* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 11, 2009

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၇)

ကျွန်ုပ်တွေ့ သော စိတ်သဘာဝ (၃)

ပုစ္ဆာများ

ဤတစ်ပတ်တွင် စိတ်သဘောအကြောင်း မဖော်ပြမီ ကျွန်ုပ်ထံသို့  ရေးသားမေးမြန်းကြသော ပုစ္ဆာများကို ရှေးဦးစွာ ဖြေဆိုရပေဦးမည်။

၎င်းတို့ မှာ (၁) ၀တ္ထုရေးဆရာ၊ သတင်းစာဆရာတစ်ယောက်မျှသာဖြစ်ပါလျက် မည်သည်ကို အကြောင်းပြု၍ တရားဘက်သို့  လိုက်စားခဲ့ပါသနည်း။ (၂) လူတိုင်းအားထုတ်၍ ဖြစ်နိုင်ပါသလော။ ပါရမီရင့်ကျက်မှ ဖြစ်နိုင်သည်ဆိုလျင်၊ ပါရမီရင့်မရင့်ကို ဘယ်နည်းနှင့် သိနိုင်ပါသနည်းဟူသော ပုစ္ဆာများပင် ဖြစ်သည်။

ဆရာကောင်းတပည့်ဖြစ်ခဲ့ခြင်း

(၁) နံပါတ်ပုစ္ဆာကို ဖြေဆိုရသော် ကျွန်ုပ်မှာ ၀တ္ထုသမား၊ သတင်းစာသမားတစ်ယောက် ဖြစ်ရုံသာမက၊ ခပ်ပျော်ပျော်နေချင်တတ်သူတစ်ယောက်ဟူ၍ပင် လူအများ နားလည်ကြသည်။ မှန်လည်း မှန်ပေသည်။ သို့ ရာတွင် ကျွန်ုပ်မျိုးရိုးဇာတိ၌ ထူးခြားသောအချက်များရှိသည်ကို ဖော်ပြရပေအုံးမည်။

မဂ်တရား ဖိုလ်တရားသည် ဤခေတ်လူများနှင့်မဆိုင်၊ မဂ်ဖိုလ်ရနိုင်သော ခေတ်မရှိတော့ဟူ၍ မြန်မာတစ်ပြည်လုံးက ယူဆခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့် က ကျွန်ုပ်အား ဘုန်းကြီးကျောင်းသို့ အပ်နှံစဉ်က ကျွန်ုပ်၏ဆရာတော်ဘုရားမှာ အရိယာပုဂ္ဂိုလ်ဖြစ်သည်ဟု မိဘများနှင့်တကွ တပည့်တပန်း အနည်းငယ်တို့ က ယုံကြည်ကြသည်။ ကျွန်ုပ်မှာလည်း မိဘများ ယုံကြည်၍ ယုံကြည်ခဲ့သည်။ သို့ သော် အရိယာပုဂ္ဂိုလ်ဟူသည်မှာ နိဗ္ဗာန်ကူးတော့မည့် ပုဂ္ဂိုလ် ဆိုခြင်းမှတစ်ပါး နိဗ္ဗာန်ကိုလည်း နားမလည်၊ လိုချင်ရကောင်းမှန်းလည်း မသိခဲ့ချေ။ ပုဂ္ဂိုလ်အနေဖြင့်ကား လေးလေးစားစား ကြည်ညိုခဲ့သည်။ ကြည်ညိုဖွယ်အချက်များလည်း အမြောက်အမြားရှိသည်။

သန္နိဋ္ဌာန် ချခြင်း

ထို့ နောက် အင်္ဂလိပ်ကျောင်းသို့ ကူးပြောင်း၍ ပညာသင်ပြီးသဖြင့် လူလားမြောက်လာသောအခါ ကျွန်ုပ်၏ဖခင်မှာ ဓမ္မကထိကတစ်ဦးဖြစ်သည့်အတိုင်း ညတိုင်းလိုပင် တပည့်များအား (ဆရာတော်ဘုရား၏ သြ၀ါဒအရ) တရားဟောပြောခြင်းများကို နာကြားရသည်။ တစ်ညသ၌ ကျွန်ုပ်၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသည်မှာကား ဗုဒ္ဓဘာသာတိုင်း နိဗ္ဗာန်ကို အထွတ်အမြတ်ထား၍ ပြောကြသည်။ တိတိကျကျမူကား မည်သူမျှ သိပုံမရ။ ငါသည် ဆရာတော်၏ တပည့်၊ ဤမိဘနှစ်ပါးတို့ ၏ သားဖြစ်ပါလျက် နိဗ္ဗာန်ကို မရလျင် ရာဇ၀င်ရိုင်းလိမ့်မည်။ တစ်နေ့ သော် နိဗ္ဗာန်ကို သိအောင် ကြိုးစားမည်ဟု သန္နိဋ္ဌာန်ချလိုက်သည်။ အမှန်ဆိုရလျင် ထိုအချိန်၌ ကျွန်ုပ်သည် နိဗ္ဗာန်ကို လိုချင်သော ဆန္ဒလည်း မရှိလှ။ ထူးမြတ်လှသည်ဟူ၍ သိချင်သော ဆန္ဒပြင်းပြခြင်းမျှသာ ဖြစ်သည်။ (ကျွန်ုပ်၏ ၀ါသနာတစ်ခုမှာလည်း သူတစ်ပါးကောင်း၍ မကောင်းချင်တတ်။ ကိုယ်တိုင် “မြဲ” ကြည့်ပြီး ကောင်းသည်ဟုတွေ့ မှ ၀န်ခံချင်တတ်သည်။)

(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)


------------------------------
ကိုစိုးဝင်းထွဋ်
(www.trueanswer.co.cc)(www.dhammabooks.co.cc) ၏ ဓမ္မဒါန စာအုပ်အလှူကို အထောက်အပံ့ ပြုလိုပါသဖြင့် ဤ ဒိဋ္ဌေဒိဋ္ဌမတ္တံ ကို အချိန်ပေးပြီး ကြိုးစားတင်ပေးသွားပါမည် ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ

ဆက်လက်ဖတ်ရှုရန်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP