* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, February 14, 2010

ထိပ်ဖျားသို့ ရောက်စေလို။

အတိတ်ဖြစ်ရပ် ၊ ပြန်သုံးသပ်၍
ကြေနပ်နေသူ ၊ ပူဆွေးသူ
သည်လိုလူမျိုး မဖြစ်စေလို ။

အနာဂတ်တွင် ၊ သည်လိုထင်ဟု
ပျော်ရွှင်နေသူ ၊ ကြိုဆွေးသူ
သည်လိုလူမျိုး မဖြစ်စေလို ။

အတိတ်ဖြစ်ရပ် ၊ ပြန်သုံးသပ်၍
လစ်လပ်သည်ကို ဖြည့်စေလို၏ ။

အနာဂတ်တွင် ၊ ပန်းတိုင်မြင်၍
အားတင်ပိုမို လှမ်းစေလို၏ ။

အတိတ်ကိုသုံးသပ်--
အနာဂတ်ကိုမြော်မြင်---
ပစ္စုပ္ပန်တွင် ဖြည့်ဆည်း----
အားယူလို့ လှမ်းပြီးလျှင်-----

ကံတင်သည့်လူသား--
ဉာဏ်ရွှင်သည့်လူသား---
ဇွဲမင်သည့် လူသား-------
ထိပ်ဖျားသို့ ရောက်စေလို---။ ။

(အတိတ်ဖြစ်ရပ်ကို ပြန်တွေးခြင်းဖြင့် ဝမ်းမြောက်/ပူဆွေးနေကြမည်ထက်
လပ်ဟာခဲ့သည်များကိုသာ ပြန်လည်ဖြည့်ဆည်းနိုင်အောင် ကြိုးစားသင့်ကြပါ၏။
မရောက်လာသေးသောအနာဂတ်အတွက် ကြိုတင် ဝမ်းမြောက်/ပူဆွေးနေကြမည်ထက်
ပန်းတိုင်တစ်ခု သတ်မှတ်ပြီးလျှင် မရောက်အရောက်သာ လှမ်းလျှောက်သင့်ကြပါ၏။
ကံလည်းကူပံ့ /ဉာဏ်လည်းကွန့်တတ်သူများအဖို့ရာမှာ ဇွဲရှိရှိဖြင့်သာလျှောက်လှမ်းကြပါလျှင်--)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP