* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, January 5, 2010

( ၁၈ ) မကောင်းမှုကို ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်ခြင်း

မကောင်းမှုကို ကိုယ်နှုတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် ကောင်းမြတ်သောမင်္ဂလာ ဖြစ်သည်။
တနည်းအားဖြင့်-ကြီးပွားခြင်း၏ အကြောင်းတရပ် ဖြစ်သည်။

တရံရောအခါ မိခင်တဦးသည် ခင်ပွန်းသေဆုံးသဖြင့် သား-လုလင်နှစ်ယောက်ကို အားကိုးအားထားပြု၍ နေထိုင်သည်။ သားနှစ်ယောက်သည်လည်း မိခင်ကို ရိုသေစွာ လုပ်ကျွေးပြုစုကြသည်။

တနေ့သောအခါ မိခင် ဖျားနာသည်။ ရောဂါပြင်းသဖြင့် ဆေးဆရာကိုခေါ်ယူပြသည်။ ဆေးဆရာက လူနာ၏ ရောဂါကို စမ်းသပ်ပြီးနောက် ညီအကိုနှစ်ဦးအား သင်တို့မိခင်၏ ရောဂါသည် ယုန်သားဓာတ်စာ ကျွေးရမည်- ဟူ၍ ဆိုသည်။ ဤတွင် အကိုသည် ညီငယ်အား-တောသို့သွား၍ ယုန်ထောင်ပါ။ ယုန်သားကို ရအောင်ယူခဲ့ပါ-ဟူ၍ ဆို၏။

ညီငယ်လည်း ယုန်ထောင်ရန် တောသို့သွားသည်။ တောစပ်သို့ အရောက်တွင် ယုန်ငယ်တကောင်ကို တွေ့သည်။ အလွယ်တကူပင် ယုန်ငယ်ကို ဖမ်းယူလိုက်သည်။ ယုန်ကလေးမှာ ကြောက်ရွံ့သဖြင့် တကိုယ်လုံး တုန်နေရှာ သည်။ ညီငယ်သည် မိမိလက်တွင်း ရောက်နေသော ယုန်ကလေး၏ ဖြစ်အင်ကို ကြည့်ကာ စာနာစိတ်ဖြစ်ပေါ် သွားသည်။ သတ္တ၀ါဆိုသည်မှာ သေရမည်ကို ကြောက်ကြသူချည်းပင်။ ငါလည်း သေရမည်ကို ကြောက်သည်။ ငါ့မိခင်လည်း သေရမည်ကို ကြောက်သည်။ ယုန်ကလေးလည်း သေရမည်ကို ကြောက်သည်။ ငါ့မိခင် အသက်မသေအောင် ယုန်ကလေးအသက်ကို သတ်ရမည်ဆိုသည်မှာ တရားပါသလော-ဟူ၍ တွေးတောဆင်ခြင်သည်။ နောက်ဆုံးတွင် ယုန်ကလေးကို မသတ်သင့်-ဟူ၍ ဆုံးဖြတ်ကာ လွှတ်လိုက်သည်။ ယုန်ငယ်လည်း ၀မ်းသာအားရ ထွက်ပြေးသွားသည်။

ညီငယ် အိမ်ပြန်ရောက်သော် အကိုကြီးအား အကျိုးအကြောင်း ပြန်ပြောသည်။ အကိုကြီးက မကျေနပ်။ သင်သည် မိခင်အကျိုးကို ပစ်ပယ်သူဖြစ်သည်-ဟုဆိုကာ ကြိမ်းမောင်းပြစ်တင်သည်။ ဤတွင် မိခင်က-သားငယ်မှာ အပြစ်မရှိ၊ သားငယ်၏ ဆောင်ရွက်မှုသည် မှန်ကန်သည်။ သူ့အသက်သတ်ခြင်း တည်းဟူသော မကောင်းမှုသည် မကောင်း-ဟုဆိုကာ သားငယ်၏ ပြုမူမှုကို အားရ၀မ်းသာ သာဓုခေါ်လေသည်။

ထိုစဉ် ညီငယ်က-ကျွန်ုပ်သည် သိတတ်သည့်အရွယ်ကစ၍ သိလျက်နဲ့ သူတပါး အသက်ကို မသတ်ခဲ့ပါ။ ဤစကားသည် မှန်သောသစ္စာစကား ဖြစ်သည်။ ဤစကား မှန်ပါက မိခင်၏ရောဂါသည် ပိန်းကြာဖက်တွင် ရေမတင်သလို ကင်းစင်ပပျောက်ပါစေသတည်း-ဟူ၍ သစ္စာပြု၏။

ထိုမှန်သောသစ္စာစကားကြောင့် မိခင်၏ရောဂါမှာ ချက်ချင်း ပျောက်ကင်းသွားလေသည်။
(ကျမ်းကိုး။ အဋ္ဌသာလိနီ အဋ္ဌကထာ၊ စက္ကနဥပါသကာဝတ္ထု၊ ပရိတ်ကြီးနိဿယသစ်။)

( မင်းယုဝေ )
( မြတ်မင်္ဂလာ ၂၀၀၃-ဇန်န၀ါရီလ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP