* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 27, 2010

နမော ၀ိဘဇ္ဇ၀ါဒိနော အနန္တဇိနဿ

နမော ၀ိဘဇ္ဇ၀ါဒိနော အနန္တဇိနဿ
နမော ၀ိဘဇ္ဇ၀ါဒိနော အနန္တဇိနဿ
နမော ၀ိဘဇ္ဇ၀ါဒိနော အနန္တဇိနဿ

ဝိဘဇ္ဇ၀ါဒိနော = အကြောင်းအကျိုး အကာင်းအဆိုး မှန်သမျှကို ခွဲခြမ်း ဝေဖန်လေ့ရှိသော ၀ိဘဇ္ဇ၀ါဒီဖြစ်တော်မူသော
အနန္တဇိနဿ = ယုတ်မာသော တရားတို့ကို အတိုင်းမသိ အကြွင်းမရှိ အောင်မြင်တော်မူသော
သဗ္ဗညု ဗုဒ္ဓအား
အမှာကံ = ဘုရားတပည့်တော်တို့၏
နမော = ကာယ ၀စီ မနော ချီလျက် အဉ္ဇလီ ညွှတ်ရုံး လက်စုံမိုး၍ ရှိခိုးရခြင်းသည်
အတ္ထု = ကောင်းစွာ မသွေ ဖြစ်ပါစေသတည်း။ ။
ှိ
ဘုရားရှိခိုး အသံဖိုင်




ဒီဘုရားရှိခိုးလေး ရွတ်ဖတ်ခြင်းဖြင့်လည်း ဘုရားဂုဏ်တော် ပွားများနိုင်ပါတယ်။

ဝိဘဇ္ဇ၀ါဒိနော နှင့် အနန္တဇိနဿ တို့ဟာ မြတ်ဗုဒ္ဓ ရဲ့ ဂုဏ်ပုဒ်များဖြစ်ပါတယ်။
ဝိဘဇ္ဇ၀ါဒိနော ဆိုတာ အရာရာကို ဝေဖန်လေ့ရှိသော စီစစ်လေ့ ရှိသော လို့ အဓိပ္ပါယ်ရပါတယ်။

အနန္တဇိန ဆိုတဲ့ ဂုဏ်ပုဒ်ကတော့ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဓမ္မစကြာ တရားဦး ဟောဖို့ရန် ကြွတော်မူခဲ့စဉ်အခါက..
လမ်းခုလတ် တနေရာမှာ ဥပကတက္ကတွန်း နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုသို့ တွေ့ဆုံစဉ်အခါက..
ကိုယ်တော်မြတ်ကိုယ်တိုင် အခုလို ကြွေးကြော်ခဲ့ပါတယ်….

မာဒိသာ ဝေ ဇိနာ ဟောန္တိ၊ ယေ ပတ္တာ အာသ၀က္ခယံ။
ဇိတာ မေ ပါပကာ ဓမ္မာ၊ တသ္မာဟမုပက ဇိနော။

အဓိပ္ပါယ်မှာ…

ငါကဲ့သို့သော အကြင်သူတို့သည် အာသဝေါကိလေသာ ကုန်ခြင်းသို့ ရောက်ကုန်၏။
ငါကဲ့သို့သော ထိုသူတို့သည် ဇိန မည်ကြပေ၏။
ငါသည် ယုတ်မာသော အကုသိုလ် ကိလေသာတရားတို့ကို အောင်နိုင်အပ်ကုန်ပြီ။
ထိုသို့ အကုသိုလ် ကိလေသာ ဟူသမျှတို့ကို အောင်နိုင်ပြီး ဖြစ်သောကြောင့်
ငါသည် ဇိန မည်ပါသည်။ ။

(မဟာစည်ဆရာတော်ဘုရာကြီး - ဓမ္မစကြာတရားတော် ပ၊ စာ-၂၅)

မြတ်ဗုဒ္ဓ မိန့်ကြား ကြွေးကြော်ခဲ့သော ထိုစကားတော်အရ…အနန္တဇိနဿ ဂုဏ်ပုဒ်ကို ရွတ်ဆိုခြင်းဖြစ်ပါတယ်။

သီတဂူဆရာတော်ဘုရားကြီး၏ ဗုဒ္ဓဘာသာ အခြေခံတရားတော် မှ ဘုရားရှိခိုးဖြစ်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP