* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, February 18, 2010

Quotes

True religion is real living; living with all one's soul, with all one's goodness and righteousness.
Albert Einstein:

Only a life lived for others is a life worthwhile.
Alice Walker

Expect nothing, live frugally on surprise.
Baruch Spinoza

What everyone wants from life is continuous and genuine happiness.
Bertrand Russell

The good life is inspired by love and guided by knowledge.
Buddha:
If we could see the miracle of a single flower clearly, our whole life would change.
Carl Sandburg

Life is like an onion: You peel it off one layer at a time, and sometimes you weep.
Chinese proverb

When you have only two pennies left in the world, buy a loaf of bread with one, and a lily with the other.
Franklin P. Jones
Credit: mmcyber
Credit: mmcyber

နှမြှောတသ


ညကအဖြစ်အပျက်ကတော့ ပြောမပြောချင်ဘူး၊ ပွဲက မထင်မှတ်ဘဲ ကြမ်းသွားတယ်။
မကြမ်းခံနိုင်ရိုးလား၊ မင်းပေါင်းကစုံတယ်လေ။
အဲဒီလက်ဖက်ရည်ဆိုင်ကလည်း နတ်ကိုကြီးတယ်။
တစ်ပတ်တစ်ခေါက်လောက်ကိုမှ မရောက်ရရင် နေလို့ထိုင်လို့ကို မကောင်းတာ။
တခြား ဗာဟီရကိစ္စနဲ့ မြို့ထဲထွက်လည်း အဲဒီ လက်ဖက်ရည်ဆိင်လေးကိုတော့ ၀င်ဖြစ်အောင် ၀င်တယ်။
အပေါင်းအသင်းတွေ ရေးဖေါ်ရေးဘက်တွေနဲ့ ပေါကကရလေးဆယ်ပြောပြီးမှ အိမ်ပြန်တယ်။
အကြောင်းအပေါင်းသင့်ရင်တော့ ၄၂လမ်းလည်းရောက်ရဲ့။ ပုဇွန်တောင်လည်းရောက်ရဲ့။
........... ရောက်ရဲ့။
မနေ့ကတော့ ၁၂နာရီလောက်တည်းက အဖွဲ့တွေရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာကြတယ်။
အဦးဆုံးရောက်လာသူက မဂ္ဂဇင်းတစ်စောင်ကို တာဝန်ခံထုတ်ဝေနေတဲ့ အယ်ဒီတာ။
အပေါင်းအသင်း အင်မတန်မင်တဲ့လူ။ အဖော်ကောင်းလို့ကတော့ ဘာကိုမှ ငြင်းရကောင်းမှန်းမသိတဲ့လူ။ လူကသာ ဆံပင်တွင်မက မျက်ခုံးမွေးပါဖြူနေတာ။
တရားလေးထိုင်လို့ ဘုရားလေးသွားလို့ ရှိမလားမှတ်တယ်။
အသက်မှ အားမနာ အရက်ဆိုရှေ့ဆုံးက။ အရက်ဆိုတဲ့ အသံသာကြားပစေ ကိစ္စအားလုံးကို မေ့တဲ့လူ။
နောက်တစ်အောင့်လောက်ကြာတော့ အောင်မောင်းရောက်လာတယ်။
သူလည်းအခုတစ်လော စီးပွားရေးမဂ္ဂဇင်းတစ်စောင်မှာ ဟိုဟာသည်ဟာ ရေးရင်း
လည်ပင်းမှာ ဆွဲကြိုး တ၀င်းဝင်းနဲ့ ဖြစ်နေတဲ့သူ။
သူကလည်း အရက်ဆို ဘီယာထက် မပိုတဲ့သူ။ ဘီအီးဆို ပက်စီလေးနဲ့မှ မျိုကျတဲ့သူ။
ခုတော့လည်း ဘီအီးရော တောရော ကော်နီရော စုံနေပါပြီ။
သူကရောက်ရောက်ချင်း ပွဲဖြစ်မယ်ဆိုရင် ငွေတစ်ရာမတည် ရင်းနှီးမယ်လို့ တရားဝင် ကြေညာလာတယ်။
ဟော လာပြန်ပြီ နောက်တစ်ယောက်။
လွယ်အိတ်ကိုဒူးဆစ်အောက် ရောက်နေသလို ဆံပင်က ဂုတ်အောက်ရောက်နေတဲ့ထုတ်ဝေသူ ကိုကြင်။ သူကလည်း လူပုသလောက် သောက်ကြောရှည်တဲ့လူ။
သူကလည်း ဒီလူအုပ်ကို မြင်ကတည်းက ဟီဟိ ဟီဟိ ဖြစ်နေပြီ။
ချိန်းထားရင် လွဲချင်လွဲဦးမယ်။ ပန်းချီဆရာရယ်လို့ မပြောရဘူး၊
ကြော့ကြော့ကော့ကော့လေးနေတတ်တဲ့ ပန်းချီဆရာ မြိုင်မောင်ကျော်ကလည်း
စက၊်ကြီးချိုင်းကြားညှပ်ပြီး ကျုပ်တို့ဝိုင်းကို ရောက်လာတယ်။
သူကလည်း တစ်ပက် တစ်ပက်နဲ့ ခနွဲနဲ့ပက်ရမဲ့သူ၊ သူခုတော့ အရက်ကို အဓိဌာန်ထားတယ် ပြောတယ်။ တစ်ညနေမှာ သုံးဆိုင်ထက်ပိုမပြောင်းတော့ဘူးလို့ အဓိဌာန်ထားတယ် ကြားတယ်။
ကဲ ... ဒါလောက်လူစုံနေမှတော့ ဘာပြောစရာလိုသေးလဲ၊
တစ်ယောက်မေး တစ်ယောက်ငေါ့လိုက်ကြရုံနဲ့ အထာကပေါက်နေပြီ။
နေညိုရင် ရွှေဘိုကို လွမ်းတယ်လို့ တစ်ယောက်က ညည်းရုံရှိသေး
ခြေလှမ်းတွေက ဦးတည်နေပြီ။ အရက်ဆိုင်ကို ...။
ဒီတစ်ခါတော့ အများသဘောတူညီမှုအရ ဆိုင်ပြောင်းကြမယ်။
ဘယ့်နှယ် တစ်ခါလာ အရက်ဖြူ၊ တစ်ခါလာ အရောင်မပါတဲ့အရက်။
တစ်ခါတစ်လေတော့လည်း အရက်ကို အရောင်လေးဘာလေးနဲ့ သောက်ချင်တာပေါ့။
တစ်ခါလာ ကန်စွန်းရွက်။ ကျုပ်ပြောရဲတယ်။
ကျုပ်တို့ဗိုက်တွေ ဓါတ်မှန်ရိုက်ကြည့်ရင် ကန်စွန်းခင်းကြီးတွေ့လိမ့်မယ်ထင်တယ်။
အောင်မောင်းကလည်း ရန်ပုံငွေအဖြစ် ငွေတစ်ရာ မ တည်မယ်လို့ ပြောထြားပြီးပြီ။
ကျုပ်မှာလည်း မဂ္ဂဇင်းတိုက်က ထုတ်လာတဲ့ ၀တ္ထုတို စာမူခလေးက ပူပူနွေးနွေးလေးရယ် .....
မိန်းမ မသိအောင် ပေးထားတဲ့စာမူမို့ ဒီစာမူခက ကျုပ်ကြိုက်သလို လုပ်ခွင့်လည်း ရှိနေပြန်တယ်။
ထုတ်ဝေသူကိုကြင်ကလည်း ပါတာသာထုတ်၊ လိုတာသူစိုက်မယ်လို့ ရေလျှံတဲ့လေသံနဲ့
အခြေအနေကို ဖန်တီးနေပြန်တယ်။ မြိုင်မောင်ကျော် ကလည်း ဘယ်ငြင်းမှာတုန်း။ ဟဲဟဲ .. ဟဲဟဲနဲ့။
အဖုံးတစ်ဖုံး နှစ်ထောင်သုံးထောင် ပက်ခနဲရနေသူပဲ။
သူကလည်း ရာသီဥတုက တို့ဘက်မှာရှိတယ် လုပ်နေပြီ။ ဆိုပါတော့ ....။
ဒီလိုနဲ့ ကျုပ်တို့ ငရဲလားမဲ့အဖွဲ့ ဆူးလေဘုရားလမ်းက စားသောက်ဆိုင်တစ်ဆိုင်ကို ချီတက်လာတယ်။
ဝိုင်းမိတယ်ဆိုရင်ပဲ ရမ်တစ်လုံး၊ ၀က်နံရိုးကြော်တစ်ပွဲ၊ ငါးရှဥ့်ခြောက်စပ်တစ်ပွဲ မှာလိုက်တယ်။ စားသောက်ဆိုင် ထုံးစံအတိုင်း အမြည်းအရင် အရက်နဲ့ ဆော်ဒါ၊ ရေခဲတို့က ရောက်လာတယ်။
အရက်မြင်ရင် ဟက်ဟက် ဟက်ဟက် ဖြစ်နေတဲ့ ကိုခင်မောင်မိတ်က ပုလင်းယူပြီး လှုပ်ကြည့်တယ်။
အလင်းရောင်မှာ ထောင်ပြီး အမြုပ်ကို ကြည့်တယ်။ အရောင်ကို ကြည့်တယ်။
ပုလင်းအဖုံးကို စိန်ပွဲစားများ စိန်ကြည့်သလို ကြည့်တယ်။
အမှန်တော့ ဒီလိုလုပ်ကြည့်လို့လည်း ဘာသိနိုင်တာ မဟုတ်ပါဘူး။
အထင်ကြီးအောင် လူတတ်ကြီးလုပ်ပြီး ပုလင်းကို လှုပ်လိုက်ခါလိုက်
လုပ်နေပေမဲ့ စစ်တယ် မစစ်ဘူး သူလည်း ပြောနိုင်တာမဟုတ်ဘူး။
ပုလင်းအဖုံးကို လှည့်ဖွင့်တယ်။ မရဘူး။ အောင်မောင်းကလည်း ငတ်လှပြီ။
ပေးစမ်းပါဆိုပြီး သူ့လက်ကြမ်းကြီးနဲ့လှည့်ဖွင့်တယ်။ မရဘူး။
နောက်ဆုံး စားပွဲထိုးကောင်းလေးက နောက်ဖေးယူသွားပြီး ဓါးပါးလေးနဲ့ ကလော်ဖွင့်မှ ပွင့်တော့တယ်။
ပုလင်းပွင့်သွားတော့ နွားငတ်ရေကျ ဖြစ်နေတဲ့ ကိုခင်မောင်မိတ်က ဖန်ခွက်ထဲ
လက်တစ်လုံးထည့်ပြီး ကောက်မော့ကြည့်တယ်။
အားကျမခံ အောင်မောင်းကလည်း ဖန်ခွက်ထဲ လက်နှစ်လုံးထည့်ပြိး ရေခဲနဲ့ ဆော်ဒါ အချိုးကျ ရောစပ်တယ်။ ကိုခင်မောင်မိတ်က ဖန်ခွက်ကို စားပွဲပေါ်ပြန်ချပြီး မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့
အရက်ကို စူးစမ်းနေတယ်။ ဘယ်နှယ်လဲဆိုတဲ့ အကြည့်နဲ့ ၀ိုင်းကြည့်တော့
အင်း ... မဆိုးပါဘူးတဲ့။
အောင်မောင်းကလည်း ဖန်ခွက်ထဲက အရက်ကို နှစ်စုပ်လောက်စုပ်ပြီး
အင်းနည်းနည်းတော့ ပျော့တယ်ထင်တယ်တဲ့။
သူတို့အဖြေတွေ အားမရတော့ ကျုပ်လည်း ကျုပ်တို့ ရှေ့က ကျေးဇူးရှင် အသောက်သင်ဆရာတွေ
လုပ်သလို ပုလင်းထဲကို လက်ညှိုးထည့်ပြိးတော့ နှုတ်ခမ်းကို ဆွတ်ကြည့်တယ်။
ဘယ်လိုလဲဆိုတော့ ကျုပ်လည်း မပြောတတ်ဘူး။ စစ်သလား မသိဘူးကွဆိုတဲ့ မရေမရာ
အဖြေကြီးပဲ ပေးနိုင်တယ်။ ဟုတ်တယ်။ ကျုပ်တို့ လျှာတွေလည်း ပျက်နေပြီနဲ့တူတယ်။
အဖြူသောက်လိုက် အနီသောက်လိုက် စစ်တာသောက်လိုက် မစစ်တာသောက်လိုက်ဆိုတော့
လျှာ ပြဒါးတိုင်က မမှန်ချင်တော့ဘူး။
သြော် .. လောက။ ငွေရှာရ မလွယ်သလို ငွေသုံးရတာလည်း စိတ်ညစ်စရာပါလား။
နောက်ဆုံးတော့ ထွက်လာတဲ့ အသံက တစ်သံတည်း။ ကိုင်းချ။ မသေပြီးရောတဲ့။
မစစ်ဘူးထင်လို့သာ တော်တော့တယ်။ တစ်ခွက်ပြီစတစ်ခွက်။ တစ်လုံးပြီး တစ်လုံး။
စစ်တယ်လို့များ ယုံယုံကြည်ကြည်နဲ့ သောက်လိုက်ရရင် ကျုပ်ထင်တယ် အင်းလျားကန်ထဲက ရေတွေဟာ
အရက်စစ်စစ်တွေပါလို့ တစ်ယောက်ယောက်ကများ တာဝန်ခံရင်
ကုန်အောင်သောက်မယ့် သူကောင့်သားတွေ။
..................
အရက်စစ်မစစ် ညကမသိပေမယ့် ခုတော့ ကောင်းကောင်းသိနေပြီ။ ကိုက်လိုက်တဲ့ခေါင်း။
တစစ်စစ်နဲ့ ဇက်ကြောတွေကလည်း ဘာထိုးသလဲမမေးနဲ့။ သံချောင်းနဲ့ထိုးထားသလား အောက်မေ့ရတယ်။
ငတ်လိုက်တဲ့ရေ။ ဘယ်လောက်သောက်သောက် သဲပူထဲ ရေသွန်လိုက်သလိုပဲ။
အိပ်ရာထဲမှာ မှိန်းနေချင်သေးပေမယ့် တစ်ဘက်ခန်းက ရေဒီယိုက ၈နာရီသတင်းလာနေပြီ. မဆုံးနိုင်တဲ့
နံနက်ချိန်ခါ တေးသံသာကတော့ မီးဖိုချောင်ထဲမှာ ပျံ့လွင့်နေတုန်း။
တကတဲတော် အပြင်မှ မထွက်လိုက်နဲ့၊ ထွက်ရင် မျိုဆို့လာပြီ။
၈နာရီထိုးပြီ ခုထိအိပ်ရာက မထသေးဘူး။ ကြီးပွားဦးတော့မှာပဲ။
သူ့လုပ်စာနဲ့သာ လူလုပ်ရရင် ကျုပ်တို့ သားအမိတတွေ ဟင်း ပြောမပြောလိုက်ချင်ဘူး။ ရေးတဲ့စာကနည်းနည်း သူ့စာရေးဆရာအစုတ်ပလုတ်တွေနဲ့ သောက်တာကများများ။
ပြောလိုက်ရင် ငါ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို မချုပ်ချယ်နဲ့လေး ဘာလေးနဲ့
ဒီမှာဖြင့် အိမ်ဆိုင်က တစ်ဘက် ချက်ရပြုတ်ရတာက တစ်ဘက် တစ်စက်မှ မသိတတ်တဲ့လူ။
တစ်စက်မှ အကြင်နာတရားမရှိတဲ့လူ။ လာပလေ့စေဦး သူ့စာရေးဆရာတွေ၊
လာရင် ဆဲကို လွှတ်ဦးမယ်။
အင်း မဖြစ်ချေဘူး။ ထမှ။ စောစောစီးစီး ပွစိပွစိနဲ့ မင်္ဂလာကို မရှိဘူး။
စာရေးဆရာ အရက်သောက်တာများ သူ့လက်ထက်ကျမှ အဆန်းလုပ်လို့။
ကမန်းကတန်း မျက်နှာသစ်ပြီး သူနဲ့ ဝေးရာမှာ ဆေးလိပ်ထိုင်ဖွာနေလိုက်တယ်။ ပြောပလေ့စေ။
မိန်းမဆိုတဲ့ သတ္တ၀ါက အဲသလို စူပွစူပွလုပ်ရမှ အိပ်ပျော်စားဝင်တဲ့အမျိုး။ မောရင်ရပ်သွားလိမ့်မယ်။
ဒီမှာ ကိုအ၀ှာ။ အိပ်ရထ လဒမှိုင် မှိုင်မနေနဲ့။ အိမ်ကျက်သရေမရှိဘူး။
မီးဖိုထဲမှာ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ရှိတယ်။ စားပြီး ဆိုင် ခဏကြည့်ထားဦး။
ကျုပ် မင်္ဂလာဈေးထဲ သွားပြီး ဆိုင်အတွက် လိုတာလေးတွေ ၀ယ်ရဥိးမယ်။
ကလေးအတွက် ဘားပလက် တစ်ပုလင်းလဲ ၀ယ်ရဦးမယ်။
ကလေးအတွက် ဘားပလက် တစ်ပုလင်းလဲ ၀ယ်ရဦးမယ်ဆို တဲ့အသံလည်းကြညးရော
ကျုပ်ရဲ့ ငိုက်နေတဲ့ ခေါင်းက ဆတ်ခနဲ မော့လာတယ်။
ဘယ့်နှယ် ဟိုနေ့ကမှ ကျုပ် ဘားပလက်အကြီးတစ်လုံး ၁၈၀ကျပ်နဲ့ ၀ယ်ပေးခဲ့တာ။ ခု ကုန်ပြီဆိုတော့ ....
ကျုပ်သမီးနို့ညှာ ၀က်သက်ပေါကတပြီးကတည်းက အရမ်းပိန်လာတာ။
ဆရာဝန်က အားဆေးဝယ်တိုက်ပါဆိုလို့ ကျုပ်ဟိုနေ့ကမှ ဘားပလက်တစ်ပုလင်းဝယ်လာခဲ့တာ။
မင်းဘားပလက်က ကုန်တာ မြန်လှချည်လား။ တစ်နေ့ကမှ ငါဝယ်လာတဲ့ ဥစ္စာ...
ကုန်တာမဟုတ်ဘူးတော်ရေ ရှင့်ဥစ္စာ အတုကြီး နားလည်းလား။
ကျုပ်ဆရာဝန်ကို ပြကြည့်ပြီးပြီ။ အတုကြီးတဲ့။ ဆက်မတိုက်နဲ့တဲ့။
ဆက်တိုက်ရင် ကလေး ဒုတ်ခရောက်မယ်တဲ့။
အဲဒါ မင်္ဂလာဈေးက ဆိုင်နံပါတ် ရေးပေးလိုက်တယ်။ အဲဒီမှာ ၀ယ်တဲ့ စစ်တယ်တဲ့။
ဖူး .... လူတွေ လူတွေ တယ်လည်း ရက်စက်ကြပါလား။
ကျုပ်တို့လို ငါးပါးသီလ မလုံတဲ့ ယမကာ လုလင်တွေအတွက် အရက်တုတယ်ဆိုတာ ထားပါတော့။ အပြစ်မဲ့တဲ့ ကလေးတွေခမျာ။ လောဘ၊ဒေါသ၊ မောဟ အတ္တ တယ်လည်း ကြိးကြပါလား ။
စာနာစိတ် ခေါင်းပါးလှချည်လား။
အဖေက အရက်အတုသောက်
သမီးက ဘားပလက်အတုသောက်။
ဝဋ် လို့ပဲ သေဘာထားကြစို့ သမီးရေ ...။
ကဲကဲ မင်းသွားစရာရှိသါား။ ငါဆိုင်ကြည့်ထားလိုက်မယ်။
ထိုင်ခဲလှတဲ့ ဆိုင်လေးမှာ ထိုင်ရင်း ချိုချဉ်၊ မုန့်ထုပ်၊ အချိုမှုန့်၊ ဆပ်ပြာ စုံစီနဖာတွေကို ငေးမောကြည့်နေမိတယ်၊ တအောင့်လောက်ရှိတော့ မညစ်မသစ် စီဝိုင်စီ ၀မ်းဆက်နဲ့ ပိုက်ဆံအိတ် ချိုင်းကြားညှပ်ပြိး ယိုးဒယား လက်ဆွဲခြင်းဆွဲ ထွက်သွားတဲ့ မိန်းမကို ကြည့်ပြီး ....
အင်း သူ့ကြောင့် ငါတို့ မိသားစု အူစိုနေတာပါကလား လို့ တွေးမိသေးတယ်။
ကိုရင်တွေ ဆွမ်းခံပြန်ချိန်လောက်မှာ ကျုပ်မိန်းမ ဈေးကပြန်လာတယ်။
လက်ဆွဲခြင်းထဲမှာလည်း ဘာမှ ပါလာတာ မတွေ့ဘူး။ မျက်စိမျက်နှာလည်း ပျက်လို့။
ဘာမှ မပြောဘဲ အခန်းထဲ တန်းဝင်သွားတယ်။ တော်တော်နဲ့ ပြန်မထွက်လာဘူး။
အင်း တစ်ခုခုတော့ တစ်ခုခုပဲ ဆိုပြီး ကျုပ်လည်း အခန်းထဲလိုက်သွားတယ်။ ဟောဗျ။
ဒူးကလေးတုပ်ပြီး တရှုံရှုံ့ ငိုနေလေရဲ့။ ကျုပ်မြင်တော့ ရှိုက်သံက ပိုကျယ်လာတယ်။ ကျုပ်လည်းအံအားတသင့် ကြည့်နေပြီးမှ ....
မင်းဘာဖြစ်လို့လဲ ပြောစမ်းငါ့ကို။ ဘာလို့ငိုနေတာလဲ ပြောစမ်းပါ။
အဲဒီတော့မှ တဟီးဟီးနဲ့ ငိုပါလေရော။ ရော ခက်ပြီ။ ဘယ်သူကများ စော်ကားလိုက်ပါလိမ့်။ ဒီအရွယ်ကြီးကျမှ ဒီမီးယပ်ပိန် မီးယပ်ခြောက်ကို ဘယ်သူကမှ လိုက်စာမပေးတန်ကောင်းပါဘူး။
မသကာ ဘတ်စ်ကားပေါ်မှာ လူယုတ်မာနဲ့တွေ့လို့ ...။
ပြောစမ်းပါ။ မင်း ဘယ်သူက စော်ကားလိုက်သလဲ။ ငါ့ပြောစမ်း။
ပုဆိုးကို တိုတိုပြင်ဝတ်ပြီး ခပ်ဆတ်ဆတ် မေးတော့မှ ....
အဟင့် ဟင့် ဟင့်။ ဘယ်သူကမှ စော်ကားတာ မဟုတ်ပါဘူး။ ကျွန်မ ကားပေါ်မှာ ခါးပိုက်နှိုက်ခံရလို့။
သြော် ... ဒါများကွာ။ ဒါလောက် ငိုနေရတယလို့။
ရန်ကုန်မှာနေပြီး ဘတ်စ်ကား မှီခိုရတဲ့ လူအဖို့ တစ်ခါမဟုတ် တစ်ခါတော့ ခံရစမြဲပါကွ။ ဒါမဆန်းပါဘူး။
ကဲ ..ကဲ... ငိုမနေနဲ့တိတ် တိတ်။ ဒါနဲ့ ပိုက်ဆံ က ဘယ်လောက်များလို့တုန်း ....
တစ်ထောင်လောက်တော့ ရှိမယ်ထင်တယ်။
ဟင်.... တစ်ထောင်။ တစ်ထောင်။
ငိုမယ်ဆိုရင်လည်း ငိုချင်စရာပေါ့လေ။
ကျုပ်တို့ မိသာစုမျိုးမှာ တစ်ထောင်ဆိုတဲ့ငွေဟာ နည်းတဲ့ငွေမှ မဟုတ်တာ။ သူကပိုနှမြောရှာပေမပေါ့။ သူရှာတဲ့ပိုက်ဆံကိုး။ တစ်မတ်မြတ် တစ်မတ် ငါးမူးမြတ် ငါးမူးနဲ့ ခြစ်ခြုတ် စုရတဲ့ ပိုက်ဆံမဟုတ်လား။ ဒီတစ်ထောင်ပြန်ရဖို့ စုပါလေဦး။ ကျုပ်လဲ နှမြောတာပါပဲ။
ဝတ္ထုတို သုံးလေးပုဒ်ရေးမှ ငွေတစ်ထောင်လောက်ရတာ။
ဒါနဲ့ နေပါဥိး မင်းက ဘယ်မှာ အနှိုက်ခံရတာတုန်း ... နှိုက်တုန်းကမင်းမသိဘူးလား.။
နှိုက်တုန်းကသာသိရင် အဲဒီကောင် ပါးရှစ်စိတ်ကွဲသွားသေးတယ်။ မသိလို့သာပေါ့။
ရှိက်သံစဲပြီး ဒေါသသံက ကဲလာပြီ။
ကျွန်မလည်း အိမ်ကထွက်ကတည်းက ပိုက်ဆံအိတ်ကို သတိထားတာပဲ။ ကားကလည်းချောင်တယ်။ နေရာရတာနဲ့ ၀င်ထိုင်ပြိး ပိုက်ဆံအိတ်ကို ဆွဲခြင်းထဲထည့် လက်ကိုင်ကိုင်းနှစ်ခု ပူးကိုင်ပြီး
ပေါင်ပေါ်တင်လိုက်လာတာ။ ဆင်းရမဲ့မှတ်တိုင်ရောက်တော့ လူက ကျပ်နေပြီ။
ကျွန်မလဲ တိုးဝှေ့ဆင်းရင်းနဲ့ ဈေးဝယ်မလို့ ကြည့်လိုက်တော့မှ ပိုက်ဆံအိတ် မရှိမှန်းသိတာ။
အဆင်းမှာ အနှိုက်ခံရတာနေမှာပေါ့။
မင်းကားနံပါတ် မမှတ်မိဘူးလား ...
ရှင်ဟာလေ။ ကျွန်မက ဘာကိစ္စ ကားနံပါတ်မှတ်နေရမှာတုန်း။
ဈေးထဲရောက်မှ ခါးပိုက်နှိုက်ခံရမှန်း သိတာပါလို့ပြောနေ ...
အင်း ဒါလည်းဟုတ်တာပဲ။ ကျုပ်လဲ လျှာကြောဆက်မရှည်ဝံ့တော့ဘူး။ အဲတစ်ခုတော့ရှိတယ်။
ပြန်ရလို ရငြားပေါ့လေ။ ကျုပ်စဉ်းစားမိတာက ....
အဲ အဲ ငါတစ်ခုစဉ်းစားမိတာက မင်းလှသန်းကို သိတယ်မဟုတ်လား။
မနှစ်ကတုန်းကတောင် ပုဆိုးတစ်ထည်နဲ့ လာကန်တော့သွားတဲ့ ငါ့တပည့်ဖြစ်ခဲ့ဘူးတဲ့ လှသန်းလေကွာ။ ဒီကောင်က လူဆိုးထိန်းဆိုလား ..နယ်ထိန်းဆိုလား။
အဲဒီကောင်ကို အကျိုးအကြောင်းပြောပြီး နည်းနည်းအကူအညီ တောင်းကြည့်ပါလား...
မိန်းမမျက်စောင်းက ၀င်းခနဲ။ သူသာ နဂါးဆိုရင် ကျုပ် ပြာဖြစ်လောက်ပြီ။
အကူအညီရလို ရငြားပေါ့ကွာ ....မသိမသာ လေပြေထိုးကြည့်တယ်။
သူထားတဲ့ နှုတ်ခမ်းက မကျချင်သေးဘူး။
ရောက်ခဲ့ပါပြီတော်.. ရောက်ခဲ့ပါပြီ။
ဖြစ်ဖြစ်ချင်း ကျွန်မလဲ သတိရတာနဲ့ ရှင့်တပည့်ကျော်ဆီ ရောက်ခဲ့ပါပြီ။
ဟေ....ဟုတ်လား။ လှသန်းက ဘာပြောလဲ ပြန်ရမယ်ပြောလား
ဒီနေရာမှာ ကျုပ်မိန်းမကို အရမ်းအထင်ကြီးသွားပြီ။ သူမို့ သတိရတတ်ပလေ။
ရှင့်တပည့်ကျော်လှသန်းက ဘာပြောလဲဆိုတော့ သူလဲ အတတ်နိုင်ဆုံး စုံစမ်းပေးပါ့မယ်တဲ့။
ပြန်ရဖို့တော့ သိပ်မသေချာဘူးတဲ့။ ဟိုတုန်းကနဲ့ မတူဘူးတဲ့။
ဟိုတုန်းက ခါးပိုက်နှိုက်ခံရတဲ့ အချိန်၊ အနှိုက်ခံရတဲ့ လက်စလက်နကို ကြည့်ပြီး ဒါ ဘယ်သူ့
လက်ချက်ဆိုတာ တန်းသိတယ်တဲ့။ အဲဒီကောင်သွားကုပ်လိုက်ရုံပဲ။
ဒါမှမဟုတ် သူ့ခေါင်းဆောင်ကို သွားဖမ်းလိုက်ရုံနဲ့ အနှိုက်ခံရတဲ့ ပိုက်ဆံ ပြန်ရတာများတယ်တဲ့။
အခုတော့ ....
အခုတော့ ဘာဖြစ်သလဲကွ။ အခုလည်း အဲလိုလုပ်ပေါ့
သြော် ..ရှင်ပြောတော့လွယ်တယ်။ သူပြောတလဲ ဆက်နားထောင်ဦးမှပေါ့။
ခုတော့ သိပ်မလွယ်ဘူးတဲ့။ ခုခေတ် ခါးပိုက်နှိုက်တွေကလည်း သိပ်စည်းကမ်းရှိတာ မဟုတ်ဘူးတဲ့။
သူ့နယ် ကိုယ့်နယ် သိပ်ခွဲတော့တာ မဟုတ်ဘူးတဲ့။ နှိုက်ချင်တဲ့နေရာ နှိုက်နေကြတာတဲ့။
ပြသနာက ခါးပိုက်နှိုက်ခံရတိုင်းလဲ ခါးပိုက်နှိုက် လက်ချက်ချည်းလို့ ထင်မနေနဲ့တဲ့။
ဘာကွ... ခါးပိုက်နှိုက်ခံရတိုင်း ခါးပိုက်နှိုက် လက်ချက်မဟုတ်လို့ သူ့မအေ.... တယ်....ငါ
သြော်... သူပြောတာလဲ ဆုံးအောင်နားထောင်ပါဦး။
တစ်သက်လုံး ခါးပိုက်နှိုက်လုပ်စားတဲ့ ခါးပိုက်နှိုက် စစ်စစ်တွေရဲ့ ရာဇ၀င်ကိုသူတို့သိတယ်တဲ့။
ခုဟာက တစ်ခါတစ်ရံမှာ ခါးပိုက်နှိုက်စစ်စစ်တွေရဲ့ လက်ချက်မဟုတ်ပဲ ကြုံရင်ကြုံသလို မတတ်သာလွန်းလို့
လွယ်တယ်ဆိုပြီး ကြံမိကြံရာ ကြံတတ်ကြတဲ့ ခါးပိုက်နှိုက်အတုတွေကလဲ .....
တော်....တော်.....တော်တော့ကွာ
ကျုပ်ဆက်ပြီး နားမထောင်ချင်တော့ဘူး။ ဘာမှလည်း မပြောချင်တော့ဘူး။
ကျုပ်တို့မိသားစုအတွက် အရေးပါလှတဲ့ ဆုံးရှုံးသွားတဲ့ ငွေတစ်ထောင်ထက် အဆများစွာ
တန်ဖိုးကြီးပြီး ဘာမှန်းမသိတဲ့ အရာတစ်ခု ဆုံးရှုံးသွားတယ်လို့ ရင်ထဲမှာ ခံစားနေရတာက
တနုံ့နုံ့နဲ့ အခံရဆိုးလှတယ်။
သာထက်အောင်
(From Foreverfriend)




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP