* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, August 25, 2009

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၁၁)

အရယူတတ်ကြပါစေ

ယခုလိုရခဲလှသော လူ့ ဘ၀ကြီးကို ရနေရုံတင်မကဘဲ ကြုံခဲလှသော ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနဲ့  ကြုံနေတုန်း ဒါနကို ဧရာတည်၊ သီလဖြင့် တန်ဆာဆင်၊ ဘာဝနာဖြင့် အထွဋ်တင်ပြီးတော့ အခွင့်ကောင်းကြီးကို လက်မလွတ်ကြစေနဲ့ ။ အရယူတတ်ကြပါစေ။

ကုသိုလ်လေရွက် အထက်ကိုဆန်

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ တရားစခန်းဝင်ပြီး အရိယာသူတော်ကောင်းကြီးတွေ နည်းမှီးပြီး ခန္ဓာဥာဏ်စိုက်၍ ၀ိပဿနာတရားတွေ ကြိုးစားကျင့်ကြံနေတာဟာ မိမိတို့ ရဲ့  ကုသိုလ်လှေရွက်ကြီးကို အထက်ကို ဆန်တက်အောင် ပြုလုပ်နေကြတာပဲ။ နိဗ္ဗာန်ထိအောင် ဆန်တက်ကြရမယ် မဟုတ်လား။

တရားအားထုတ်ရခြင်းအကြောင်း

ဘုန်းကြီးတို့  ယောဂီသူတော်စင်တွေ ဘာကြောင့် တရားအားထုတ်ရတာလဲလို့  မေးရင် အရိယာ သူတော်ကောင်းကြီတွေ မြင်တော်မူ၊ ရတော်မူတဲ့ သန္တိသုခ နိဗ္ဗာနဓာတ် (အငြိမ်းဓာတ်) ကြီးကို ရပြီး အိုနာသေဇာတ် အမြစ်ပြတ်ချင်လို့  တရားအားထုတ်ရခြင်း ဖြစ်တယ်လို့  ဖြေရပါလိမ့်မယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP