* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, November 21, 2009

ဤခရီး နီးလာၿပီ - အရွင္အဘယာလကၤာရ

၂၀၀၉ ခု အောက်တိုဘာလ ၂၁ ရက်နေ့က အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ၌ ပျံလွန်တော်မူသွားသော ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ နဝရတ်လမ်းရှိ ပုညာရာမ မိုးကုတ်ဝိပဿနာကျောင်းတိုက်ဆရာတော် အရှင်ပုညာနန္ဒကို ရည်စူးပြီး၊ ဆရာတော်၏ တပည့် ဒကာ ဒကာမ မိသားစုများက ဦးဆောင်ကာ ၂၀၀၉ ခု နိုဝင်ဘာလ ၁၅ ရက် တနင်္ဂနွေနေ့မှာ နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်းတွင် ဘုရားအမှူးရှိသော သံဃာတော် ၇ ပါးတို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်း၊ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်ကို မြန်မာထမင်းဟင်း မြန်မာမုန့်မျိုးစုံတို့နှင့် ကျွေးမွေးဧည့်ခံ ကောင်းမှု ကုသိုလ် ပြုလုပ်ကြ၏။


ဘော်စတွန်မြို့၊ မဟာစည် မဟာသတိပဋ္ဌာန်ရိပ်သာကျောင်း ဘုန်းကြီး ဦးအဘယာလင်္ကာရမှ “ဤခရီး နီးလာပြီ”ဟူသော တရားချီးမြှင့်၏။


….. ဘုန်းကြီး မနက်က ဆရာတော် ဦးပုညာနန္ဒရဲ့ တရားဖွင့်ထားတာ ကြားနေရပြီး၊ သူ့တရားထဲမှာ ဟောဒီ လင်္ကာလေး ရွတ်ဆိုသွားတာ ကြားလိုက်ရသေးတယ်။
“ငါ၏ခန္ဓာ၊ လိုမပါ၊ မကြာသေလတ္တံ့”တဲ့။ ဘုန်းကြီး ဒီ ‘ဤခရီး နီးလာပြီ’ဆိုတဲ့ ခေါင်းစဉ်နဲ့ မကြာ မကြာ တရားဟောဖူးပါတယ်။ ဒီထဲ နာဖူး ဖတ်ဖူးကြတဲ့သူတွေ ပါ,ပါလိမ့်မယ်။ ….

ဇီဝိတံ ဗျာဓိ ကာလော စ၊
ဒေဟ နိက္ခေပနံ ဂတိ။
ပဉ္စေ တေ ဇီဝ လောကသ္မိံ၊
အနိမိတ္တာ န နာယရေ။
(သံ၊ ဋ္ဌ၊ ၁၊ ၃၉။ ဝိသုဒ္ဓိ၊ ၁၊ ၂၂၈။)

အသက်, ရောဂါ၊ သေချိန်ခါနှင့်
မြှုပ်ရာဌာနေ၊ ရောက်လေ ဂတိ
ဤသည့်ငါးမျိုး၊ မသိနိုးဟု
ဆိုရိုးဓမ္မ၊ ထားခဲ့ကြ၏ … လို့ ဆိုထားတာ မဟုတ်လား။

ဘယ်အသက်အရွယ်မှာ၊ ဘယ်လိုရောဂါ ဘယ်အကြောင်းနဲ့၊ ဘယ်နေ့ဘယ်အခါ ဘယ်အချိန်မှာ သေပြီး၊ ဘယ်အရပ်မှာ မြှုပ်နှံရမယ်၊ ဘယ်ဂတိရောက်မယ်ဆိုတာ မသိနိုင်ကြဘူး မဟုတ်လား။ ခုဆိုရင်ပဲ ဆရာတော် ဦးပုညာနန္ဒကို ကြည့်ပေါ့။

….. ဒီတော့ …. ဟိုး အရင်က ‘ဗုဒ္ဓဓမ္မ လောကစာစောင်’ထဲ မှာ ပါတာနဲ့ တူတယ်။
ဒီ လင်္ကာလေး မှတ်သားစရာ ကောင်းတယ်။ လိုက်ဆိုကြည့်ကြ။

“မသေခင် တစ်ဘဝ
နေကြရ တို့သူငါ
ချစ်မေတ္တာ စိတ်မှာစွဲ
မြဲကြစေရာ။

လောဘနဲ့ ဒေါသကို ခွာ
မစ္ဆေရလွတ်ကင်း
ငြူစူမိ ထိုဣဿာ
ကိုယ်စိတ်မှာ ဝေးစေကွဲ့ မင်း။”

ဒီ ဘဝ ခဏတာ တွေ့ကြရတဲ့ အချိန်လေး မဟုတ်လား။ လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆရိယတွေ ဝေးဝေးထား၊ မေတ္တာနဲ့ နေကြ။

မိုးကုတ်ဆရာတော်ကြီးရဲ့ ဆိုဆုံးမမှုတွေကို ခံယူ လိုက်နာနေကြတဲ့ တပည့် သားသမီးတွေ ဆိုတော့ ဆရာတော်ကြီးရဲ့ အဆုံးအမ လင်္ကာလေးကို ဆိုလိုက်ကြဦး။

“ငါသည် မုချ သေရမည်
အချိန်ပိုင်းသာ လိုတော့သည်။
အသေမဦးခင် ဉာဏ်ဦးအောင် လုပ်ရမည်။”

သာဓု … သာဓု … သာဓု။

+++++

ပျံလွန်တော်မူသွားသော ဆရာတော် ဦးပုညာနန္ဒနှင့် အဝေးနေ,နေ အနီးနေ,နေ နေဖူးခဲ့ကြသော၊ ဆရာတပည့် ဖြစ်ခဲ့ဖူးကြသော၊ ဆရာတော်၏ တရားဓမ္မများကို နာယူဖူးခဲ့ကြသော တရားနာပရိတ်သတ်တို့အား ဆရာနှင့်တပည့်အကြား ရှိနိုင် ဖြစ်နိုင်ခဲ့ဖူးသော အပြစ်တို့ ကြေအေးကြစေရန် တောင်းပန်မှု ခွင့်လွှတ်မှုများကို ဆရာတော် ဦးစက္ကိန္ဒမှ တိုင်ပေး ချပေး၍ ရေစက်သွန်းချ ကောင်းမှု ကုသိုလ် အမျှ ပေးဝေခဲ့ကြလေသည်။




သာဓု … သာဓု … သာဓု။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP