* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, February 7, 2010

ကာသိ (အဍ္ဎကာသိ) ထေရီ အပိုင်း-၂



ထိုပြည့်တန်ဆာမသည် ကဿပ မြတ်စွာဘုရား လက်ထက်တော်က ရဟန်းမိန်းမပြုလုပ်၍ တရားအားထုတ် ခဲ့ဖူးသော ပါရမီကံ စီမံ တိုက်တွန်းရကား ပြည့်တန်ဆာမ အဖြစ်ကို ငြီးငွေ့စက်ဆုပ် လာတော့သည်။

ထို့ကြောင့် ဘိက္ခုနီ ရဟန်းမိန်းမတို့ထံတွင် ရဟန်းပြု၍ ‘ဧကတော ဥပသမ္ပဒ’ ပဉ္စင်းမ အဖြစ်သို့ ရောက်၏။ နောက်တွင် ရာဇဂြိုဟ်ပြည်သို့ သွား၍ မြတ်စွာဘုရား အထံတော်၌ ‘ဥဘတော ဥပသမ္ပန္န’ ပဉ္စင်းပြုရန် ကျန်သေး၏။

ထိုဘိက္ခုနီမ သာဝတ္ထိပြည်သို့ သွားမည့် သတင်းကို ပါပဓုတ္တ လူဟော့ရမ်းတို့ ကြားသိကြ၏။ သူတို့သည် ပြည့်တန်ဆာမ ဘဝတွင် ငါးရာ တစ်ထောင် မပေးနိုင်ခဲ့သူများ ဖြစ်သဖြင့် ယခုခရီး ထွက်လျှင် ဝိုင်းဝန်း ဖမ်းယူရန် စောင့်ဆိုင်းနေကြ၏။ ဘိက္ခုနီမသည် မြတ်စွာဘုရား ထံတော်သို့ လာချင်ပါလျက် မလာဝံ့ကြောင်းကို မြတ်စွာဘုရား သိတော်မူရန် လျှောက်ထားရတော့သည်။

သတ္တဝါများကို သနားတော်မူသော မြတ်စွာဘုရားသည် ထိုဘိက္ခုနီမ၏ အခက်အခဲကို ကြားသိရလျှင် ‘အနုဇာနာမိ ဘိက္ခဝေ၊ ဒူတေနပိ ဥပသမ္ပာဒေတုံ’ ဟူသော ဂါထာကို မိန့်တော်မူကာ တမန်ဖြင့်လည်း ပဉ္စင်းခံခြင်းကို ခွင့်ပေးတော်မူ၏။ ထို့ကြောင့် ဘိက္ခုနီမသည် ‘ဒူတောဥပသမ္ပဒါ’ ပဉ္စင်းမအဖြစ်သို့ ရရှိလေ၏။

ကာသိ (အဍ္ဎကာသိ) ထေရီ အပိုင်း-၃ နိဂုံး

ကဿပမြတ်စွာဘုရား လက်ထက်က ရဟန်းမိန်းမ ပြုလုပ်ခဲ့သော ဗြဟ္မစာရီ ကုသိုလ်ကံ တိုက်တွန်းရကား ရဟန်းမိန်းမ ဒူတော ဥပသမ္ပဒါ ပဉ္စင်းမ အဖြစ်ကို ရ၍ ကမ္မဌာန်းကို အားထုတ်လျှင် ရဟန္တာမ ဖြစ်တော်မူလေ၏။ ရဟန္တာမ ဖြစ်တော်မူသောအခါ အဘိညာဉ်ခြောက်ပါး၊ ပဋိသမ္ဘိဒါလေးပါးဖြင့် ပြည့်စုံ၍ တန်ခိုးကြီးလှပေသည်။ ထို အရှင်မသည် ဤသို့ ဟောတော်မူ၏။

“ကာသိတိုင်း ဇနပုဒ် ဖြစ်သော နိဂုံးမြို့ကြီးသည် အကြင်မျှလောက် ကျယ်ဝန်း၏။ ထိုမျှလောက် ကျယ်ဝန်းသရွေ့ ငါ့အား အခွန်ထွက်သော ငွေသည်ဖြစ်၏။ ထိုကာသိတိုင်း ဇနပုဒ်ကြီးကို အဖိုးဖြတ်ခြင်း ပြုပြီး သူဌေးသမီးဖြစ်၍ အဆင်းလှသော ငါ့ကို ကာသိခွန်ထွက် ငွေတစ်ဝက်ဖြင့် အဖိုးထိုက်သည် ထား၏။

“ထို့နောက် ပဉ္စင်းဖြစ်သောအခါ လှသည်ဟု ဆိုသော အဆင်းရုပ်တရားတွင် ဖြစ်ပျက်ရှုကြည့် ငြီးငွေ့ဘိလျက် ဖြစ်ပျက်ရှုကြည့် ငြီးငွေ့ဘိသော၊ ဖြစ်ပျက်မြင်သိ ငြီးငွေ့ခြင်း ရှိသော၊ ဖြစ်ပျက်မမြင် အလှမြင်၍ ခင်မင်စုံမက် နှစ်သက်စွဲလမ်းခြင်း လွတ်ကင်းလေပြီ။

“တစ်ဖန် ဖြစ်ပျက်သံသရာသို့ ဖြစ်ပျက်ကြိမ်ဖန် အတန်တန် မကျင်လည်ဘဲ နေရတော့အံ့။ ပု၊ ဒိ၊ အာ ဟူသော ဝိဇ္ဇာသုံးပါးကို မျက်မှောက်ပြုအပ်ပြီ။ မြတ်စွာဘုရား၏ သာသနာတော်ကို ပြုရပေပြီ”။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP