* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, November 11, 2009

ဇာတိမလာရေးနှင့်နိဗ္ဗာန်အမြင် ( ၁၁ )

အာရုံသိ ခန္ဓာငါးပါးသည် ဘဝတစ်ခုလုံးရဲ့ ဖွားသေ၊
++++++++++++++++++++++++++++++++++++
သူသည် ဘဝတစ်ခုလုံးပဲဆိုတာကိုလည်းနားလည် ရမယ်။ အာရုံမသိရင် အိပ်ပျော်နေတဲ့ ချိန်ကို ဘုရားက ဘဝမြုံတယ်လို့ အမိန့်ရှိတယ်။ အိပ်ပျော်ချိန်မသိဘူး။ ဘဝမြုံတယ်တဲ့။ သေခါစ ခန္ဓာ ကိုယ်လုံးကြီး ရှိတယ်။ စဉ်းစားပါ။ အာရုံတွေသိပါ့မလား။ (မသိပါဘူး ဘုရား…)။

ဒါဖြင့် အဲဒီ ပုဂ္ဂိုလ်ကို ဘဝရှိတယ် ပြောမလား မရှိဘူးပြောမလား၊ မရှိပါဘူးဘုရား။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အာာရုံသိမလာတော့လို့ ဒီခန္ဓာ မရှိတော့ဘူး။ဒါမရှိရင် ကိုယ်လုံး ကြီး ရှိသော်လည်း ဘဝ မရှိဘူး။
ကိုယ်လုံးကြီး ကတော့ မသာဖြစ်ခါစ ဒီ အတိုင်းပဲ ။


အိပ်ပျော်လည်း ဒီ အတိုင်းပဲ သဘောပေါက်ရဲ့လား။သူ့ကို ဘဝ မယူ ဘူးနော်။ ဒီအာရုံသိကိုသာ ဘဝယူရမှာနော်။ ပြန်ပြောမယ်။ နည်းနည်းတော့ စဉ်းစားရမယ်။ ဘုရား တရားတော် ဟာ အလွန်နက်ရှိုင်းတယ်။
ဒီကိုယ်လုံးကြီးတွေ အိပ်ပျော်သွားပြီ ဆိုပါတော့။ ခြင်ကိုက်ရင် သိပါ့မလား။ (မသိပါဘူး ဘုရား)။ ဒါဖြင့် ဘဝဆိုတာ သည် ဒီကိုယ်လုံးကြီး လို့ယူတာ မဟုတ်တာတော့ သေချာသွားပြီ။ ဒီခန္ဓာ ငါးပါး အစုံကိုသာ
ဘဝလို့ယူရမှာ။ သဘောပေါက်ပြီလား။ အဲဒီ ငါးခုပေါင်းတော့ မှ အသိပေါ်လာတာကို ဘဝလို့ ယူရမှာနော်။ ဒါကိုသာ ဘုရားက ဒုက္ခသစ္စာလို့ခေါ်တာ။ လိုရင်းက အဲဒါပဲ။ ဘဝ အစစ် ကအဲဒါပဲ။
ဘဝဆိုတဲ့အသိပေါ်တာကို ဖွားမြင်တယ်ခေါ်တယ်။ အသိပျောက်သွားတာကို ဘဝသေတယ်လို့ခေါ်တယ်။ အဲဒါမှ ဖွားသေအစစ်၊ နားလည်ကြပြီလား။ အသိလေးဖြစ်ပေါ်တာကို ဘဝလို့ခေါ်တာ၊ ဇာတိဖြစ်လိုက်တာ၊ ပျောက်သွားတာက ဇရာ မရဏ ဖွားသေ ။ ဘဝရဲ့ဖွားသေဆိုတာ (သူ- သူ့ကိုတကယ်တွေ့နေရမှာ) အသံကြားလိုက်တယ်။

မနောပေါ်တယ်ဆိုရင် ဒီမှာလည်း ဖွားသေ ဒီမှာလည်း ဖွားသေပြီးရင်ပျောက်သွားတယ်။ ဒါဆို ဘဝ မရှိတော့ဘူး။ သိသဘော လေးပေါ်တာ ဖွားသေပဲ။ ဘဝတစ်ခုလုံးနော်။ အစိတ်အပိုင်းမယူနဲ့။

ဘဝ တစ်ခုလုံးယူရမှာ။ ကိုယ့်ဘဝ တစ်ခုလုံးရဲ့ ဖွားသေ ဟာ ကြားသိကြံသိ အသက်ရှူတယ်၊ ထိသိ မနောမှာ ကြံသိ၊ အဲဒီ အသိလေးပျောက်သွားတဲ့ ဖွားသေဟာ ဘဝတစ်ခုလုံးရဲ့ ဖွားသေဆိုတာကို ဆုံးဖြတ်ချက် ရဲရဲချ နားလည် ပြီနော်။

အဲဒီလို ဆုံးဖြတ်ချက် ကျပြီဆိုရင်တော့ ဘုန်းဘုန်း ရဲရဲအာမခံတယ်။ တရားရပြီလို့။ ဘုရားအလိုကျရောက်ပြီ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP