* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, October 25, 2010

ကံအျပား (၁၆)ပါး…

ကိစ္စအစွမ်းအားဖြင့် ကံ (၄) မျိုး
(၁) ဇနကကံ - ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ကိုယ်တိုင် ဖြစ်စေတတ်သော ကံ။
(၂) ဥပတ္ထမ္ဘကကံ - ဇနကကံကို အထောက်အပံ့ ပြုသောကံ။
(၃) ဥပပီဠကကံ - ဇနက ကံ၏ အကျိုးကို အားနည်းအောင် ဖိနှိပ်တတ်သော ကံ။
(၄) ဥပဃာတကကံ - ဇနကကံ အကျိုးပေးထားသော ၀ိပါက် နာမက္ခန္ဓာနှင့် ကဋတ္တာရုပ် အစဉ်ကို ဖြတ်တတ်သော ကံ။

အကျိုးပေးသော အလှည့်အကြိမ်အားဖြင့် ကံ(၄) မျိုး
(၁) ဂရုကကံ - စုတိပြီး အခြားမဲ့၌ အကျိုးပေးမြဲဖြစ်သော အလွန်အားကြီးသည့် ကံ။
(၂) အာသန္နကံ - စုတိခါနီး လောလောဆယ်၌ ပြုအပ်သော ကံ သို့မဟုတ် ရှေးကပြုခဲ့ပြီး၍ သေခါနီး၌ အောက်မေ့အပ်သော ကုသိုလ်၊ အကုသိုလ် ကံ။
(၃) အာစိဏ္ဏကံ - အမြဲမပြတ် လေ့လာပြုလုပ်အပ်သော ကုသိုလ်၊ အကုသိုလ်ကံ၊ တစ်ကြိမ် ပြုလုပ်ပြီးနောက် အမြဲမပြတ် ဆင်ခြင်အောက်မေ့အပ်သော ကံ။
(၄) ကဋတ္တာကံ - အထက်ပါ ကံသုံးပါးအဖြစ်သို့ မရောက်တတ်ဘဲ သာမန်ပြုလုပ်အပ်သော ကံ။

အကျိုးပေးရာ ကာလအားဖြင့် ကံ (၄) မျိုး
(၁) ဒိဋ္ဌဓမ္မဝေဒနိယကံ -
ယခုမျက်မှောက်မှာပင် အကျိုးပေးသော ပထမဇော စေတနာ ကံ။
(၂) ဥပပဇ္ဇဝေဒနိယကံ - ဒုတိယဘ၀၌ အကျိုးပေးသော သတ္တမဇော စေတနာ ကံ။
(၃) အပရာပရိယဝေဒနိယကံ - မျက်မှောက်ဘ၀နှင့် ဒုတိယဘ၀တို့မှ တစ်ပါး တတိယဘ၀မှ စ၍ အနာဂတ် နိဗ္ဗာန် ရသည့် ဘ၀တိုင်အောင် အကျိုးပေးတတ်သော အလယ်ဇော ငါးချက် စေတနာ ကံ။
(၄) အဟောသိကံ - အထက်ပါ သက်ဆိုင်ရာ ကာလများတွင် အကျိုးပေးရန် အခွင့်အခါ မရကြလျှင် ထိုကံတို့သည် ဟောသိကံ ဖြစ်သွားရသည်။

အကျိုးပေးရာ ဘုံဌာနအားဖြင့် ကံ (၄) မျိုး
(၁) အကုသိုလ်ကံ - အပါယ်လေးဘုံ၌ ပဋိသန္ဓေနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသော ကံ။
(၂) ကာမကုသိုလ်ကံ - ကာမသုဂတိ ၇-ဘုံ၌ ပဋိသန္ဓေနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသော ကံ။
(၃) ရူပါဝစရကုသိုလ်ကံ - ရူပဗြဟ္မာ ၁၆-ဘုံ၌ ပဋိသန္ဓေနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသော ကံ။
(၄) အရူပါဝစရကုသိုလ်ကံ - အရူပဗြဟ္မာ ၄-ဘုံ၌ ပဋိသန္ဓေနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသော ကံ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP