* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 20, 2009

ပုဏ္ဏားနှစ်ယောက် တို့သည်...

ပဌမ ဒွေဗြာဟ္မဏသုတ်

ထိုအခါ ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ရှိ၍ အိုမင်း ကြီးမြင့် အရွယ်ရင့် ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားနှစ်ယောက် တို့သည် မြတ်စွာ ဘုရား အထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆိုကြ ကုန်၏၊

ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကြပြီးလျှင် မြတ်စွာ ဘုရားအား-
''အသျှင်ဂေါတမ အကျွန်ုပ်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ပင် ရှိကြ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကြပါကုန်ပြီ၊ ထို အကျွန်ုပ်တို့ကား ဒုဂ္ဂတိဘေးမှ စောင့်ရှောက် တားမြစ် ကြောင်း ကောင်းမှု ကုသိုလ်ကိုမူ မပြုလုပ်ကြရ ပါကုန်သေး၊ အသျှင် ဂေါတမသည် အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့် အစီးအပွါးရှိခြင်း ချမ်းသာခြင်းငှါ ဖြစ်နိုင် ရာသော သွန်သင် ဆုံးမခြင်း ဖြင့် သွန်သင် ဆုံးမတော်မူပါ'' ဟု လျှောက်ထားကြ ကုန်၏။

ပုဏ္ဏားတို့ သင်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ရှိကုန်၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ စင်စစ် ရောက်ကြ ကုန်၏။ သင်တို့သည် ဒုဂ္ဂတိဘေးမှ စောင့်ရှောက် တားမြစ်ကြောင်း ကောင်းမှု ကုသိုလ်ကိုမူ မပြုလုပ်ကြရကုန်သေး၊ ပုဏ္ဏားတို့ အိုခြင်း နာခြင်း သေခြင်းသည် ဤသတ္တလောကကို အဆင့်ဆင့် ပို့ဆောင်အပ်၏။ ပုဏ္ဏားတို့ အိုခြင်း နာခြင်း သေခြင်းသည် သတ္တလောကကို ဤသို့ အဆင့်ဆင့် ပို့ဆောင်အပ်သည် ရှိသော် ဤမျက်မှောက်ဘဝ၌ ကိုယ်ဖြင့်စောင့်စည်းခြင်း၊ နှုတ်ဖြင့် စောင့်စည်းခြင်း၊ စိတ်ဖြင့် စောင့်စည်းခြင်းသည် တမလွန်ဘဝသို့ ပြောင်းသွားသူ၏ ခိုကိုးရာ ပုန်းအောင်းရာ မှီခိုရာ ကိုးကွယ်ရာ လဲလျောင်းရာ ဖြစ်၏ ဟု (မိန့်တော်မူ၏)။

(အို နာ သေရေး ဒုက္ခဘေးတို့သည်) ဇီဝိတိနြေ္ဒကို အဆင့်ဆင့် ပို့ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် တိုတောင်းလှ၏၊ အိုခြင်းတရားသည် အဆင့်ဆင့် ပို့ဆောင် အပ်သော သတ္တဝါအား ကိုးကွယ်ရာတို့ မည်သည် မရှိနိုင်ကုန်၊ သေခြင်း တရား၌ ဤမည်သော ဘေးကို (ပညာမျက်စိဖြင့်) မြင်အောင် ရှုလျက် ချမ်းသာကို ဆောင်စွမ်းနိုင်သော ကုသိုလ် ကောင်းမှု တို့ကို ပြုရာသတည်း။

ဤမျက်မှောက်ဘဝ၌ ...
ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည် လည်းကောင်း၊
အသက်ဝိညာဉ် ရှင်နေစဉ် ကောင်းမှုကို ပြုခြင်းသည် လည်းကောင်း၊
တမလွန်လောကသို့ ပြောင်းသွားသူအား ချမ်းသာခြင်းငှါ ဖြစ်သတည်း။52

၁ - ပဌမ ဒွေဗြာဟ္မဏသုတ်၊ ဗြာဟ္မန၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP