သစ္စာဆိုနိုင်အောင် သီလစောင့်ထိန်းပါ

.....အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ တွေ့ကြုံလာတဲ့ အခါမှာပဲဖြစ်ဖြစ်၊ ကောင်းမြတ်တဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝချင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ကိုယ်အားထုတ်ထားခဲ့တဲ့ ကုသိုလ် ကောင်းမှုတွေ၊ အပြုသဘောဆောင်တဲ့လုပ်ရပ်တွေကို ပြန်ပြောင်းနှလုံးသွင်းပြီး သစ္စာဆို ဆုတောင်းမယ်ဆိုရင် အခက်အခဲ အကြပ်အတည်းတွေလည်း လွတ်မြောက်နိုင်သလို ကောင်းမြတ်တဲ့ လိုအင်ဆန္ဒတွေလဲ ပြည့်ဝလာနိုင်ပါတယ်။
သစ္စာဆိုစရာ အကြောင်းအရာ၊ အဖြစ်အပျက်တွေ အများကြီး ရှိတဲ့အထဲမှာ ကိုယ်ကျင့် သီလဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ မိမိကိုယ်တိုင် အထူးကြောင့်ကြစိုက်၊ အထူးသတိထားပြီး ဖြူစင်အောင် စောင့်ထိန်းခဲ့တဲ့၊စောင့်ထိန်းေ နတဲ့ ကိုယ်ကျင့်သီလ တစ်ခုခု သို့မဟုတ် ကိုယ်ကျင့်သီလ တစ်စုစုဟာ အသုံးပြုတတ်သူအတွက် အရေးကြုံတဲ့အခါမှာ အမှန်တကယ် အစွမ်းထက်တဲ့ သစ္စာလက်နက်ဖြစ်သွားပါတယ်။
အနည်းဆုံး ကိုယ်ကျင့်သီလ တစ်ခုခု၊ သိက္ခာပုဒ် တစ်ခုခုကို အရေးကြုံတဲ့အခါ သစ္စာဆိုနိုင်လောက်အောင် အသက်နဲ့လဲ ပြီးစောင့်ထိန်း ထားနိုင်မယ်ဆိုရင်ပဲ အဲဒီလူရဲ့ စိတ်ဓါတ်စွမ်းရည် နဲ့ ဘ၀တန်ဖိုး ဟာ အတော်မြင့်မားနေပါပြီ။ တစ်ခုထက်ပိုပြိး စောင့်ထိန်းနိုင်မယ်ဆိုရင် တော့ အတိုင်းထက် အလွန်ပေါ့။ ကိုယ့်သီလ ကိုယ်ပြန်စစ်ဆေးကြည့်ပါ။
ငါးပါးသီလ၊သိက္ခာပုဒ် ငါးခုထဲမှာ ဘယ်သီလ၊ ဘယ်သိက္ခာပုဒ်တော့ အချိန်မရွေး သစ္စာဆိုနိုင်လောက်အောင် ငါလုံခြုံသလဲဆိုတာ စစ်ဆေးကြည့်ပါ။ တစ်ခုမှ သစ္စာဆိုနိုင်လောက်အောင် မလုံခြုံသေးဘူးဆိုရင်တော့ ဟန်မကျဘူးနော်။ ငါးပါးထဲက အနည်းဆုံး တစ်ပါးလောက်တော့ အချိန်မရွေး၊ နေရာမရွေး၊ သစ္စာဆိုနိုင်လောက်အောင်လုံခြုံမှ ဖြစ်မယ်။ ငါးပါးသီလနဲ့ သစ္စာဆိုတဲ့ နေရာမှာလဲ ကြုံတွေ့လာတဲ့ အခြေအနေအားလျော်စွာ သူ့နေရာနဲ့သူ ဆိုတတ်ရင်တော့ ပိုကောင်းတာပေါ့၊ ပိုထိရောက်တာပေါ့၊ ပိုပြိးအစွမ်းထက်တာပေါ့။
ဥပမာ၊ ကျန်းမာေ၇းနဲ့ပတ်သတ်လာရင် ပါဏာတိပါတ စောင့်ထိန်းတဲ့ သီလနဲ့ သစ္စာဆို၊ စီးပွားရေးနဲ့ ပတ်သတ်လာရင် အဒိန္နာ ဒါနစောင့်ထိန်းတဲ့ သီလနဲ့သစ္စာဆို၊ အိမ်ထောင်ရေးနဲ့ ပတ်သတ်လာရင် ကာမေ သုမိစ္ဆာစာရာ စောင့်ထိန်းတဲ့ သီလနဲ့သစ္စာဆို၊ လူမှုရေးနဲ့ ပတ်သတ်လာရင် မုသာဝါဒ စောင့်ထိန်းတဲ့ သီလနဲ့ သစ္စာဆို၊ ပညာရေးနဲ့ပတ်သတ်လာရင် သုရာမေရယ စောင့်ထိန်းတဲ့ သီလနဲ့ သစ္စာဆို။
ဒါကလည်း သူ့အကြောင်းနဲံသူ့အကျိုး ပေါ်ပေါ်ထင်ထင် လိုက်ဖက်နေလို့သာ ပြောရတာပါ။ တကယ်တော့ ဘယ်အကျိုးတရားအတွက်ပဲဖြစ်ြ ဖစ် ဘယ်သီလနဲ့မဆို သစ္စာဆိုလို့ရပါတယ်။ အဓိက ကတော့ ကိုယ်ဆိုလိုက်တဲ့ သစ္စာစကားအပေါ်မှာ ဟုတ်မှန်ကြောင်း ကိုယ်ကိုယ်တိုင် ယုံကြည်မှု ရှိနေဖို့နဲ့ သစ္စာတန်ခိုး ကို သံသယကင်းစွာ စိတ်ချအားကိုးဖို့ပါပဲ။
(အရှင်ဆန္ဒာဓိက ၏ ''လောက၌အကောင်းဆုံးသောအရာ'' စာအုပ်မှ

0 comments:
Post a Comment