ချင်းများမှ နှိုးသဖြင့် အိပ်ချင်မူတူးထလာလေသည်။ ထိုအခါ
သူသည် နောင်တရလိုက်သည်။
“အော် ငါ အရက်အသောက်များသွားသဖြင့် ပွဲမကြည့်ရလိုက်ပါလား၊ ဇာတ်ကလဲ ဘာဇာတ်ထုတ်ကသွားတယ်မသိ၊တစ်ညလုံး အိပ်ပျော်သွားတယ်၊ အိမ်ရောက်လို့ ဘာဇာတ်ထုတ်ကလဲလို့ ငါ့အမျိုးသမီးက မေးလို့ မဖြေနိုင်ရင်တော့ အအော်ခံရအုံးမယ်၊ အော် မထူးပါဘူးလေ၊ ရှေ့ကပွဲကြည့်ပရိသတ်တွေနောက်လိုက်ပြီး နားထောင်အုံးမှ၊”ဟူ၍ပင်ဖြစ်သည်။ သူသည် အိပ်ချင်မူးတူးနှင့် ရှေ့လူများပြောသွားသည်ကို မှတ်သားလိုက်သည်။ အိမ်ရောက်သောအခါ သူ၏ ဇနီးဖြစ်သူက
“တော် ညက ပွဲသွားကြည့်တယ်၊ ဘာဇာတ်ထုတ်များကလဲ၊”ဟုမေးလေသည်။ ထိုအခါ အမျိုးသားဖြစ်သူက
“အေး ဇာတ်ထုတ်နာမည်ကတော့ ဆားထမ်းတဲ့သူ ဆင်နင်းသွားလို့တဲ့”ဟု ဖြေကြားလိုက်သောအခါ
“တော့ဇာတ်ထုတ်နာမည်ကလဲ ဟုတ်ကောဟုတ်ရဲ့လဲ၊ဆားထမ်းတဲ့သူ ဆင်နင်းသွားလို့တဲ့၊ ကြား မကြားဖူးပါဘူးတော်၊ တော် တစ်ခုခုတော့ မှားနေပြီထင်တယ်”ဟု အတွန့်တက်သောအခါ
“ငါတစ်ညလုံးအိပ်ရေးအပျက်ခံပြီး ကြည့်လာတာပါဟ”ဟု ဆိုလာသဖြင့် ဇနီးဖြစ်သူသည်
“အော် ဟုတ်မှာပါလေ”ဟု စဉ်းစားကာ ဆိတ်ဆိတ်နေလိုက်လေသည်။
မှတ်ချက် အမူးသမားရှေ့မှ ပွဲကြည့်ပရိသတ်များပြောသွားသော ဇာတ်ထုတ်၏ အမည်မှန်သည်ကား ”ဆဒ္ဒန်ဆင်မင်းဇာတ်”ဟူ၍ပင်ဖြစ်သတည်း။
“အော် အမူးသမားရယ် ကြားလဲ ကြားတတ်ပါပေ၊ ဆားထမ်းတဲ့သူ ဆင်းနင်းသွားလို့တဲ့”
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP