* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 27, 2010

တာဒိဂုဏ်ဆိုတာ ဘာတွေလဲ

ဒကာ။ ။ မြတ်စွာဘုရားသခင်အား ချီးကျူးပူဇော်စကားပြောကြားတဲ့အခါ တာဒိဂုဏ်နဲ့ ပြည့်စုံတော်မူသောဘုရား၊ တာဒိလက္ခဏာနဲ့ ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားဟု ပါရှိသော်လည်း တာဒိဂုဏ်နဲ့ တာဒိလက္ခဏာကို သေချာစွာ မသိကြ၍ ရှင်းပြပေးပါဦး ဆရာတော်။

ဆရာ။ ။ အင်း… တာဒိဂုဏ် အင်္ဂါလက္ခဏာတော်နဲ့ စပ်ပြီး မဟာနိဒ္ဒေသပါဠိတော် ၈၈-၃၆၅-တို့၌ အင်္ဂါလက္ခဏာ ငါးပါးနဲ့ လာရှိတာ တွေ့ရတယ်၊ အကျယ်-အဲဒီမှာ ကြည့်ကြပေတော့။
(၁) ကောင်းသော မကောင်းသော လောကဓံတရားရှစ်ပါးတို့နဲ့ တွေ့ကြုံတဲ့ အခါ ကိုယ်တော်မြတ်၏ စိတ်သည် နိမ့်တုံမြင့်တုံမရှိ ပကတိညီမျှလျက်သာ တည်နေ၏ တဲ့။
(၂) ထောင့်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်စွာ စွန့်လွှတ်ပြီး ဖြစ်၏ တဲ့။
(၃) သြဃလေးဖြာ သံသရာ ရေအလျဉ်ကို လွန်မြောက်စွာ ကူးခတ်ပြီး ဖြစ်၏ တဲ့။
(၄) ရာဂစသော မီးတစ်ဆယ့်တပါးတို့မှ ငြိမ်းချမ်းအေးမြပြီးသူဖြစ်၏ တဲ့။
(၅) သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ စသော ဂုဏ်အပေါင်းတို့ဖြင့် ထုတ်ပြပြောဆို ချီးမွမ်း၍ မကုန်နိုင်အောင်သော ဂုဏ်တော် ကျေးဇူးတော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော အတုမရှိ ပုဂ္ဂိုလ်မြတ် ဖြစ်၏ တဲ့။
ကဲ…အဲဒါတွေဟာ တာဒိဂုဏ်တော်၏ လက္ခဏာတွေပါပဲ၊ အဲဒီ ဂုဏ်တော်တွေကို ထုတ်ဆိုထုတ်ဆိုကာ ရှိခိုးကြတာ ဖြစ်တယ်။
ဒကာ။ ။ မှန်ပါ့၊ ခုမှပဲ ရှင်းရှင်းလင်းလင်း သိရတော့တယ် ဘုရား၊ ယခုလို သိရတာ ၀မ်းသာလှပါတယ် ဆရာတော်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP