* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 20, 2009

ခရီးသွားမှတ်တမ်း



စာရေးသူတို့ စီးရမဲ့ ဘန်ကောက်အဲယားလိုင်း
၎.၅.၂၀၀၉ မှာ မြိတ်မှ ရန်ကုန်သို့ ရောက်ပါတယ်။ ရန်ကုန် ရောက်ရောက်ခြင်းပဲ သာသနာရေးက Thai sponsor လိုတယ်ဆို လို့ထိုင်းနိုင်ငံကို အွန်လိုင်းပေါ်မှ တဆင့် တောင်းယူရပါတယ်။ သာသနာရေးက sponsor ကို ထိုင်းလို ရေးထားတဲ့ sponsor ဖြစ်ပြီး ထိုင်းနိုင်ငံသားရဲ့ မှတ်ပုံတင်ကိုလည်း မိတ္တူလိုပါတယ်တဲ့။ သွားချင်တော့လည်း သူတို့ ခိုင်းတဲ့အတိုင်း လုပ်ပေးရမှာပေါ့၊ တတ်နိုင်ဘူး။

ဒါနဲ့ sponsor တောင်းရတာ အဆင်မပြေဘူး၊ အဆင်မပြေဘူးဆိုတာက မရသေးလို့ပါပဲ၊ စာရေးသူတို့ တောင်းလိုက်ရတဲ့ စပွန်ဆာ ဟိုတစ်ခု ဒီတစ်ခု ဘာတစ်ခုမှ မရလိုက်ဘူးပေါ့။ နောက်တော့ ကော့သောင်းမြို့ မဟာ စည်ရိပ်သာခွဲ၊ ကျောင်းဒကာထံမှ စပွန်ဆာအတွက် အခက်အခဲဖြစ်နေတယ် ကြားလို့ သူတို့လုပ်ပေးလိုက်ပါ့မယ် ဆိုတဲ့အကြောင်း တယ်လီဖုန်းလာတော့ ၀မ်းသာလိုက်တဲ့ ဖြစ်ခြင်း ၊ မကြာမီ ညနေဖက်မှာ စပွန်ဆာ ကို အီးမေးလ်နဲ့ပို့လိုက်ပြီ ဖြစ်တဲ့အကြောင်း တယ်လီဖုန်းလာတယ် ၊ ဒါနဲ့ နောက်တစ်နေ့ မနက်မှာ ထိုင်းစပွန်ဆာအတွက် အီးမေးလ် သုံးဖို့အတွက် အင်တာနက်ကဖေးကို သွားခဲ့တယ်၊ အဲဒီမှာ ပြဿနာက စပါလေရော။
စာရေးသူရယ် ဦးကုမာရရယ် နှစ်ယောက်သား အင်တာနက်ကဖေးဆိုင်ထဲ လှမ်းဝင်လိုက်တယ်ဆိုရင်ပဲ ဆိုင်ရှင်က ဘုန်းကြီးများ အင်တာနက်မသုံးရ ပါဘုရား ဆိုပြီး ဆိုင်ထဲဝင်ခွင့်မပေးတဲ့အပြင် အ၀င်ကို မခံတော့ပါ။
အင်တာနက်မသုံးရရင်လည်း အီးမေးလ် အကောက်ပေးပါ့မယ် ပို့လိုက်တဲ့ စပွန်ဆာကို print out ထုပ်ပေးပါ ဆိုပြန်တော့လည်း မရဘူး လို့ပဲ အကြောက်အကန်ငြင်းနေတော့တယ်။ ဘုန်းကြီးများ အင်တာနက်သုံးရင် ဆိုင်ကို ပိတ်ပစ်မယ်ဆိုပြီး သက်ဆိုင်ရာ ရပ်ကွက်လူကြီးများက လာပြောထားကြောင်း သိရပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပေမဲ့ ဘုန်းကြီးများကို လူများ အထင်သေးတာ လွန်လွန်းတယ်လို့ ထင်ပါတယ်။ ဘုန်းကြီးများ အင်တာနက်မသုံးရင် စပွန်ဆာ ဘယ်လိုလုပ်ရမလဲ စဉ်းစားကြပါအရပ်ကတို့ရေ.....
လူတိုင်းစာတတ်ရမယ်ဆိုတဲ့အတိုင်း အင်တာနက်ကို လူတိုင်း သုံးတတ်ရမယ် ဆိုတဲ့ စီမံကိန်းမျိုးချပေးရင် ကောင်းမှာပဲလို့ တွေးမိတယ်။ လူတွေပဲ အင်တာနက်သုံးပြီး ဘုန်းကြီးများက အင်တာနက်မသုံးရဆိုတော့ ဘုန်းကြီးများက ဘာမို့လို့လဲမသိဘူးနော်၊ စဉ်းစားရကြပ်ပါ့၊ မတွေးတော့ပါဘူး။
ဒါနဲ့ နောက်တစ်ဆိုင် သွားခဲ့တော့မှ အဆင်ပြေသွားပါတယ်။ ဒါနဲ့ Thai sponsor ကို ၁၀.၅.၂၀၀၉ မှာ ရရှိခဲ့တယ်။
နောက်တစ်နေ့...
သာသနာရေးဌာနကို ၀င်ရန်အတွက် လိုအပ်တဲ့ စာရွက်စာတမ်းများကို ပြည်ပကြွမည့် သံဃာတော်များ သိစေရန် ဖေါ်ပြလိုပါသေးတယ်
(၁) ပါ့စ်ပို့ မိတ္တူ
(၂)သာသနာဝင်မှတ်ပုံတင်မိတ္တူ
(၃)ကိုယ်သွားမယ့်နိုင်ငံရဲ့ စပွန်ဆာ
(၄)ရဲထောက်ခံစာ
(၅)ဒေသခံ သာသနာရေးထောက်ခံစာ။
အထက်ပါ စာရွက်စာတမ်းများနဲ့အတူ သာသနာရေးကို ၀င်ပါတယ်၊ သာသနာရေးဝင်ရာမှာ တစ်ပါးလျှင် ကျပ်(၁၀၀၀၀)စီပေးရပါ တယ်။
အဲဒီအခါမှာ သာသနာရေးက ထိုင်းသံရုံးဝင်ဖို့အတွက် (MINISTRY OF RELIGIOUS AFFAIRS) သာသနာရေး ထောက်ခံ စာ တစ်စောင်ကို ရရှိပါမယ်
နောက် လေယာဉ်လက်မှတ် ၀ယ်ရပါတယ်၊ လေယဉ်လက်မှတ်ကလည်း အသွားအပြန်ဝယ်ရတယ်ဆိုတာကိုလဲ သတိထားရဦးမယ်။
လေယဉ်လက်မှတ်ကို စာရေးသူတို့က ထိုင်းသွားမည်ဖြစ်ရာ seven daimon မှာ သွားဝယ်ကြပါတယ်။ လေယာဉ်လက်မှတ် တစ် စောင်ကို ပုံမှန်ဈေးက ၂၀၇ ဒေါ်လာပါ၊ လျှော့ပေးတဲ့အတွက် ၁၉၇ ဒေါ်လာနဲ့ရလာခဲ့တယ်။
လိုအပ်တဲ့စာရွက်စာတမ်းများလည်း သိထားသင့်တယ်ထင်လို့ ဖေါ်ပြပေးလိုက်ပါတယ်။
(၁)(MINISTRY OF RELIGIOUS AFFAERS)သာနသာရေးထောက်ခံစာ။
(၂)IMFORMAION များ ဖြည့်ထားသော (APPLICATION FOR VISA) FORM တစ်ခု။
(၃)THAI SPONSOR
(၄)ရန်ကုန်မှ ကိုယ်သွားမယ့်နိုင်ငံသို့ အသွားအပြန် လေယာဉ်လက်မှတ်။တစ်ခါတစ်ရံ လေယာဉ်လက်မှတ်မိတ္တူတောင်းပါတယ်။
အထက်ပါစာရွက်စာတမ်းများ ယူပြီး သံရုံးဝင်ရပါတယ်။
သံရုံးဝင်ပြီး တစ်ချို့သံရုံးကတော့ တစ်ရက်ထဲနှင့် ဗီဇာရပါတယ်၊ထိုင်းသံရုံးဆိုရင်တော့ ပထမတစ်ရက်မှာ စလစ်ပေးပါတယ်။ နောက်တစ်ရက်ကျမှ ဗီဇာထုတ်ပေးပါတယ်။
၁၅.၅.၂၀၀၉
နေ့လည် ၁၂ နာရီမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ခဲ့တယ်။ စာရေးသူတို့စီးရမဲ့ AIR LINE က BANGKOK AIR LINE ပါ။ ဒါနဲ့လေယာဉ်ကြီးစီးကာ လာခဲ့ကြတယ်ပေါ့၊ နားခွင့်ပြုပါဦး (နောက်ဆက်ရေးပါဦးမည်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP