ဓမ္မဒါန
ရှးဦးစွာမေတ္တာမပို့ထိုက်သူ ပုဂ္ဂိုလ်(၆)ဦး
မေတ္တာကမ္မဌာန်း မစီးဖြန်းခင် ရှေးဦးစွာမေတ္တာမပို့ထိုက်သောပုဂ္ဂိုလ်(၆)ဦးကို
ပိုင်းခြားသိထားသင့်ပေသည်။
(၁)မချစ်ခင်သောသူ-မချစ်ခင် မနှစ်သက်သောသူအပေါ်တွင် ချစ်ခင်သောစိတ်ထားရန်
ရုတ်တရက် မရနိုင်သည့်အတွက် မေတ္တာစိတ်ဓါတ် မသက်ရောက်နိုင်ပေ။
(၂)အလွန်အမင်းချစ်ခင်သောသူ-အလွန်အမင်း ချစ်ခင်သူအပေါ် အများနှင့် တန်းတူ
မေတ္တာထားပါက စိတ်ပင်ပန်းစိုးရိမ်သောကဖြစ်တတ်၍မေတ္တာဓါတ်မစူးရှနိုင်ပေ။
(၃)ချစ်လဲမချစ် မုန်းလဲမမုန်းသူ-မချစ်မမုန်းသူကိုလွယ်ကူစွာ မေတ္တာဓါတ်မထားနိုင်၊
မစူးရှနိုင်ဘဲ ကိုယ်စိတ်ပင်ပန်းတတ်၍ ဦးစွာမေတ္တာမပွား၊မပို့ထိုက်ပေ။
(၄)မိမိရန်သူ-မိမိရန်သူအပေါ် မေတ္တာထားနိုင်ရန် မလွယ်ကူပေ။မေတ္တာစိတ်မဖြစ်ဘဲ အမျက်ဒေါသဖြစ်တတ်၍ ဦးစွာမေတ္တာမပို့အပ်ပေ။
(၅)လိင်သဘာဝအသွင်မတူသူ-
(က)ယောင်္ကျားကမိန်းမသို့  သီးခြား၍ မေတ္တာမပို့အပ်။
( ခ )မိန်းမကယောင်္ကျားသို့ သီးခြား၍ မေတ္တာမပို့အပ်။
အဘယ်ကြောင့်ဆိုသော် လိင်သဘာဝမတူသူကို သီးသန့်အာရုံပြုသဖြင့် ကာမ၊
ရာဂ စိတ်ဘက်သို့ ယိမ်းယိုင်သွားနိုင်သဖြင့် မှားယွင်းသော မေတ္တာ(မေတ္တာတု)
ဖြစ်နိုင်ပါသည်။
(၆)သေလွန်၍ ဘ၀တစ်ပါးပြောင်းသွားသောသူ-သေပြီးသောသူကို အာရုံပြု၍မေတ္တာပို့ခြင်းဖြင့်
မည်သည့်အကျိုးသက်ရောက်မှုကိုမှ မရရှိနိုင်သဖြင့် မေတ္တာမပို့သင့်ပေ။
ဓမ္မဒါန။ ။သန့်ဝေယံ(မောင်ဒါန)

0 comments:
Post a Comment