ကွန်ပျူတာသင်တန်း အမှတ်- ၂၊ ရွှေလမ်းငွေလမ်းဝင်းကြည် မိသားစုဒါန
ကွန်ပျူုတာအသုံးချနည်း သင်ယူနေသည့် သံဃာများ
သင်တန်းခန်း အပြည့်
ပထမအသုတ်သင်တန်းတွင် နေရာမရလိုက်သည့် သံဃာများ အမှတ်စဉ် (၂)တွင် ဆက်လက်သင်ယူနိုင်ပါသည်မကွေးသံဃာတော်များအား အခမဲ့ကွန်ပျူတာသင်တန်းအမှတ်စဉ်(၁)၊ ဒုတိယပတ် ဆက်လက်ဖွင့်လှစ်ပြီ ဖြစ်ပါသည်။
၁၉-၁၁-၀၉ မှ ၂၁-၁၁-၀၉ နေ့အထိ(၃)ရက်ဖွင့်ပါမည်။သင်တန်းချိန်များမှာ (နံနက်၇မှ၉)နာရီ၊နေ့လည်(၁မှ၃နာရီ) တစ်ရက် (၂)ချိန် ယခင်အစီအစဉ်အတိုင်း သင်ကြားပေးပါမည်။
သင်တန်းနည်းပြဆရာတော်မှာ မန္တလေးမြို့၊ မြင်းဝန်မင်းကြီးကျောင်းတိုက်မှဆရာတော် ဦးပညာဝံသ(ဓမ္မာစရိယ) ကြွရောက်ပို့ချသင်ကြားပေးပါသည်။ တက်ရောက်သင်ကြားသော ဆရာတော်များမှာ မကွေးမြို့စာသင်တိုက်အသီးသီးမှစာချဆရာတော်(၁၀)ပါးဖြစ်၏။ သင်တန်းခန်းမ နှင့် မီးစက်မောင်းအလှူရှင်မှာရွှေလမ်းငွေလမ်းဝင်းကြည်+ဒေါ်ခင်စီ မိသားစုမှ ပညာဒါနပြုပါသည်။
သင်တန်းဆရာတော်(၂)ပါးအတွက် မန္တလေး၊မကွေးအသွားအပြန်ခရီးစားရိတ်အား(ရွှေဒိုမိန်း မိသားစုမှငွေကျပ်(၂၅၀၀၀၀ိ)နှစ်သိန်းငါးသောင်းကျပ်မတည်လှူဒါန်းထားပါသည်။သင်တန်းနည်းပြ ဆရာတော်(၂)ပါးအား
မကွေးမြို့ တိုင်းသံဃာ့နာယကအဖွဲ့ ဥက္ကဌဦးပညာစက္က၏ ပညာစက္ကရာမကျောင်းတိုက် မှသတင်းသုံးနေထိုင်ရေးနှင့်ဆွမ်းကပ်လှူဒါန်းပါသည်။
သင်တန်းနည်းပြဆရာတော် ဦးကောဝိဒ(စစ်ကိုင်းဆွမ်းလောင်းသင်းနှင့် အခမဲ့ကွန်ပျူတာသင်တန်းကျောင်း)ဆရာတော်မှာ စစ်ကိုင်းတိုင်းမြရတနာ(အနာကြီးရောဂါသည်များ)ရွာတွင် အ၀ီစိ ရေတွင်းတူးခြင်း၊ စတုဒီတာထမင်းကြွေးအလှူကိစ္စများကြောင့် မကွေးသင်တန်းသို့ မကြွလာ နိုင်ကြောင်းသိရှိရပါသည်။ တတိယပါတ် သင်တန်းသို့ လာရာက်ပို့ချပေးသွားမည်ဖြစ်ကြောင်းဆရာတော်ဦးကောဝိဒ မှ ဖုန်းဆက်၍မိန့်ကြားပါသည်။

0 comments:
Post a Comment