* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, January 5, 2010

ကိုကြီးတို့အလှူပွဲခြိမ့်ခြိမ့်သဲ


Dec 13, '09 2:16 PM
for everyone
၁၂ရက်၊ဒီဇင်ဘာလ၊၂၀၀၉ နေ့လည် ၂း၀၀



အားလုံးသိပြီးသားဖြစ်သလို အားလုံးမျှော်လင့်ထားကြတဲ့ ကိုကြီးရဲ့ ရေတွင်းအလှုကတော့ အောင်မြင်စွာပြီးဆုံးသွားပြန်ပါပြီ။ မျှော်လင့်ထားတာထက် ကျော်လွန်ပြီး ဝမ်းမြောက်ကြရသလို မျှော်မှန်းထားတာထက်လဲ ပိုပြီးတော့ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါတယ် ။ စက်ရေတွင်းလေးကရေကို မောင်းထုတ်လိုက်လို့ ရေထွက်လာတာကို မြင်လိုက်ရတဲ့အချိန်မှာ ရွာသူရွာသားတွေ အလုအယက် ရေဝိုင်းခပ်ကြတဲ့မြင်ကွင်းက အလှုရှင်များရော ဝိုင်းဝန်းပံ့ပိုးသူများအားလုံးရင်ထဲကို ပီတိတွေစီးဆင်းသွားပြီး မျက်နှာမှာ ဖုံးဖိမရတဲ့အပြုံးတွေနဲ့ ဖြစ်နေတာ ဘယ်သူမှငြင်းမရအောင်ပါပဲ။

အချိန်တို ရက်တိုတိုအတွင်းမှာ ပေါ်ပေါက်လာတဲ့ ဒီစက်ရေတွင်းလေးကို "နတ်တို့ဖန် ရေကန်အသင့်ကြာအသင့်" လို့ တင်စားရမလောက်အောင်ပါပဲ။

ရေစက်မောင်းသံ၊စက်ရေတွင်းက မောင်းထွက်လို့ကျလာတဲ့ရေသံ နဲ့ အလှုရှင်ကိုကြီး တို့ရဲ့ ရေစက်ချ အမျှဝေသံတွေဟာ ဦးဇင်းနားထဲ အခုထိ ပဲ့တင်ထပ်နေဆဲပါ။

စက်ရေတွင်းထဲက ထွက်ကျလာတဲ့ကြည်လင်သန့်စင်တဲ့ ရေကြည်ရေအေးတွေကိုမြင်တော့မှပဲ

ဦးဇင်းရင်ထဲမှာလဲငြိမ်းအေးပြီး စိတ်ချလက်ချသက်ပြင်းချနိုင်တော့တယ်။

သြော် .. မေ့တော့မလို့ မနက်ဖြန် စာရေးဆရာဇော်ခိုင်ဦး၊ ဆရာမချောအိမာန်(မန္တလေး)၊ ဆရာ ဦးဘုန်း(ဓါတု) တို့ရဲ့ စာပေဟောပြောပွဲနဲ့ ညနေခင်း ပိုင်းမှာ အလှုရှင် ကိုဖြိုးနဲ့ ကိုထက်တို့ရဲ့ ရပ်ကွက်လုံးကျွတ် မီးခိုးတိတ် ထမင်းရည်ချောင်းစီး အလှုပွဲကြီး ကျန်သေးတာပဲ ။ ဒီပွဲမှာလဲ ကိုကြီးတို့ အတူတူ ပါဝင်ဖို့ ဦးဇင်းလိုက်လံဆောင်ရွက်ပေးရဦးမှာပဲ။

ဒီညလဲ ဦးဥာဏဝရ(သီတဂူ)ကို တရားရေအေး တိုက်ကျွေးပေးဖို့ ပင့်ဖိတ်ထားတာကျန်သေးတာပဲကိုး။ အင်း …….. ဆောင်ရွက်စရာတွေ ကျန်သေးတာပါလား။

စောစောနက ချမိတဲ့သက်ပြင်းလေးကိုတောင် ပြန်သိမ်းချင်သလို ဖြစ်မိတယ်။



၁၂ရက်၊ဒီဇင်ဘာလ၊၂၀၀၉ ညခင်း ၈း၃၀



ဓမ္မတန်ဖိုး

တန်ဖိုးရှိလိုက်တာပါကလား။ ဓမ္မရဲ့တန်ဖိုး။ အဖဘုရားဟောကြားခဲ့တဲ့ မွန်မြတ်လှတဲ့တရားဓမ္မ ရဲ့တန်ဖိုးကို တရားနဲ့အနေဝေးနေရတဲ့ ကျေးရွာပရိသတ်တွေအပေါ် ရှင်းရှင်းလင်းလင်း ဟောပြောနေတဲ့ ကိုယ်တော် ဥာဏဝရ …

ရှေ့ဆုံးတန်းကနေ လေးလေးနက်နက်အာရုံပြု နားထောင်နေတဲ့ ကိုကြီးနဲ့တကွသော အလှုရှင်အပေါင်း ....

ဒီမြင်ကွင်းနှစ်ခုအကြားမှာ ဦးဇင်းမျက်လုံးထဲဘုရားရှင်လက်ထက်တော်က ဘုရားရှင် တရားဟောကြားတာကို လေးလေးနက်နက် နာယူနေတဲ့ အနာထပိဏ် သူဌေးကြီးကို မြင်ယောင်လာမိသယောင် ……



၁၃ရက်၊ဒီဇင်ဘာလ၊၂၀၀၉ မနက်ခင်း ၁၀း၀၀



ဆရာဦးဘုန်း(ဓါတု) - ရေအိုင်ထဲကဖား

ဆရာဇော်ခိုင်ဦး - စာနာလမင်း

ဆရာမချောအိမာန်(မန္တလေး) - ဘယ်လိုလျှောက်ကြမလဲ

ကိုသစ်ကို - သန့်လေးသန့်ပညာပေး

ညီလရောင် - သားဆက်ခြားပညာပေး

အသီးသီး သက်ဆိုင်ရာခေါင်းစဉ်တွေနဲ့ ဟောပြောသွားလိုက်တာ အားရပါးရရှိလှတယ်

ဆရာဦးဘုန်း(ဓါတု) ရဲ့ ရေအိုင်ထဲကဖား ဟောပြောသွားတာလေးနားထောင်ရင်း ဦးဇင်းကိုယ်တိုင် စိတ်ထဲမယ် တက်ကြွအားရသလို ခံစားလာရတယ်

ဆရာဇော်ခိုင်ဦးကလဲ ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုကို သူ့ရဲ့ ဝေဒနာနဲ့ယှဉ်ပြီး ဟောပြောသွားတာ တကယ် စိတ်မကောင်းစရာပါပဲ

ဆရာမချောအိမာန်(မန္တလေး) ဟောပြောအပြီးမှာ စာတတ်ချင်စိတ်အားကြီးလို့ အရောင် တလက်လက် ထနေတဲ့ ရှေ့ဆုံးတန်းက ကလေးတွေရဲ့ မျက်လုံးလေးတွေကို ဦးဇင်း လှမ်းမြင်လိုက်ရတယ်။ ဆရာမက စကားအဆုံးမှာ "မြရတနာ" ဆိုတဲ့ခေါင်းစဉ်နဲ့ ကဗျာလေး တစ်ပုဒ် ရွတ်ပြခဲ့တယ်

ကိုသစ်ကိုကတော့ ကျန်းမာရေးအတွက် အခြေခံ လက်သန့်ရမယ် က စလို့ သန့်လေးသန့်အကြောင်းကို ရွာသားတွေ နားလည်အောင် ရှင်းပြပေးခဲ့တယ်။

သူလဲ "ငါဟာ အနူပါ ဒါပေမယ့်" ဆိုတဲ့ကဗျာလေးနဲ့ သူ့စကားကို အဆုံးသတ်ခဲ့တယ်

ညီလရောင်ကတော့ သားဆက်ခြားပညာပေးကို ဟာသလေးတွေနဲ့ နှောနှောပြီးပြောသွားလိုက်တာ တရွာလုံးကို ပွဲကျလို့ သူ့ဟောပြောချက်မှာ နားထောင်သူတွေ အားလုံး စိတ်ပါဝင်စား အရှိဆုံးပဲ။

အဆုံးပိတ်မှာ အားလုံးကို ကံစမ်းမဲဖောက်ပေးပြီးတော့ ဟောပြောပွဲကို သိမ်းခဲ့တယ်။

ဦးဇင်းကတော့ အစီအစဉ်တွေကြေငြာပေးနေရတာနဲ့တင် ဘာမှ မဟောပြောဖြစ်လိုက်ပါဘူးလေ။ ဆရာ၊ဆရာမတွေ ဟောတာနဲ့တင်ပြည့်စုံလှပါပြီ ဦးဇင်း စိတ်ထဲမှာ့ ဒီပွဲလေး အောင်အောင်မြင်မြင်ပြီးဆုံးသွားဖို့ပဲ လောနေမိတယ်။

ဦးဇင်းပြောသွားတဲ့ထဲမှာ လူတစ်ယောက်ဟောပြောတာ ကျန်နေခဲ့တယ် ။ သူဟောသွားတာ .. သူဟောသွားတယ် ဆိုတာထက် သူပြောသွားတာ ဆိုပိုမှန်မယ် .. အရိုးသားဆုံး နဲ့ အပွင့်လင်းဆုံး ဝန်ခံသွားတဲ့ သူ့စကားမှာ ဦးဇင်းကိုယ်တိုင် ဝမ်းနည်းဝမ်းသာဖြစ်ရသလို သာဓုလဲ အကြိမ်ကြိမ်ခေါ်မိတယ်။

"ကျနော် စကာင်္ပူရောက်စက စကာင်္ပူငွေ တစ်ကျပ် မတတ်နိုင်လို့ အိမ်သာထဲက ရေကို ရေဗူးထဲဖြည့်သောက်ခဲ့ရပါတယ် ။ ဒါကြောင့် ဒီရပ်ကွက် က ပြည်သူအများ ကျနော့်လိုအဖြစ်မျိုးမကြုံရစေ့အောင် ကျနော် ဒီရေတွင်းကို လှုဒါန်းခဲ့ခြင်းဖြစ်ပါတယ်။"



၁၃ရက်၊ဒီဇင်ဘာလ၊၂၀၀၉ ညနေခင်း ၄း၀၀



ထမင်းရည်ချောင်းစီး မောင်းတီးပြီး လှုတတ်တဲ့ ဦးဇင်းတို့မြန်မာလူမျိုးတွေရဲ့ လှပတဲ့ ယဉ်ကျေးမှုကို ဒီညနေမှာ မြင်လိုက်ရပြန်ပြီလေ။

အလှုရှင်ကတော့ ကိုဖြိုးနဲ့ကိုထက် ဆိုပေမယ့် အားလုံးက ရေတွင်းအလှုမှာ ညီရင်းအကိုတွေကလိုဖြစ်နေကြတော့ ဝိုင်းကြဝန်းကြနဲ့ ရပ်ကွက်သူရပ်ကွက်သားတွေတောင် အလှုရှင် ဘယ်သူဆိုတာ မျက်စေ့ လည်သွားကြတယ်။

ဝက်သားတုံးတွေကလဲ တကယ့်ကို ကြီးကြီး၊ သရက်ချဉ်သုပ်ကလဲ အအီပြေ၊ အာဟာရပြည့် ပဲနှပ်နဲ့ မြိန်ရည်ယှက်ရည် စားနေကြတဲ့ ရပ်ကွက်သူရပ်ကွက်သားတွေကိုကြည့်လိုက် ဓါတ်ပုံမှတ်တမ်းတင်လိုက်နဲ့ ဦးဇင်းလဲ အတော် ပင်ပန်းသွားတယ်၊

လူတွေကလဲ စားလိုက်ကြတာရယ်လေ တကယ့်ကို အားရပါးရပဲ ။ အခု စာဖတ်နေတဲ့ ဒကာ/ဒကာမ ကို တကယ့် ကို မြင်စေ့ချင်မိတယ် ။ အလှုရှင်တွေက ရပ်ကွက်သူရပ်ကွက်သားတွေအပေါ် ရင်းရင်းနှီးနှီး နောက်လိုက်ပြောင်လိုက်နဲ့ စားကြသောက်ကြ ထမင်းတွေထည့်ပေးလိုက် ဟင်းတွေ လိုက်ဖြည့်ပေးလိုက်နဲ့ ဝမ်းမြောက်စရာပါပဲ။

သြော် .. ကြင်နာတတ်သူတွေရဲ့ နှလုံးသားဟာ လူတိုင်းအတွက် အလှဆုံး ထားတတ်ကြတယ် ဆိုတာ ဦးဇင်း လှမ်းမြင်လိုက်ရတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP