* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, November 11, 2009

သာမဏေ ၁၅ ပါး သင်္ကန်းအလှူ


သင်္ကန်းအလှူခံယူတဲ့ ကိုရင်လေးတစ်ပါး

သင်္ကန်းသစ်ကိုပိုက်ထားတဲ့ သာမဏေငယ်

တစ်ပါးစီ ဆက်ကပ်စဉ်
တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် မနက်ခင်းက အောင်မြေဦး ကျောင်းတိုက်က သံဃာ သာမဏေ အပါး ၇၀ ကျော်အနက် သင်္ကန်းအလိုအပ်ဆုံး သာမဏေ ၁၅ ပါးကို သင်္ကန်းတစ်စုံစီ လှူဒါန်း ဆက်ကပ်ခဲ့ပါတယ်။ အဝေးရောက် အလှူရှင်တစ်ဦး ကောင်းမှု ဖြစ်ပါတယ်။
ဆောင်းတွင်းဆိုတော့ ကိုရင်တွေ နွေးနွေးထွေးထွေး ရုံရအောင်၊ အချမ်းသက်သာအောင် စကိတ်သင်္ကန်း ကပ်ပါတယ်။ ဆောင်းတွင်းမို့ ခြုံထည်၊ စောင် စတာတွေပါ လိုအပ်ပေမယ့် အရေးအကြီးဆုံး သင်္ကန်းကိုတောင် လိုသမျှ အပါးစေ့ မကပ်နိုင်သေးဘူး ဖြစ်နေတယ်။
သာမဏေတွေ တခြား လိုအပ်မယ့်အသုံးအဆောင်တွေ အောင်မြေဦးဆရာတော်ကို ဖုန်းနဲ့ မေးလျှောက်တုန်းက ဆရာတော်က အနီးဝန်းကျင် ကျောင်းတိုင်းက သံဃာထုအတွက် အရေးကြီးတဲ့ ဘုံဆွမ်းကို ဦးစားပေး လောင်းလှူကြဖို့၊ ရက်များများ လောင်းနိုင်လေ ကောင်းလေဖြစ်ကြောင်း အမိန့်ရှိပါတယ်။ ပင့်ကိုယ်တော်၊ ထိုင်ကိုယ်တော် သတ်မှတ်ဖိတ်ကြားတာ မဟုတ်ဘဲ ကြွလာသမျှ သံဃာသာမဏေတိုင်း ခံယူခွင့် ရှိတာမို့ ဒီဘုံဆွမ်းက အရေးပါပုံကိုလဲ ရှင်းပြပါတယ်။
ကိုရင်တွေ လွယ်အိတ်လိုပါသလားဆိုတော့ ကျောင်းမှာပဲကျိန်း၊ ကျောင်းမှာပဲ စာသင်ကြတာမို့ စာအုပ်ကို ကြွပ်ကြွပ်အိတ်နဲ့ ထုပ်သယ်လို့ ရကြောင်း၊ ဖိနပ်က ပိုလိုအပ်ကြောင်း အမိန့်ရှိပါတယ်။ ဖိနပ်လဲ ဈေးကြီးစရာမလို၊ ကျပ် ၈၀၀၊ ၁၀၀၀ တန် ကြက်ပေါင်ဖိနပ်ကလေးတွေ လှူရင် ကိုရင်တွေ စီးလို့ရတယ်တဲ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP