* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 30, 2009

ဖြူးဆရာတော်ဘုရားကြီး၏ အန္တိမဈာပနအစီအစဉ်


ဖြူးဆရာတော်ဘုရားကြီးအား ပူဇော်သောအနေဖြင့် ယနေ့ည (၂၅-၁၁-၂၀၀၉)မှ စ၍ ငါးညတိုင်တိုင် တရားပွဲများကို ကျင်းပမည်ဖြစ်ပါသည်။ တစ်ညလျှင် ဆရာတော်နှစ်ပါးကျစီ တရားဟောကြမည်ဖြစ်ပါကြောင်း ဘုန်းဘုန်း ဦးအဂ္ဂဝရမှ မိန့်တော်မူပါသည်။

၂၅-၁၁-၂၀၀၉ - ပျဉ်းမနားဆရာတော် ဦးဇဋိလနှင့် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)

၂၆-၁၁-၂၀၀၉ - မြစ်သားဆရာတော်ဘဒ္ဒန္တဝါသဝနှင့် တိပိဋက စွန်းလွန်းဆရာတော်ဦးသုန္ဒရ

၂၇-၁၁-၂၀၀၉ - (၁၂)ဘွဲ့ရ ကျိုက်ထိုဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ နှင့်
ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ

၂၈-၁၁-၂၀၀၉ - ဒေါက်တာကောဝိဒ နှင့် ပဲနွယ်ကုန်းဆရာတော် ဦးစန္ဒာဝရ

၂၉-၁၁-၂၀၀၉ - ညောင်ကန်အေးဆရာတော် အရှင် ဣန္ဒက နှင့် ဝါးခင်းကုန်းဆရာတော် ဦးတိက္ခ

၃၀-၁၁-၂၀၀၉ - ယင်းနေ့တွင် အန္တိမဈာပနအခမ်းအနားကို နေ့လည် (၁၂)နာရီတိတိ အချိန်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး၊ ဖြူးဆရာတော်ဘုရားကြီး၏ ထေရ်ဆရာ အရှင်များဖြစ်ကြသော မြတောင် ဆရာတော်ဘုရားကြီးနှင့် ပေါက်မြိုင် ဆရာတော်ဘုရားကြီးတို့မှ သီလပေးသြဝါဒချီးမြှင့်ပေးကြမည်ဖြစ်ပါသည်။
ထို့နောက် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရမှ ရေစက်သွန်းချ အမျှပေးဝေပြီးနောက်တွင် ဖြူးဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်ကို ဆရာတော်ဘုရားကြီးများနှင့် တပည့်သံဃာများ၊ အစိုးရအဖွဲ့ဝင် လူကြီးမင်းများ၊ ဂေါပကအဖွဲ့ဝင်လူကြီးများ၊ တပည့်ဒကာ ဒကာမများနှင့် ဖြူးဆရာတော်ဘုရားကြီး၏ ဆွေတော် မျိုးတော်များမှ အဖွဲ့သုံးဖွဲ့ ခွဲကာ မင်းခမ်းမင်းနားဖြင့် ရေဝေးသုဿန်သို့ ပင့်ဆောင် မီးသဂြိုလ်မည်ဖြစ်ပါသည်။

ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဈာပနပွဲအပြီး တစ်ပတ်ခန့်အကြာတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ဖြူးမဟာစည်သာသနာ့ရိပ်သာ မူလကျောင်းတိုက်သို့ မြို့နယ်သံဃာနာယကအဖွဲ့ဆရာတော်များ၊ တာဝန်ရှိလူကြီးမင်းများ၊ တပည့်သံဃာတော်များနှင့် ဒကာ ဒကာမများမှ ပင့်ဆောင်ကြမည်ဖြစ်ပြီး ရိပ်သာတွင် သုံးညတိုင်တိုင် တရားပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။
ထို့နောက် ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဖြူးချောင်းတွင် ရေမျှောပူဇော်မည်ဖြစ်ပါ ကြောင်းကို ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိနေကြပါသော ဓမ္မမိတ်ဆွေ မြန်မာနိုင်ငံသားများအားလုံးသို့ စေတနာရှေ့ထား၍ အသိပေးကြေညာအပ်ပါသည်။

Tuesday, November 24, 2009
ကျေးဇူးတော်ရှင် ဖြူးဆရာတော်ကြီးအားရည်စူး၍ ကောင်းမှုကုသိုလ် ပြုလုပ်ကြပါမည်
၂၄-၁၁-၂၀၀၉ အင်္ဂါနေ့ နံနက် (၇)နာရီအချိန် မြန်မာနိုင်ငံ အာရှတော်ဝင်ဆေးကုခန်းတွင် ဘ၀နတ်ထံပျံလွန်တော်မူသော ကျေးဇူးတော်ရှင် နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော်ကြီးအား ရည်စူး၍ ဆရာတော်ကြီး၏ တပည့်ဒေါက်တာ ဥတ္တမသီရိ ဦးဆောင်မှုဖြင့် ဆရာတော်ကြီး၏တပည့်သာဝကများ ဓမ္မကျေးဇူးတင်ရှိဖူးသူများ စုပေါင်းကာ စင်္ကာပူနိုင်ငံ ဓာတ်တော်ကျောင်းတိုက်တွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်ချ အမျှအတန်းပေးဝေ ကုသိုလ်ပြုမည် ဖြစ်ပါ၍ ဆရာတော်ကြီး၏ တပည့် ဒါယကာ ဒါယိကာမများနှင့် ဓမ္မကျေးဇူးရှိသူများ မည်သည်မဆို ကြွရောက်ကုသိုလ်ယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ကုသိုလ်အလှူရှင်- ကိုရဲထွဋ်+မအေးသီတာ နှင့် ဆရာတော်ကြီး၏ တပည့် ဒကာ ဒကာမများ။

နေ့ရက်- ၂၇-၁၁-၂၀၀၉၊ သောကြာနေ့
အချိန်- နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ
နေရာ- ဓာတ်တော်ကျောင်းတိုက်
Lorong 4- Geylang- No-59
Near Kallang MRT
ဆက်သွယ်ရန်- +၆၅ ၈၃၁ ၉၈၀ ၄၂
ကလန်း MRT မှ ဘတ်စ်ကား ၃၂ ကိုစီးလာလျှင် နှစ်မှတ်တိုင်မြောက်တွင် ဆင်းရပါမည်။



ဖြူးဆရာတော်ဘုရားကြီး ပျံလွန်တော်မူခြင်း

နိုဝင်ဘာလ (၂၄)ရက် သတင်း။
ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ပြည်တွင်းပြည်ပသာသနာပြု ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိသည် အာရှတော်ဝင်ဆေးကုခန်းတွင် (၂၄-၁၁-၂၀၀၉) နံနက်(၇)နာရီ အချိန်တွင် ပျံလွန်တော်မူသွားပြီဖြစ်ပါ၍ ကြွင်းကျန်ရစ်သော ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား (၃၀-၁၁-၂၀၀၉) ရက်နေ့တွင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်းကို ရပ်ဝေးရပ်နီးမှ ဓမ္မမိတ်ဆွေအပေါင်းတို့အား ဝမ်းနည်းစွာ အသိပေးကြေညာအပ်ပါသည်။ အစီစဉ်အသေးစိတ်ကို ဆရာတော်ဦးအဂ္ဂဝရနှင့် ဆက်သွယ်၍ ဆက်လက် ဖေါ်ပြပေးသွားပါမည်။

ကြည်ညိုလေးစားခင်မင်ရပါသော ဆရာတော်အရှင်သူမြတ်များ၊ ဓမ္မမိတ်ဆွေများနှင့် ဓမ္မဘလော့ဂ်ဂါ ညီအကို မောင်နှမအပေါင်းတို့ (ဘုရား) ခင်ဗျား.....

ကျေးဇူးတော်ရှင် နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော်ဘုရားကြီး ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နှင့် ဗုဒ္ဓသာသနာတော်အတွက် အားထုတ် ကြိုးပမ်းဆောင်ရွက်လုပ်ဆောင်ခဲ့မှုများကို အာရုံပြုကြည်ညိုနှလုံးသွင်း၍ အထက်ပါသတင်းစာသားကို ဓမ္မမိတ်ဆွေများ၏ ကိုယ်ပိုင် အင်တာနက်ဝက်ဘ်ဆိုဒ်များနှင့် အီးမေးလ်များမှတဆင့် ထပ်ဆင့် ဖြန့် ဖြူးဝေမျှပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ


Read more...

Sunday, November 29, 2009

သတိပြုစရာအချက်တွေ...။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ နေ့စဉ်ဘုရားရှိခိုးတာ မေတ္တာပို့ အမျှဝေတာတွေ ရှိပါတယ်။ ဒီလိုမျိုး ဘုရားရှင်ရဲ့ တရားတော်တွေနဲ့ ဘုရားရှင်ကို ရှိခိုးပူဇော်တဲ့နေရာမှာ အသံထွက်တွေ မှားယွင်းလွဲမှားစွာထွက်ပြီး ရွတ်ဆိုနေတာတွေ အများစုတွေ့ရပါတယ်။ ဒါ့ကြောင့်လည်း ဒီသတိပြုစရာအချက်လေးတွေကို သိစေချင်တာပါ။ အမှားကို အမှန်မှန်းသိလာရင် မိမိကိုယ်တိုင်လည်း မှန်အောင်ပြုပြင်ရမှာဖြစ်သလို ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပါ အမှန်ဘက်ရောက်အောင် ပြုပြင်ပေးရမှာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးဟာ မင်္ဂလာသတင်းစဉ် (http://mawluu.blogspot.com/) မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ဒီဘလော့လေးဆီကိုလည်း စာဖတ်သူတွေ အရောက်နည်းတဲ့အတွက် အများသိစေခြင်း အလို့ငှာ ကူးယူဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးဟာ မြတ်မင်္ဂလာမှ စာရေးသူက ဆရာတော်ဘုရားအား ဘုရားရှိခိုးရာမှာ သတိပြုစရာအချက်တွေကို လျောက်ထားမေးမြန်းပေးတဲ့ အကြောင်းအရာလေးပါ။ ဘုရားရှိခိုးရာမှာ သတိပြုစရာအချက်လေးတွေကို သေချာနားလည်သဘောပေါက်မှန်ကန်အောင် ပြုပြင်နိုင်ပြီး အမှန်အတိုင်း ရွတ်ဆိုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း မှားတာတွေ့ရင် အမှန်ပြင်နိုင်ကြပါစေ…။

ဘုရားရှိခိုးရာ သတိပြုစရာ
၁၃၆၃-ခုနှစ်၊ (၂၀၀၁-ခု) နွေရာသီကျောင်းပိတ်ရက်တွင်… မြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဆရာ ဆရာမများ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြသင်တန်းဆင်းပွဲ ကျင်းပသည်။ စာရေးသူအား ထိုပွဲသို့ တက်ရောက်ရန် သက်ဆိုင်ရာ ဆရာတော်ဘုရားက ကျောင်းသားတယောက်ကို လွှတ်၍ စာဖြင့် အကြောင်းကြားသည်။ သို့ဖြင့် စာရေးသူသည် သင်တန်းဆင်းပွဲ ပြုလုပ်သည့်ရက်တွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိခဲ့ပါသည်။

သင်တန်းဆင်းပွဲသို့ ဆရာတော် ၅-ပါး ကြွရောက်သည်။ မြို့နယ် ရပ်ကွက်မှ တာဝန်ရှိသူများလည်း တက်ရောက်သည်။ သင်တန်းသား၊ ဆရာ ဆရာမများ စုံညီလည်းတက်ရောက်သည်။ သင်တန်းဆင်းပွဲတွင် ပဓာနနာယက ဆရာတော်ဘုရားကြီးက သြ၀ါဒကထာ ချီးမြှင့်သည်။ ဆရာတော်ဘုရားကြီးက သြ၀ါဒ ပေးတော်မူရာတွင် ဗျသနတရားငါးပါး အနက်မှ သီလဗျသန (ကောင်းသော ကိုယ်ကျင့်သီလ ပျက်စီးခြင်း)နှင့် ဒိဋ္ဌိဗျသန (မိစ္ဆာဒိဋ္ဌိအယူမှားခြင်း) တို့ ဖြစ်ပါက တဘ၀သာမဟုတ်၊ ဘ၀များစွာ ဒုက္ခပေးနိုင်ကြောင်း သြ၀ါဒ ပေးတော်မူသည်။ယင်းသို့သြ၀ါဒပေးရာမှ-
(၁)ဘုရားရှိခိုးခြင်း။
(၂)မေတ္တာပို့အမျှဝေခြင်း။
(၃)ဒါနပြုခြင်း။
(၄)သာသနာသန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် ဆောင်ရွက်ခြင်းတို့ ပြုရာတွင် မှန်ကန်မှုရှိရန် လိုအပ်ကြောင်း။ သီလတောင်းရာတွင် မတောင်းတတ်သဖြင့် ရဟန်းတော်က ရှေ့ကဆိုပေးသည်ကို လိုက်ဆိုနေရကြောင်း၊ ပါဠိကို ရွတ်ဆိုရာတွင်လည်း ပုဒ် ပါဌ် အက္ခရာ အဖြတ်အတောက် မှန်ကန်အောင် ရွတ်ဆိုတတ်ဖို့လိုကြောင်း စသည်တို့ကို ထည့်သွင်းသြ၀ါဒပေးသွားသည်။

ဆရာတော်ဘုရားကြီး၏ သြ၀ါဒမှာ အဖိုးထိုက်တန်လှသဖြင့် သင်တန်းဆင်းပွဲ ပြီးသောအခါ စာရေးသူသည် ဆရာတော်ကြီးထံချဉ်းကပ်၍ အောက်ပါအတိုင်း မေးမြန်းလျှောက်ထားခဲ့သည်။

စာရေးသူ။ ။ ဆရာတော် သြ၀ါဒပေးတဲ့အထဲမှာ ပါဠိကို ပုဒ် ပါဌ် အက္ခရာ မှန်ကန်အောင် ရွတ်ဆိုဖို့ဆိုတာ ကြားနာရပါတယ်ဘုရား။ တပည့်တော်ကို ရှင်းပြတော်မူပါဘုရား။

ဆရာတော်။ ။ ရှေးဦးစွာ ပါဠိတော်ကို ရွတ်ဖတ်မှု အသံထွက် မှန်ကန်ဖို့ အရေးကြီးကြောင်း ဘုန်းကြီးပြောပြ ချင်တယ်။ အတ္ထော အက္ခရ သညာတော-ဆိုတဲ့ ပါဠိတော်အရ အနက်ကို အက္ခရာတို့ဖြင့်သာ သိနိုင်ပါတယ်။
အက္ခရာမမှန်လျှင်ပုဒ်မှန်မည်မဟုတ်ပါ။
ပုဒ်မမှန်လျှင်ဝါကျမှန်မည်မဟုတ်။
ဝါကျမမှန်လျှင်အနက်မှန်ကိုသိနိုင်မည်မဟုတ်။
အနက်မမှန်လျှင်အကျင့်မှန်ကိုသိနိုင်မည်မဟုတ်။
အကျင့်မှန်ကို မသိနိုင်လျှင် နိဗ္ဗာန်ရောက်ရန် နည်းလမ်းမှန်ကို သိရမယ်မဟုတ်ဘူး ဒကာကြီး။
ဒါကြောင့် ပါဠိတော်တွေကို ရွတ်ဖတ်မှု မှန်ကန်ဖို့ အလွန်အရေးကြီးတာပဲ။

စာရေးသူ။ ။ တပည့်တော် သဘောပေါက်ပါပြီဘုရား။ ဆက်လက်အမိန့်ရှိပါဦးဘုရား။
ဆရာတော်။ ။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ နေ့စဉ်ပြုလုပ်တဲ့ ဘုရားရှိခိုးခြင်းနဲ့ ပတ်သက်ပြီး မှန်ကန်မှုရှိဖို့ အထူးလိုအပ်ပါတယ်။ ထိုင်နည်းကိုတော့ အသေးစိတ် မပြောလိုတော့ပါဘူး။ ခန္ဓာကိုယ် အချိုးအစားအရ ကိုယ်ကာယမျှတအောင် ရိုရိုသေသေ ထိုင်ဖို့လိုပါတယ်။

လက်အုပ်ချီရမယ့် အနေအထားအမှန်က လက်ဖ၀ါးနှစ်ဖက်ကို ပူးကပ်မထားရပါဘူး။ ကြာဖူးပုံသဏ္ဍာန်သာ ထားရပါမယ်။ လက်မက မျက်ခုံး။ လက်ညှိုးက ဆံစကို ထိထားပြီးမှသာ လက်စုံမိုး ရှိခိုးတာ ဖြစ်ပါမယ်။
လက်စုံမိုးပြီး ခြေနှစ်ဖက်၊ ဒူးနှစ်ဖက်၊ လက်နှစ်ဖက်၊ တံတောင်နှစ်ဖက်နဲ့ နဖူးတို့ကို ကြမ်းပြင်၊ သို့မဟုတ်-မြေမှာထိပြီး ရှိခိုးရမယ်။ ဒါမှ ထိခြင်း၊ တည်ခြင်း ငါးပါးလို့ ဆိုရမယ်။

အခုတော့ အချို့သူများဟာ လက်ဝါးနှစ်ဖက်ကို ပူးကပ်ကာရင်ညွန့်နေရာမှာထားပြီး ရှိခိုးနေတာ တွေ့ရတယ်။ ခေါင်းက မော့လျက်နဲ့၊ လက်နှစ်ဖက်ပူးလျက်နဲ့ ကြမ်းပြင်ကို ချပြီး ကန်တော့နေကြတာ တွေ့ရတယ်။ ဒီလို မပြုသင့်ဘူး။ပြုပြင်သင့်တယ်။

ရင်ညွန့်မှာ လက်အုပ်ချီတာက တဦးနဲ့တဦး တွေ့တဲ့အခါ ဂါရ၀ပြုတဲ့ အမှုပဲ။ ကျောင်းသူ ကျောင်းသားတွေက ဆရာ ဆရာမများ အတန်းထဲဝင်လာတဲ့အခါ မင်္ဂလာပါ ဆရာ၊ ဆရာမ-ဆိုပြီး နှုတ်ခွန်းဆက် ဂါရ၀ပြုတဲ့အခါ အခုလို ရင်ညွန့်မှာ လက်အုပ်ချီခြင်း ပြုရပါမယ်။

စာရေးသူ။ ။ရွတ်ဆိုမှုအမှားတွကို အမိန့်ရှိပါဦးဘုရား။
ဆရာတော်။ ။ သြကာသကန်တော့ချိုးနဲ့ ရှိခိုးရာမှာ- သြကာသ-- ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား- လို့ဆိုပြီး ရပ်ထားရမယ်။ ကန်တော့ရသော အကျိုးအားကြောင့်ဆိုပြီး ဆုတွေတောင်းဖို့ မလိုဘူး။ အခုတော့ တောင်းလိုက်တဲ့ဆုတွေက အများကြီး။ သီလပေးတဲ့ ဆရာတော်ကတောင် ဆုပေးစရာ မကျန်တော့ဘူး။ ဒီအချက်ကိုလဲ ပြုပြင်သင့်တယ်။

ကန်တော့ပြီးတဲ့နောက် သီလပေးတဲ့ဆရာတော်က ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါးသီလ တမျိုးမျိုးကို သီလတောင်းပါလို့လဲ ပြောလိုက်ရော မတောင်းတတ်ကြတော့ဘူး။ ဘာသံမှ ထွက်မလာတော့ဘူး။ ဟိုကြည့် သည်ကြည် လုပ်နေကြပြီး သီလမတောင်းတတ်မှန်းသိလို့ ဆရာတော်က-ကဲ ကဲ လိုက်ဆိုကြဆိုပြီး ရှေ့ကနေ ပါဠိလိုချပေးရတယ်။

အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ-လို့ ချပေးတာကို လိုက်ဆိုရာမှာ အသံထွက်မမှန်တဲ့ ရွတ်ဆိုမှုနဲ့ အဖြတ်အတောက် မမှန်တဲ့ လိုက်ဆိုမှုတွေကို တွေ့နေရတယ်။

ဥပမာ-အဟံ ဘန္တေ-လို့ ဆိုရမယ့်အစား အဟံ ဘန်းတေ-လို့ ၀ိသဇ္ဇနီသံ၊ ၀စ္စပေါက်သံ ထည့်ဆိုနေကြတယ်။
ဘန်းတေ-လို့ရွတ်ဆိုတာဟာ မမှန်ဘူး။ ပါဠိမှာ ၀ဇ္ဇနီသံ၊ ၀စ္စပေါက်သံ မရှိပါဘူး။
အဟံ ဘန်တေ- ( အဟံ ဘန္တေ ) လို့ အသံထွက်ရပါမယ်။

တိသရဏေန-လို့ ရွတ်ဆိုတဲ့အခါမှာလဲ တစ်သရဏေန- လို့ အချို့က မှားဆိုနေကြပြန်တယ်။ တိသရဏေန-လို့ အမှန်ဖြစ်အောင် ပြင်ရပါမယ်။

နောက်ပြီး- တိသရဏေန- သဟ- ပဉ္စသီလံ-လို့ ရွတ်ဆိုရမှာဖြစ်သော်လည်း အချို့က တိသရဏေန သဟ-ပဉ္စသီလံ -လို့ ဖြတ်သင့်ရာ မဖြတ်ဘဲ စပ်သင့်ရာ မစပ်ဘဲ (သဟ-နဲ့ပဉ္စသီလံ တွဲပြီး) အမှားရွတ်ဆို နေကြတယ်။

ဓမ္မံ ယာစာမိ-လို့ ရွတ်ဆိုရာမှာလဲ ဓမ္မံ-ကို ဓမ်မံ-လို့ရွတ်ဆိုရမယ့်အစား ဓမံ-လို့ မှားယွင်းရွတ်ဆိုနေတာ တွေ့ရတယ်။ ပြုပြင်သင့်တယ်။ယာစာမိ-ကို အချို့က ယာဆာမိ-လို့ စ နဲ့ ဆ မကွဲဘဲ ရွတ်ဆိုတော့ အက္ခရာမမှန်ရင် ပုဒ်မှန်မှာ မဟုတ်ဘူး။ဒကာကြီးတို့ကျောင်းမှာ အင်္ဂလိပ်စာသင်တော့ အသံထွက်မှန်အောင် ဖတ်ရ၊ ပြောရတယ် မဟုတ်လား။ အင်္ဂလိပ်စာမှာ အသံထွက်မမှန်ရင် အဓိပ္ပါယ်အမျိုးမျိုး ထွက်သွားတယ်မဟုတ်လား။ ဘုရားဟောပါဠိကို အသံထွက်မှန်အောင် ပိုပြီးဂရုစိုက်ရမှာပေါ့။

ပြီးတော့ အချို့က ဒေထ-ကိုလဲ ဒေးထ-လို့ ၀စ္စနှစ်လုံးပေါက်သံထည့်ပြီး မှားယွင်းရွတ်ဆိုနေကြပြန်တယ်။ ဒေထ-သာ အမှန်ဖြစ်ပါတယ်။ နောက်ပြီး နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ-ကို ရွတ်ဆိုရာမှာလဲ နမော နဲ့ တဿ ကို မဖြတ်ဘဲ တွဲစပ်ရွတ်ဆိုနေကြတယ်။ အမှန်က နမော တဿ-လို့ ဖြတ်ပြီးရွတ်ဆိုရမယ်။ နမောတဿ-လို့ တွဲစပ် မရွတ်ဆိုရဘူး။

နောက်ပြီး ဘဂ၀တော-လို့ တွဲစပ်ရွတ်ဆိုနေတာကိုလဲ တွေ့ရတယ်။ ဘဂ၀-တော လို့ ရွတ်ဆိုနေတာကိုလဲ တွေ့ရတယ်။အမှန်က ဘဂ-၀တော လို့ ရွတ်ဆိုမှ မှန်တယ်။ ဒီနေရာမှာ ဘဂ-ပုဒ် ဘုန်းတော်ခြောက်ပါး။ ၀တော-(၀န္တ)(ပစ္စည်း)ရှိသောပုဂ္ဂိုလ်-လို့ သိထားသင့်တယ်။

စာရေးသူ။ ။ အဖိုးတန်လှပါတယ် ဘုရား၊ အမှားရွတ်ဆိုသူတွေ အမှန်ရွတ်ဆိုနိုင်အောင် ပြုပြင်သင့်လှပါတယ်။
ဆရာတော်။ ။ နောက်ပြီး ငါးပါးသီလ ခံယူရာမှာ ပါဏာတိပါတာ ဝေရမဏိ-လို့ ရွတ်ဆိုရမယ့်အစား
ပါဏာတိပါတာ ဝေရာမဏိ-လို့ ရ-ကို ရေးချထည့်ပြီး ရာ-လို့ မှားယွင်းရွတ်ဆိုနေတာကိုလဲ ကြားရတယ်။ ရ-ကို ရာ-လို့မမှားအောင်သတိပြုရပါမယ်။

တဖန် အဒိန္နာဒါနာ-ကိုလဲ အဒိန္နဒါနာ-လို့ မှားယွင်းစွာ ရွတ်ဆိုနေကြပြန်တယ်။ ဒိန္နာ-မှာ ရေးချသံပါတာကို သတိပြုရပါမယ်။ သုရာမေရယ-ကိုလဲ သူရာမေရိယ-လို့ မှားယွင်းစွာ ရွတ်ဆိုနေကြပြန်တယ်။ သုရာမေရယ-သာ အမှန်ဖြစ်ပါတယ်။ မဇ္ဇပမာဒဋ္ဌာနာ-ကိုလဲ မဇ္ဇပမာဒဌာနာ-လို့ မှားယွင်းရွတ်ဆိုနေကြတယ်။
မဇ္ဇပမာဒဋ်ဌာနာ-(မဇ္ဇပမာဒတ်ဌာနာ) လို့ အသံထွက်ရပါမယ်။ ဌ-(ဌ၀မ်းဘဲ) နဲ့ ဋ္ဌ (လည်ချိတ်ပါတဲ့
ဋ္ဌ၀မ်းဘဲကြီး) တို့ဟာ မတူပါဘူး။ လည်ချိတ်ပါတဲ့ ဋ္ဌ ၀မ်းဘဲကြီးက ဌ နဲ့ ဋ ပေါင်းစပ်ထားတာပါ။ (ဌ+ဋ=ဋ္ဌ) ဖြစ်တယ်။ ဋ္ဌ ဆိုရင် ဋ သတ်ထည့်ရမယ်။ ဥပမာ ပြဋ္ဌာန်း-(ပြဋ်ဌာန်း) ဖြစ်ပါတယ်။ ဒါကြောင့် မဇ္ဇပမာဒဋ်ဌာနာလို့ အသံထွက်ရပါမယ်။

စာရေးသူ။ ။ ဒီလိုအမှားတွေ ရွတ်ဆိုမှုကို အချို့ဆရာတော်များက ပြင်ပေးကြပါတယ်ဘုရား။ ပြုပြင်သင့်တဲ့အချက်တွေပါဘုရား။
ဆရာတော်။ ။ ဒါကြောင့် အခု ဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြသင်တန်းမှာလဲ ဒီလိုအမှားတွေ မဖြစ်ဖို့ အထူးဂရုစိုက်ပြီး သင်ကြားပေးနေတာကို ၀မ်းသာမိပါတယ်။

စာရေးသူ။ ။ သာဓုပါဘုရား။

( ရဲဘော်မျိုးညွန့်-သ-သ-န )

အမှန်အတိုင်းသိရှိပြီး လိုက်နာကျင့်ကြံနိုင်ကြပါစေ…။

Read more...

တွေးမိသမျှလေးတွေပါ။

၂၀၀၈ နှစ် သီတဂူတက္ကသိုလ်(ရန်ကုန်) သင်တန်းတက်ရောက်စဉ်က သီတဂူဆရာတော်ကြီးက မင်းတို့အား
လုံးသင်တန်းပြီးလို့အတန်းဆင်းတဲ့အခါတိုင်း အခုငါရွတ်ပြတဲ့ဆောင်ပုဒ်ကိုမင်းတို့အမြဲတမ်းရွတ်ကြရမယ်နော်
ထိုကဲ့သို့မိန့်ကြားပြီး ငါတို့ဖြစ်ရ ဤလောက၀ယ် ဘ၀သမိုင်း မရိုင်းစေရန် စိတ်မာန်မချ မာနမပါတို့ တို့စွမ်းရာ
ဖြင့် တို့သာသနာ တို့ပြည်ရွာကို သာယာစေမှု လုံးလပြုအံ့ ဤကဲ့သို့ရွတ်ဆိုပြလေသည်။
စာပေလိုက်နာ နာယူမှတ်ရေး ထေရ်အရှင်လေးတွေအားလုံးသည်လည်း ထိုဆောင်ပုဒ်ကို ဆရာတော်အားကြည်
ညိုလေးစားကြသောအားဖြင့်လည်းကောင်း ထိုဆောင်ပုဒ်ရဲ့ ရွတ်ဆိုလို့ကောင်းသည့်အပြင် လေးနက်သော
အသွင်အပြင်ရှိနေသောကြောင့်လည်းကောင်း ဆရာတော်မရွတ်ဆိုမီကပင် အားလုံးကြားဖူး မှတ်သားဖူးကြသည်။
ထို့ကြောင့် စာရေးသူတို့အားလုံးတစ်ခေါက်ဆိုခြင်းဖြင့် ဆရာတော်နှင့်အတူတကွ လိုက်ပြီး ညီညာစွာ ရွတ်ဆိုလိုက်ကြလေသည်။
ဆရာတော်ကြီးသည် ဘာကြောင့်ဒီဆောင်ပုဒ်ကိုရေးရသနည်းဟုဆိုရင် ထိုဆောင်ပုဒ်ထဲက အသွင်အပြင်တွေကို ကြည့်လိုက်ခြင်းဖြင့်သိနိုင်ပါတယ်၊ ထိုဆောင်ပုဒ်ရဲ့ အဓိပ္ပါယ်ကိုတော့မင်းတို့ တွေးတော
ကြံကြပေတော့အမိန့်မရှိလိုက်သော်လည်းမိမိတို့အားလုံးတို့သည်အမိန့်ရှိလိုက်သလိုပင်ခံစားရလေသည်
ထို့ကြောင့်မိမိသည် အပြန်လမ်းမှာတော့ ခါတိုင်းလို့ ခြေလှမ်းတို့ မသွက်တော့ပေ တစ်လမ်းလုံး ထိုဆောင်
ပုဒ်၏ အနက်အဓိပ္ပါယ်ကို မိမိဘာသာ စွမ်းအားရှိသလောက်ပြန်ကြည့်မိလေသည်။
ငါတို့ဖြစ်ရ ဤလောက၀ယ် ဖြစ်ပေါ်ဘို့ရန် အကြောင်းတရားကို အခြေခံကာ မိမိတို့ ဖြစ်ပေါ်လာကြရသည်
ဘယ်သူဘယ်ဝါ ဖန်ဆင်သောကြောင့် ငါတို့ဖြစ်လာကြသည်မဟုတ်ပေ၊ထိုကဲ့သို့ဖြစ်ပေါ်လာကြသောအခါ ထို
သူတို့သည် လောက သုံးပါးမှာပင်ဖြစ်ပေါ်လာကြရသည်၊ ထိုလောက သုံးပါးမှာ ၁။သတ္တလောက၊၂
။သင်္ခါရလောက၊ ၃။ သြကာသလောက ဟူ၍ သုံးပါးရှိလေသည်။
ဆက်ရေးပါမည်ဘုရား။

| | 0 comments

Read more...

ဆောင်ထားသင့်သည့် -၇-နေ့ ဗုဒ္ဓ၀င်

တစ်ဘက်ပါ Player-နဲ့ ဖော်ပြထားတဲ့ လယ်တီဆရာတော်ဘုရားကြီး၏ ဘုရားဖြစ်တော်စဉ် -၇-နေ့ ဘုရားရှိခိုးကို -BC-ခုနှစ်များ ဖြည့်စွက်ကာ စိတ်ဝင်စားစရာ, ဆောင်ထားစရာ ဖြစ်အောင် မေမေ့လပြည့်ဝန်းလေး Photoshop-လေ့လာရင်း ဒီပုံနှင့် အလင်္ကာလေးတွေကို စီစဉ်ထားတာ ဖြစ်ပါတယ်။ ဓမ္မမိတ်ဆွေများ မှတ်သားဖွယ်အဖြစ် အလိုရှိက ယူနိုင်အောင် တင်ပေးလိုက်ပါတယ်။
မိမိတို့ ဗုဒ္ဓဘာသာဝင်များအနေနှင့် ဗုဒ္ဓ၀ံသပါဠိတော်၊ ဒါမှမဟုတ် ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး ရေးသားပြုစုတဲ့ ဗုဒ္ဓ၀င် (၆)တွဲ၊ (၈)အုပ် စာအုပ်ကြီးများကို မလေ့လာနိုင်ရင် နေပါစေ၊ ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်ကို အကျဉ်းချုပ်ကိုတော့ မဖြစ်မနေ သိထားသင့်၊ ဆောင်ထားသင့်ပါတယ်။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ အမြှော်အမြင်ကလည်း ကလေးလူကြီး ဆောင်ထားစေချင်တဲ့ ဆန္ဒနှင့် စီစဉ်ခဲ့တာ ဖြစ်မှာပါ။
အခု မေမေ့လပြည့်ဝန်းလေးရဲ့ ဆန္ဒကတော့ ဆရာတော်ကြီးများလောက် အမြှော်အမြင်တော့ မရှိပါဘူး၊ ကိုယ့်ပညာလည်းလေ့လာရင်း ဓမ္မမိတ်ဆွေများအားလည်း ဆရာတော်ဘုရားကြီး၏ ဗုဒ္ဓဘာသာ ရွှေမြန်မာတို့အတွက် ဖြစ်စေချင်တဲ့ ဆန္ဒကို ခေတ်နှင့်အညီ နဲနဲလေး ထပ်မံဖြည့်ဆည်းယုံသက်သက်ပါ။
အခုလက်ရှိ လယ်တီဆရာတော်ဘုရားကြီး၏ တဘက်ပါ Player-ထဲမှာပါတဲ့အတိုင်း ပထမလယ်တီ ဆရာတော်ဘုရား၏ ဘ၀ဇာတ်ကြောင်းကို ပြန်လည်ပြောပြခန်းမှာ ရှင်းပြချက် အလိုအရဆိုရင်.. ယခုလက်ရှိဆရတော်ဘုရားကြီး၏ ငယ်စဉ်က စာသင်ကျောင်းတွေမှာ ကျောင်းစာမသင်ခင် ဒီလင်္ကာများ ရွတ်ဆိုကာ ဘုရားရှိခိုးပြီးမှ ကျောင်းစာသင်ရတယ်လို့ မိန့်ကြားထားတာကို မှတ်သားရပါတယ်။
မေမေ့လပြည့်ဝန်းလေးတို့ ကိုရင်ဘ၀ အခြေပြုမူလတန်းဖြေစဉ်ကလည်း ဒီ (၇)နေ့ ဘုရားရှိခိုး အလင်္ကာများကို သင်ကြားရပါတယ်။ ဒါပေမယ့် အခုတော့ သင်ရိုးထဲမှ ဖြုတ်လိုက်ပါပြီ။
စာသင်ကျောင်းတွေမှာလည်း ရှေးဓလေ့ထုံးတမ်းစဉ်လာလို့ ရှိခိုးရိုးမရှိ၊ ဘုန်းတော်ကြီးသင် - သင်ရိုး ကျမ်းစာတွေမှလည်း ဖြုတ်လိုက်လို့ မသင်ကြား၊ မလေ့လာကြရသော်လည်း ကိုယ့်အသိတရားများဖြင့် ဗုဒ္ဓဖြစ်စဉ်ကို အလင်္ကာပုဒ် (၇)ပုဒ်နဲ့ စီစဉ်ထားတဲ့ ဒီအလင်္ကာများကိုတော့ “နမော တဿ”-ဘုရားရှိခိုး ရသလို ရအောင် လုပ်ထားသင့်တယ်လို့ ထင်ပါတယ်။
ဒီအလင်္ကာများကို ဆောင်ထားခြင်းဖြင့် ဗုဒ္ဓဖြစ်စဉ်နှင့်ပတ်သက်၍ ဘာသားခြားကပဲ မေးမေး၊ တခြား မသိသေးသူတို့က သိလိုလို့ပဲ မေးမေး အလွယ်တကူလည်း ဖြေနိုင်ပါတယ်။ တခါ ဒီအလင်္ကာလာ အဓိပ္ပါယ်များကို လေးလေးနက်နက်သိရခြင်းဖြင့် မိမိတို့ကိုးကွယ်တဲ့ ဘုရားသည် ဒဏ္ဍာရီပုံပြင်လာ ဘုရားမျိုးမဟုတ်၊ တကယ် မွေးသက္ကရာဇ်၊ ခမည်းတော်၊ မယ်တော် စသည်အတိအကျနှင့် ရှိတာဖြစ်သဖြင့် ပိုပြီးတော့လည်း ကိုယ်ကိုးကွယ်တဲ့ ဘုရားအပေါ်မှာ လေးစားကြည်ညိုစရာ ဖြစ်စေနိုင်တယ်ဆိုတာ တင်ပြရင်း...
ဘာသာရေး အသိဉာဏ်တိုးပွားကြပါစေ...
==============================
ဗုဒ္ဓ၀င်အကြောင်း မေမေ့လပြည့်ဝန်းလေး ရေးဘူးခဲ့သည်များ..
ဗုဒ္ဓ၀င်အကြောင်း ဒီမှာ ရေးဘူး

ဗုဒ္ဓ၀င်အကြောင်း ဒီမှာလည်း ရေးဘူး

မင်းကွန်းဆရာတော်ဘုရားကြီး၏ ဗုဒ္ဓ၀င် အင်္ဂလိပ်ဘာသာဖြင့်
==============================










==============================
ပုံများကို ဒီမှာ တင်ထားပါတယ်
==============================
ပုံများကို ဒီမှာလည်း တင်ထားပါတယ်

Read more...

Meditation Retreat with Mae Chee Brigitte

by Cittasamvaro

1st – 9th January 2010

International Meditation Retreat

With Mae Chee Brigitte

This retreat will be held in a temple outside Bangkok (roughly 700 baht taxi from town) – the same temple where Phra Frank resides – most regulars will know him well. A very good way to start the new decade!

Mae Chee Brigitte is a German nun practising in Thailand for 20+ years. She has gained a good reputation for teaching meditation over the last decade, and in fact will be awarded for this service in December by HRH Princess Chulabhorn. Retreat will be in English, with Thai and German included as appropriate. Suitable for new and old meditators – with some personal guidence given as desired.

It is possible to attend for just part of the period, though preference will be given to those who can stay the whole 9 days. Daily schedule will include guided group sitting and walking meditation throughout the day, with some breaks. Meditation is Vipassana Insight style. Click the image below to link to her website:

Read more...

*မာန်မာနတွေ လျှော့ကြကွယ်*

မာန

ထောင်လွှား တက်ကြွခြင်း သဘောကို “မာန” လို့ ခေါ်ပါတယ်၊ ဒီမာနဟာ ထောင်လွှား တက်ကြွခြင်း သဘော ရှိပါတယ်၊ လောကမှာ ပုဂ္ဂိုလ်အတန်းအစားခွဲရင် -

၁။ သေယျပုဂ္ဂိုလ် = အထက်တန်းစားလူမျိုး၊
၂။ သဒိသပုဂ္ဂိုလ် = အများနှင့် တန်းတူလူမျိုး၊
၃။ ဟီနပုဂ္ဂိုလ် = အောက်တန်းစားလူမျိုး
ဒီလို (၃) မျိုးကို တွေ့နိုင်ပါတယ်၊ တစ်မျိုးတစ်မျိုးမှာ -

က။ သေယျမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ အဖက်ဖက်က သူများထက် သာတယ် - လို့ မှတ်ထင်မှု၊
ခ။ သဒိသမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ သင်းတို့နှင့် ဘာထူးသလဲ - လို့ မှတ်ထင်မှု၊
ဂ။ ဟီနမာန် = သူတို့အောက်ကျတော့ ငါက ဘာအရေးစိုက်ရမှာလဲ - လို့ မှတ်ထင်မှု။
ဒီလို သုံးမျိုးစီ ကွဲပြားနိုင်ပါတယ်။

ဒီ (၉) မျိုးထဲက သေယျပုဂ္ဂိုလ်ရဲ့ သေယျမာန်၊ သဒိသပုဂ္ဂိုလ်ရဲ့ သသိသမာန်၊ ဟီနပုဂ္ဂိုလ်ရဲ့ ဟီနမာန်ဟာ ဟုတ်မှန်တဲ့အတိုင်း မာန်မူခြင်း (ယာထာဝမာန်) မည်ပါတယ်၊ ဒီယာထာဝမာန်မျိုးကို အရဟတ္တမဂ်ကသာ ပယ်နိုင်ပါတယ်။

ဇာတိမာန်

မျိုးရိုး ကောင်းတဲ့အတွက် မာန်တက်တာ မျိုးကို ဇာတိမာန်လို့ ခေါ်ပါတယ်၊ ယခုခေတ်မှာလည်း အသင့်အတင့် မျိုးရိုး ကောင်းသူတွေ ရှိနေတတ်ပါတယ်၊ ဒါပေမယ့် ဟန်ကြီးပန်ကြီး လုပ်ကာ မာန်မာန တက်လောက်အောင် တစ်ဖက်သားကို ကိုယ့်ခြေဖ၀ါး အောက်ကလို မှတ်ထင်ရ လောက်အောင် မျိုးရိုး ကောင်းကြတာ မျိုးတော့ မဟုတ်ပါ။

ရှေးဘ၀က မထောင်လွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ မြင့်မြတ်တဲ့ အမျိုးဖြစ်ရတာကို အကြောင်းပြုပြီး ယခုဘ၀မှာ ထောင်လွှား တက်ကြွ မာန်မာန ကြီးနေခဲ့ပါလျှင် နောင်ဘ၀ သံသရာမှာ ယုတ်ညံ့ အောက်ကျ သူတစ်ပါးရဲ့ ခြေဖ၀ါးအောက်သို့ ရောက်ရမယ့် အရေးကို အဖန်ဖန်တွေးလို့ မိမိရဲ့ စိတ်ဓာတ်ကို ဖြူဖွေးသန့်စင် မာန်မာန မ၀င်အောင် ပြုပြင်သင့်ပါတယ်။

ဓနမာန်

ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝတာကို အကြောင်းပြုလို့ ဖြစ်ပေါ်လာတဲ့ မာန်မာနမျိုးကို ဓနမာန် (ဥစ္စာမာန်) လို့ ခေါ်ပါတယ်၊ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသူတွေက ပစ္စည်းဥစ္စာ မရှိသူတွေနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကား မပြောနိုင်ဘဲ မာန်မာန တက်ကာ အဖက်မတန် သလို ဟန်ကြီးပန်ကြီး လုပ်မနေသင့်ပါ၊ ရှေးက အလှူ ဒါနည်းခဲ့လို့ ယုခုဘ၀မှာ ဆင်းရဲနေကြရတာ ပဲလို့ သနားကြင်နာ ကရုဏာသက်ပြီး သူတို့ကို နှုတ်နဲ့လည်း ကူညီသင့်ပါတယ်၊ ကိုယ်နဲ့လည်း ကူညီသင့်ပါတယ်၊ အခြေနေ အားလျော်စွာ ပစ္စည်းဥစ္စာ နဲ့လည်း ကူညီသင့်ပါတယ်၊ အဲဒီလို ကူညီလိုက်တဲ့ အတွက် မိမိမှာ ဂုဏ်တက် လာစရာသာ ရှိပါတယ်၊ ဂုဏ်ယုတ်စရာ မရှိပါ၊ မိမိမှာ အကြောင်းကိစ္စ ရှိတဲ့ အခါမှာလည်း သူတို့ရဲ့ အကူအညီကို ရနိုင်ပါ သေးတယ်၊ ဒါပေမယ့် သူ့ကျေးဇူးကို မသိတတ်ဘဲ အင်မတန် မိုက်တွင်းနက် နေသူတွေကိုတော့ သတိ ထားသင့်ပါတယ်။

ဒီ ပစ္စည်းဥစ္စာ ဆိုတာဟာ တစ်သက်စာ မျှသာ ဖြစ်ပါတယ်၊ ဘေးအန္တရာယ်လည်း အလွန် များလှပါတယ်၊ ခိုင်မြဲမှု သဘောလည်း မရှိပါ။ ပစ္စည်းသင်္ခါရ လူသင်္ခါရသာ ဖြစ်ပါတယ်၊ တစ်နေ့မှာ ပစ္စည်းဥစ္စာက ဖြစ်စေ၊ ပစ္စည်းဥစ္စာရဲ့ ပိုင်ရှင်က ဖြစ်စေ စွန့်ခွာသွားတတ် ပါတယ်၊ ဒါ့ကြောင့် ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝ သလို နောက်ဘ၀မှာလည်း ချမ်းသာ ကြွယ်ဝအောင် ဥစ္စာမာန် တက်နေမယ့် အစား အလှူဒါနကို စွမ်းအားအလျောက် ပြုလုပ်ကာ ကိုယ့်နောက်ကိုသာ အပါ ယူသွားသင့်ပါတယ်။

ပညာမာန်

စာပေ တတ်ကျွမ်းသူ တွေရဲ့ မာန်ကို စာပေမာန်လို့ ခေါ်ပါတယ်၊ စာပေ ပညာဆိုတာဟာ မသင့်တော်တာကို မသင့်တော်မှန်း သိအောင် အသိအလိမ္မာ ကိုလည်း ပေးတတ်ပါတယ်၊ သင့်တော်တာကို သင့်တော်မှန်း သိအောင် အသိ အလိမ္မာကိုလည်း ပေးတတ်ပါတယ်၊ တစ်ဦးနှင့် တစ်ဦး ပေါင်းသင်း ဆက်ဆံရာမှာ ယဉ်ကျေး သိမ်မွေ့အောင်၊ အဆင်ပြေအောင် အသိ အလိမ္မာကိုလည်း ပေးတတ်ပါတယ်၊ ဒါပေမယ့် ဒီပညာကို အကြောင်းပြုပြီး မာန်မာန ကြီးနေမယ် ဆိုရင် အင်မတန် ရှက်စရာ ကောင်းလှပါတယ်။

ရှေးဘ၀က သူတော်မြတ် တွေကို ချဉ်းကပ် လျှောက်ထား ဆွေးနွေး လာခဲ့တဲ့ အတွက် ဒီဘ၀မှာ မိမိကိုယ်တိုင်က ပညာကြီးသူ ဖြစ်လာရပါတယ်၊ ပညာ သင်ခွင့်လည်း ရခဲ့ပါတယ်၊ ဒီလို အခွင့်သာလို့ ပညာတတ်လာတဲ့ ပုဂ္ဂိုလ်က အကြောင်း မညီညွတ်လို့ ပညာ မသင်ရသူတွေ၊ ပညာ သင်ရစေကာမူ ဥာဏ်ထိုင်းလှတဲ့ အတွက် ပညာ မတတ်သူတွေကို တွေ့ရတဲ့ အခါမှာ မောက်မာမော်ကြွား မာန ထားနေမယ့်အစား သနားကြင်နာ ကရုဏာ ထားသင့်ပါတယ်၊ သို့မဟုတ် အခွင့်အခါ သင့်ပါက တစ်ဆင့် သင်ကြားပေးသင့် ပါတယ်၊ ပညာမာန် တက်ကာ ကိုယ့်ဘ၀ကို မနစ်နာစေသင့်ပါ။

အဆင်းမာန်

အလှဂုဏ် အတွက် မာန်တက်ခြင်းကို အဆင်းမာန်လို့ ခေါ်ပါတယ်၊ ရှေးဘ၀က အစစ အရာရာမှာ သည်းခံကာ အမျက်ဒေါသ နည်းလာခဲ့တဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ဘုရားဝင်း ကျောင်းဝင်း စသည်တို့ကို သုတ်သင် ရှင်းလင်းခဲတဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ပန်း စသည်တို့ကို လှူဒါန်းခဲ့တဲ့ အတွက်လည်း အဆင်း လှတတ်ပါတယ်၊ ဒီလို ကုသိုလ် ကောင်းမှုတွေကြောင့် ရလာတဲ့ ကိုယ့်အဆင်းကို အကြောင်းပြုပြီး ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ၊ အလှမာန် တက်ကာ ဘ၀င် မမြင့်သင့်ပါ၊ အလှဂုဏ် ကိုးကာ မဆိုးသင့်ပါ၊ ရှေး ကုသိုလ်ကံကြောင့် ရလာတဲ့ အဆင်းကို အကြောင်းပြုပြီး အကုသိုလ်မာန် တက်နေတာဟာ အင်မတန် မှားတဲ့ ကိစ္စ ဖြစ်ပါတယ်၊ အပြင်အဆင်း လှသလို အတွင်းစိတ်ကို အစွမ်းကုန် ပြုပြင်လို့ ဣနြေ္ဒရှင် သူတော်စင်တွေ ဖြစ်အောင်သာ ကြိုးစားသင့်ပါတယ်။

လိုရင်းမှာ - ရှေးဘ၀က မထောင်လွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ ယခု မြင့်မြတ်တဲ့ အမျိုးမှာ ဖြစ်လာရပါတယ်၊ ရှေးဘ၀က အလှူဒါန ပြုလုပ်ခဲ့လို့ ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝလာရ ပါတယ်၊ ရှေးဘ၀က သူတော် သူမြတ်တွေကို ချဉ်းကပ် လျှောက်ထား ဆွေးနွေး မေးမြန်းလာခဲ့တဲ့ အတွက် ဒီဘ၀မှာ ပညာ ကြီးလာရ ပါတယ်၊ ရှေးဘ၀က အမျက်ဒေါသ နည်းခဲ့၊ ဘုရားဝင်း၊ ကျောင်းဝင်း စသည်ကို သုတ်သင်ခဲ့၊ ပန်း စသည်ကို လှူဒါန်းခဲ့လို့ ယခုဘ၀မှာ အဆင်း လှခဲ့ရပါတယ်၊ ဒီလို မိမိမှာ ကုသိုလ် ကောင်းမှုကြောင့် ရရှိလာတဲ့ အမျိုး၊ ဥစ္စာ၊ ပညာ၊ အဆင်းကို အကြောင်းပြုပြီး မာန်မာန တက်ကြွနေတာဟာ နောင် ယုတ်နိမ့်တဲ့ ဘ၀မှာ ဖြစ်စရာ အကြောင်းပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် နောက်နောက် ဘ၀တွေမှာ အဆင့်အဆင့် မြင့်တက်မယ့် အရေးကို မျှော်တွေးပြီး ထောင်လွှားတက်ကြွ မိမိတို့ရဲ့ မာန်မာနကို အစွမ်းကုန် နှိမ်ချိုးနိုင်ကြပါစေ။

[စာမျက်နှာ ၅၃ မှ ၅၆]

----------------------------------------------------

[ဗုဒ္ဓ အလိုတော်ကျ ကြီးပွား ချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြ ပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင် ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။

ကိုနေလင်းစိုး nayjhon@gmail.com ပို့ပေးတာကို ဆက်လက် မျှဝေလိုက်ခြင်းပါ ခင်ဗျာ…။

လေးစားစွာဖြင့်
ဖိုးသား

Read more...

သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး)


ပင်မ စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးဖွင့်လှစ်ပြီးအရှိန်ရလာတာနဲ့အမျှ ရန်ကုန် သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးကိုလည်း ဖွင့်လှစ်အောင်မြင်ခဲ့သည်။ ယခုအခါ မန္တလေးတွင်လည်း သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးတစ်ခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။
သီတဂူဗုဒ္ဓတက္ကသိုလ် (မန္တလေး) ကျောင်းတော် ဖွင့်ပွဲမင်္ဂလာနှင့် ကျောင်းသားသစ် (၂ဝဝ၉-၂ဝ၁ဝ) လက်ခံကြိုဆိုပွဲ အခမ်းအနားကို (၅၊၈၊၂ဝဝ၉)ရက်၊ နံနက် (၈)နာရီမှ နေ့လယ် (၁၁)နာရီအထိ ကျင်းပခဲ့ပြီး ဖြစ်ပါသည်။
ထိုတက္ကသိုလ်ကြီးကို မန္တလေး၊ အောင်မြေသာဇံ မြို့နယ်၊ မန္တလေးတောင်ခြေ၌ တည်ထောင် ဖွင့်လှစ်သည့်။ ထိုဖွင့်ပွဲ အခန်းအနားသို့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ သီတဂူဆရာတော် အပါအဝင် မြတောင်ဆရာတော်၊ ပါမောက္ခချုပ် ဆရာတော်၊ မော်ကွန်းထိန်း ဆရာတော်နှင့် စီမံ သင်ကြားဆရာတော်များ ကြွရောက် ဖွင့်လှစ်ပေးကြသည်။ ကြွရောက်လာသော ဆရာတော်များကို သီတဂူ အထောက်အကူပြု အဖွဲ့(ဗိုလ်စိန်မှန်)မှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်ဟု သိရှိရသည်။ ယခုအခါ အင်္ဂလိပ်စာ ဒီပလိုမာနှင့် ဗုဒ္ဓဓမ္မ ဒီပလိုမာတန်းများ စတင် သင်ကြားပို့ချနေပါပြီ။

သီတဂူစတား
၂၇-၁၁-၂၀၀၉

0 comments

Read more...

ကာဠ နဂါး တကယ် ရှိသလား ( ဒု )

( ၅ ) မည်သည့် အတိတ်ကံကြောင့် ယခုကဲသို့ တန်ခိုးကြီးမားသော သက်တမ်း ရှည်သော နဂါးဖြစ်နေရပါသနည်း ။ ၎င်း၏အရွယ်ပမာဏကား အဘယ်မျှရှိပါသနည်း ။

ကာဠနဂါးမင်း၏ အတိတ်ကံနှင့် အရွယ်ပမာဏတို့ကို မတွေ့မိပါ--ပညာရှင်တို့ကား နဂါးနှင့်ပတ်သက်လာလျှင် သာရတ္ထသင်္ဂဟ ဟူသောကျမ်းကို ညွှန်းလေ့ရှိကြ၏ ။ မိမိမှာ ထိုကျမ်းမရှိသည့်အတွက် ထိုကျမ်းလာအကြောင်း အရာတို့ကို မဖော်ပြနိုင်ပါ ။ သံယုတ္တနိကာယ်၊ ယက္ခသံယုတ်လာ သုတ်ကို ဤနေရာ၌ ဆက်စပ်မှု့ ရှိသဖြင့် ထုတ်ပြချင်ပါသည်။

အခါတစ်ပါး ရဟန်းတော်တစ်ပါးသည် ဘုရားရှင်အား အရှင်ဘုရား ဤလောက၌ အချိုသောသူတို့သည် သေလွန်သောအခါ အဘယ်ကြောင့် နဂါးအဖြစ်သို့ ရောက်ပါသနည်း မေးလျှောက်လေရာ `ရဟန်းတို့ ဤလောက၌ အချိုသောသူတို့သည် ကိုယ် နှုတ် စိတ်တို့ဖြင့် ကောင်းမှု မကောင်းမှု နှစ်ပါးစုံကို ပြုလေရှိ၏ ။ ထိုသူသည် `“ နဂါးတို့သည် အသက်ရှည်ကြကုန်၏ ၊ အဆင်းလှကြကုန်၏ ၊ ချမ်းသာခြင်းများကုန်၏ ဟူ၍လည်း ကြားဖူး၏ ။ `“ငါသေလွန် သောအခါ နဂါးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ပါမူ ကောင်းလေစွာ့ ” ဟူ၍လည်း ထိုသူအား တောင်းတခြင်းဖြစ်၏၊ ရဟန်းတို့ ဤသို့တောင်းတခြင်းသည် အချိုသောသူများ နဂါးအဖြစ်သို့ ရောက်ခြင်း၏ အကြောင်းပေတည်း ဟု မြတ်ဗုဒ္ဓမိန့်တော်မူ၏ ။

ထိုကြောင့် သတပဒိက ပုစ္ဆာဝိသဇ္ဖနာကျမ်းတွင် မင်းကွန်းဆရာတော်က `“ပြည်မန္ဒာနဂရ၊ ရွှေကာလ နာဂိန်၊ ဒေ၀ါမျှ ပမာချိန်၊ မဟာသိန်လွန်ကြူး ၊ သက်အာယု တကမ္ဘာ၊ ဋ္ဌကထာ ကျမ်းမိန့်အထူး။ ။ ထိုသက်တော်ရှည်မြတ်တဲ့ ထိုရေနတ်သူကံကို ၊ ရှုကြံဘွယ်ရှိဘူး---ပါယ်ဘုံမှာ သက်ရှည်ကြူးလို့ ၊ ဖြစ်ထူးတဲ့ ကြောင်းလျာ။ ။ကံနှစ်ဖြာ စုံကာပြုသည်ဟု ၊ သဗ္ဗညုဟောမိန့်တော်မူလျက်ပါ။ ။ အကုသိုလ်စေတနာမှာ ပါယ်ခန္ဓာ သန္ဓေရလို့၊ ကုသလ သူ့စေတနာအဟုန် ကြီးနိုင်မျှဂုဏ် ။” စသည်ဖြင့် ဖြေကြားတော်မူထားသည်ကို ၂၉-ခုမြောက် ပုစ္ဆာဝိသဇ္ဖနာတွင် လေ့လာဖတ်ရှုနိုင်ပါသည် ။

ထိုကာဠနဂါး၏ အရွယ်ပမာဏကို မိမိလက်လှမ်းမှီသမျှ ကျမ်းဂန်တို့၌ မတွေ့မိပါ ။ သို့ရာတွင် ကာဠနဂါး မင်းသည် တန်ခိုးကြီးသော နဂါးဖြစ်၍ (၁)နဂါးချင်း မေထုန်မှီဝဲသောအခါ (၂) စိတ်ချလက်ချ အိပ်ပျော်သော အခါ (၃) ပဋိသန္ဓေနေစဉ်အခါ (၄) အရေဟောင်းကို စွန့်သောအခါ (၅) စုတေစိတ်ကျသောအခါ ဟူသော နဂါးတတ်ကို မစွန့်နိုင်ရာ အချိန်အခါ ငါးမျိုးမှတစ်ပါး များစွာသောအချိန်တို့၌ လူယောင်ဖန်ဆင်း၍သာ နေဖို့များ၏ ။ နဂါး ခန္ဓာကိုယ်နှင့် သွားလာလိုရာ၌လည်း အလိုရှိသလို ငယ်နိုင်ကြီးနိုင် ပြောင်းလဲနိုင်သော ကမ္မဇိဒ္ဓိ တန်ခိုးရှိ၏ ။


( ၆ ) မည်သည့်မြစ် သို့မဟုတ် သမုဒ္ဒရာမြစ် သုပ္ပတိဋ္ဌိတဆိပ်ကမ်း ဟု ဆိုသောကြောင့် ထိုနေရဉ္ဖရာမြစ်၏ အောက်၌ ဟုရှိ၏ ဟုယူဆရ၏ ။ အသောကမင်းကြီးသည် မြေအောက်တစ်ယူဇနာ အာဏာစက်ပျံ့နှံ၏ ။သူ ဗုဒ္ဓဘာသာ ဖြစ်လာသောအခါ ဘုရားရှင်ကို ဖူးမြင်လို၍ ကာဠနဂါးမင်းကို ရွှေချေခြင်း အဖွဲ့ (ရွှေလက်ထိပ်) လွှတ်ကာခေါ်ခိုင်း၏ ။ ကာဠနဂါးမင်းနေရာသည် ထိုမင်း၏အာဏာစက်ပျံ့နှံ့ရာ တစ်ယူဇနာအတွင်း၌ မရှိသော်လည်း နယ်မြေချင်းစပ်နေ သောကြောင့် နေရဉ္ဖရာမြစ်အောက် တစ်ယူဇနာကျော်အရပ်တွင် ယူဇနာငါးရာကျယ်ဝန်းသော မဉ္ဖေရိက နဂါးဘုံတွင်နေ၏ -ဟု မှတ်သင့်၏ ။ မြစ် သမုဒ္ဒရာ တို့၌နေသော ဂင်္ဂါဝဟေယျ သာမုဒ္ဒိက နဂါးမျိုးမဟုတ် ။ တော တောင်တို့၌ နေသော ဘူမိဂတ ပဗ္ဗတဋ္ဌ နဂါးမျိုးလည်း မဟုတ် ။

( ၇ ) အချို့စာပေများအရ ကာလနဂါးသည် အမြဲတမ်းအိပ်နေသည်ဟု ယူဆရမလိုဖြစ်သည် ဟုတ်ပါသလား ။
ရွှေခွက်သံကြားသော အခိုက်ဂါထာပိုဒ် အထောင်တို့ဖြင့် ၀မ်းမြောက်ဝမ်းသာ ချီးကျူးထောမနာ ဂါထာများ ရွတ်ဆိုခြင်း မာရ်နတ်သားကို အောင်မြင်တော်မူခါနီး အချိန် ဗောဓိမဏ္ဍိုင်သို့ လာ၍ ဂါထာတစ်ရာကျော်တို့ဖြင့် လာရောက်ပူဇော်ခြင်း အသောကမင်းကြီးအား ဘုရာရှင်၏ ပုံသဏ္ဌာန်လာရောက်ဖန်းဆင်းပြခြင်း ရာမရွာတွင် ဌာပနာထားသော မြတ်ဗုဒ္ဓ၏စွယ်တော်များ ရေတိုက်စား၍ သမုဒ္ဒရာသို့ မျော့ပါရောက်ရှိသွားရာ သမုဒ္ဒရာ ၌နေသော နဂါးတို့ လာရောက် အကြောင်းကြားသဖြင့် ဆယ်ယူစေကာ မိမိနေရာတွင် စေတီတည်၍ အကြီးအကျယ် ပူဇော်ထားရှိခြင်း စသော အကြောင်းတို့ကို ထောက်ဆ၍ ကာဠနဂါး အမြဲတမ်း အိပ်မနေပါ ။

( ၈ ) အခြားနဂါးမင်းများကဲ့သို့ နဂါးမင်း၏ စည်းစိမ်ခံစားခြင်းများ ရှိပါသလော။
စည်းစိမ်ရှိသော ကာမရူပီ နဂါး စည်းစိမ်မရှိသော အကာမရူပီ နဂါး ဟု နဂါးနှစ်မျိုးရှိရာတွင် ကာဠနဂါးမင်း သည် စည်းစိမ်ရှိသော နဂါးမျိုးဖြစ်သောကြောင့် အခြားနဂါးမင်းများကဲ့သို့ နဂါးမင်း၏ စည်းစိမ်ကိုခံစားရပါသည် ။

( ၉ ) ကာလနဂါးသည် မည်သည့် ဘုရားရှင်လက်ထက်မှစ၍ ရှိနေပါသနည်း ။ တစ် နံပါတ် ပုစ္ဆာအဖြေပါအတိုင်း ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးမျိုးဖြစ်သောကြောင့် ကကုသန် ဘုရားရှင် ပွင့်တော် မမူခင် ကာလကတည်းရှိ၏ ။

ဗုဒ္ဓ၀င်တွင် ကာလနဂါးနှင့် ပတ်သက်သည် အချက်အလက်များပါရှိပါက အထောက်များဖြင့် ပြည့်ပြည့်စုံစုံ သိရှိလိုပါသဖြင့် ဖြေကြားပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်--ဟူရာ၌ ဗုဒ္ဓ၀င်တွင် ပြည့်ပြည့်စုံစုံ မပါဝင်ပါ ။ အပါဒါန် အဋ္ဌကထာ ဇာတ်အဋ္ဌကထာ ထူပ၀ံသ မဟာဝံသ နမက္ကာရဋီကာ ၀ိနည်းဋီကာ စသည်တို့မှ ရှာဖွှေကောက်နှုတ်၍ အဖြေပေးလိုက်ပါသည် ။
အရှင်ကောဝိဒ (ယော)၏ မြတ်ပန်းရဂုံ ဘလောဂ့်မှ ပြန်လည်ဖော်ပြပါသည်။ ။

| | 0 comments Links to this post

Read more...

ဂယာလမ်းဆုံ။

မနက်စောစောအိပ်ရာထလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တက္ကစီတစ်စီးငှားလို့ ထွက်ခဲ့သည်။ မိတ်ဆွေရဟန်းတော်နှစ်ပါးနှင့် ကျောင်းသားတစ်ယောက် လိုက်ပို့ကြသည်။လေယာဉ်ကွင်းချိန်းက ၇း၀၀နာရီ။
သည်တစ်ခေါက်ခရီးကတော့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်။ ခေါင်းစဉ်အကြီးကြီးတွေကြောင့်သာ ထွက်လာရခြင်းပင်။ အမျိုးအရင်းချာတွေကြားမှာ အနေကြာတော့လည်း အလွမ်းဓါတ်လေးက ခိုင်သွားတာလည်း ဖြစ်နိုင်သည်။ ဥပါဒါန်ဆိုတာက လွယ်လွယ် ထွေးထုတ်ပစ်လို့ ရကောင်းသည်မဟုတ်။ အပြုံးတွေ ဘယ်လောက်ကြာအောင် ငတ်မွတ်ရဦးမည်မသိ။ အိန္ဒိယမှာ နေရခိုက် အပြုံချိုချိုတွေ သောက်သုံးခွင့် ရှားပါလှသည်ပဲ။ လေယာဉ်မယ်လေးများ၏ အပြုံးတွင်တော့ မြန်မာ့ရနံ့ကို ရှိုက်မိသေး၏။

လေဆိပ်ထဲမှာ အတူလိုက်ပါမည့် မိတ်ဆွေရဟန်းတော်နှစ်ပါးနှင့် တွေ့ရသည်။ မိတ်ဆွေရဟန်းတော်တစ်ပါးကတော့ ပစ္စည်းတွေ ကီလိုပို၍ ချန်ထားခဲ့ရသေးသည်။လေယာဉ်အမှတ်က MAI 8M 601 ။ ဘုရားဖူးရာသီဆိုသော်လည်း လေယာဉ်ပေါ်မှာ ခရီးသည်က ခပ်ကြဲကြဲသာ။ လေယာဉ်စတင်ထွက်ခွာတော့ နံနက် ၉ နာရီ။ ပျံသန်းချိန် ၂ နာရီမျှသာမို့ အိန္ဒိယစံတော်ချိန် ၁၀း၀၀နာရီခန့်မှာ ဂယာသို့ ဆိုက်ရောက်လေသည်။ မိတ်ဆွေရဟန်းတော်များက ကားတစ်စီးဖြင့် လာကြိုနေကြသည်။

သြော် ရောက်ပြန်ချေပြီကော မဇ္ဈိမရေ။ ဘယ်လောက်ကြာအောင် ထပ်မံငြိကပ်နေရဦးမည်မသိပြီ။

0 comments

Read more...

မြန်မာပြည်မှ အပြန်…


“ဘုန်းဘုန်း… ပြန်ကြွမလာသေးဘူး လား ဘုရား…၊ ဘယ်တော့ပြန်ကြွ လာမလဲ ဘုရား…၊ ပြန်မကြွတော့ဘူးလား ဘုရား…” စတဲ့ အမေး များနဲ့ ဘုန်းဘုန်းရဲ့ မြန်မာပြည်မှ အပြန် ခရီးကို မျှော်လင့် နေကြတဲ့ ဘုန်းဘုန်းရဲ့ ဓမ္မမိတ်ဆွေ များအတွက် ဘုန်းဘုန်း ပြန်ကြွလာပါပြီဆိုတာ အသိပေးရင်း မြန်မာပြည်အတွေ့ အကြုံလေးတွေကို ပြန်လည်ဖောက်သည်ချဖို့ ဒီပို့စ်လေးကို ရေးသားတင်ပြ ပေးလိုက်တာပါ။ ဟုတ်ပါတယ်။ ဘုန်းဘုန်း မနေ့ (၂၇- ၁၁- ၂၀၀၉)ကပဲ မြန်မာပြည်ကနေ ကိုရီးယားကို ပြန်ကြွလာဖြစ်ခဲ့ပါတယ်။ ၀ါဆိုရုံခဏဆိုပြီး ပြန်ကြွသွားလိုက်တာ လေးလကျော် ကြာသွားခဲ့ပါတယ်။ တိတိကျကျ ပြောရရင် ၂၁-၇-၀၉ ရက်နေ့က ကြွသွားပြီး ၂၇-၁၁-၀၉ရက်နေ့ကမှ ပြန်ပြီးကြွလာဖြစ်တော့တယ်။ လေးလဆိုတဲ့ကာလဟာ အရာရာကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာ အမှန်ပါပဲ။ ပြန်ကြွလာတော့ ဒီမှာရှိတဲ့ အခြေအနေလေးတွေဟာ အများကြီး ပြောင်းလဲသွားခဲ့ပါတယ်။ အခြေမလှတဲ့သူတွေ ရှိသလို အခြေမြင့်လာတဲ့ သူတွေလည်း ရှိလာပါတယ်။ အခြေမလှလို့ အဖမ်းခံပြီး ပြန်သွားရသူတွေ ရှိသလို အလုပ်နေရာပြောင်းလို့ ကောင်းသွားကြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါဟာ ကိုရီးယားမှာ ရှိတဲ့ ပြောင်းလဲမှုအချို့ပါ။ ဒီလိုပဲ လေးလတာကာလ မြန်မာပြည်မှာ ၀ါဆိုပြီး အလုပ်တွေ မပြတ်လုပ်ဖြစ်ခဲ့တဲ့ ဘုန်းဘုန်းအတွက်လည်း လုပ်ပေးနိုင်တဲ့ အတိုင်းအတာအလျှောက် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း မပြတ်လှုပ်ရှားနေတဲ့ ဘုန်းဘုန်းအတွက် လေးလဆိုတာ ခဏလေးလိုပဲလို့ ပြောလိုက်တာပါ။
ဘုန်းဘုန်းမြန်မာပြည် ပြန်မကြွခင်တုန်းက ဒကာလေးတစ်ယောက်က ပြောဖူးတယ်။ “အရှင်ဘုရား… မြန်မာပြည်ပြန်ရောက်ရင် ဘာမှလုပ်စရာမရှိတော့ အချိန်တွေပိုပြီး ပျင်းနေမှာပဲနော်…“ တဲ့..။ ဘုန်းဘုန်းက ပြန်ပြောလိုက်ပါတယ်။ “အလုပ်လုပ်နေသူတွေအတွက် ဘယ်နေရာရောက်ရောက် အလုပ်တွေက ပေါနေပြီး ပျင်းချိန်တောင် ရမှာမဟုတ်ပါဘူး…“ လို့။ ဟုတ်တယ်။ ဘုန်းဘုန်းအတွက် ပျင်းချိန်မရခဲ့ပါဘူး။ မြန်မာပြည် ပြန်ကြွကတည်းက အနားယူဖို့၊ ဘာမှ မလုပ်ဖို့ သွားတာမှ မဟုတ်တာ။ အလုပ်လုပ်ဖို့သွားတာ ဆိုတော့ ရှိတဲ့အလုပ်လုပ်ပြီး ပြန်လာခဲ့တာပေါ့။ ဘုန်းဘုန်း မြန်မာပြည်မှာ ရှိတဲ့အချိန်အတွင်း တပည့်ရဟန်း သာမဏေတွေကို စာပေပို့ချပေးခဲ့ပါတယ်။ ၀ါတွင်းကလ ဖြစ်တဲ့အတွက် ဥပုသ်နေ့တိုင်း တစ်နေ့သုံးကြိမ် တရားဟောပေးခဲ့ပါတယ်။ ဥပုသ်နေ့တိုင်း မနက်ပိုင်း သီလပေးတရားဟော၊ နေ့လည်ကျတော့ လူကြီးသူမများအတွက် တရားဟောရင်း ၀ိပဿနာတရားပါ ပြသအားထုတ်စေပြီး ညပိုင်းမှာတော့ အယောက်၆၀ ၇၀လောက်ရှိတဲ့ ဆရာဝန်ဆရာမများနဲ့ သူနာပြုများကို ဓမ္မစကြာဒေသနာတော်ကြီးနဲ့ အဘိဓမ္မာဆိုင်ရာများကို ၂နာရီကျော်ကျော် အကျယ်ပို့ချပေးဖြစ်ပါတယ်။ နောက်ပြီး တနင်္ဂနွေနေ့တိုင်း ည ၇နာရီလောက်မှာ လူငယ်လေးများအတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများကို ပို့ချပေးဖြစ်ခဲ့ပါတယ်။ ကြားကာလမှာလည်း အချိန်ရရင် ရသလို မှောဘီတိုက်ကြီး၊ ဒိုက်ဦး၊ ကွမ်းခြံကုန်း စတဲ့ မြို့များအထိ ကြွရောက်ပြီး တရားပွဲများ ဟောပြောပွဲများ ပြုလုပ်ပေးဖြစ်ခဲ့ပါတယ်။ ပိုပြီး ၀မ်းသာစရာ ကောင်းတာက အေအိုင်ဒီအက်စ် ရောဂါကြောင့် စိတ်ပိုင်းဆိုင်ရာ ကျဆင်းနေတဲ့သူတွေကို စိတ်ဓာတ်မြင့်ပေး၊ တရားဟောပေးခွင့် ရခဲ့သလို၊ ဘုန်းဘုန်းရှိတုန်း သင်္ဘောမထွက်ခင် ရဟန်းဝတ်ပြီး တရားအားထုတ်ချင်တဲ့ သင်္ဘောသားတွေကိုလည်း တရားဟော၊ တရားပြ အလုပ်တွေ လုပ်ပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ အယောက်၇၀လောက် ပါဝင်တဲ့ ဗုဒ္ဓဟူးဝတ်အသင်း ဆိုတဲ့ အမည်နဲ့ ဘာသာရေး ၀တ်အသင်း တစ်ခုကိုလည်း ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။ ဒီအသင်းဟာ ဘုန်းဘုန်း ဦးဆောင်ပြီး ဖွဲ့ပေးတာဆိုတော့ အစစအရာရာ ဘုန်းဘုန်းပဲ အကုန်အကျခံ ဆောင်ရွက်ပေးဖြစ်ပါတယ်။ တူညီဝတ်စုံနဲ့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စားသောက်စာရိတ်ကအစ ဘုန်းဘုန်းပဲ တာဝန်ယူပေးပါတယ်။ ဘုန်းဘုန်းရသမျှ ဓမ္မပူဇာ န၀ကမ္မတွေကို ပရဟိတ အတွက်ပဲ အသုံးပြုဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဘုန်းဘုန်းတို့ရွာ ပညာရေး ပဒေသာပင်ကိုလည်း မတည်ဆိုက်ထူပြီး တည်ထောင်ပေးဖြစ်ခဲ့ပါတယ်။ ဘုန်းဘုန်းမြန်မာပြည် ရောက်ချိန်ကစပြီး ကိုရီးယားကို ပြန်ကြွလာချိန်အထိ ရသမျှ ဒါနလုပ်ဖြစ်တာ သိန်းနှစ်ဆယ်နီးပါးအထိ ဖြစ်ခဲ့ပါတယ်။ ၀မ်းသာစရာကို ပြောတာပါ။ ထားပါတော့။ ဒါက ဘုန်းဘုန်းမြန်မာပြည်မှာ ရှိစဉ်က လုပ်ပေးခဲ့တဲ့ အလုပ်လေးတွေကို အကျဉ်းသဘောလောက် တင်ပြပေးတာပါ။

ပြောချင်တာက အလုပ်လုပ်ကြဖို့ပါ။ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်တယ်ဆိုရင်တော့ အခက်အခဲတွေ ရှိတတ်သလို အတိုက်အခိုက်တွေလည်း ရှိတတ်ပါတယ်။ အကောင်းပြောတာ ရှိတတ်သလို အဆိုးပြောတာတွေလည်း ရှိတတ်ပါတယ်။ အကူအညီ ပေးသူတွေ ရှိတတ်သလို ဂျောက်တွန်းသူတွေလည်း ရှိတတ်ပါတယ်။ ဒါတွေဟာ အလုပ်လုပ်သူတိုင်း တွေ့ကြုံရမယ့် လောကဓံတွေပါ။ ဒီဒဏ်တွေ မခံနိုင်ရင်တော့ ဘာမှမလုပ်ဖို့ပဲ ရှိပါတယ်။ ဘာမှ မလုပ်ရင် ဘာမှလည်း ဖြစ်မှာမဟုတ်ပါဘူး။ ဘာမှမလုပ်လို့ ဘာမှမဖြစ်တာထက်စာရင် တစ်ခုခုလုပ်ပြီး အချိန်ကို တန်ဘိုးရှိစေတာကောင်းတယ် ဆိုတဲ့အတွေးနဲ့ ဘုန်းဘုန်းအလုပ်တွေ လုပ်ဖြစ်ခဲ့တာပါ။ လုပ်နေဦးမှာပါ။

မှန်ပါတယ်။ ပြောရရင် ကိုယ့်ပေါင်ကိုယ်လှန် ထောင်းသလို ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ မြန်မာပြည်မှာ ဘာမှမလုပ်ဘဲ အပိုဖြစ်နေသူတွေ အများကြီး ရှိနေပါတယ်။ လူတွေပဲလားဆိုတော့ ဘုန်းကြီးတွေလည်း ပါပါတယ်။ လူတွေကလည်း ဟိုလိုလို ဒီလိုလို ဟိုယောင်ယောင် ဒီယောင်ယောင် ရှိနေကြသလို ဘုန်းကြီးတွေကလည်း ဘာလိုလို ညာလိုလို ဖြစ်နေကြပါတယ်။ အလုပ်ကို လက်တွေ့မလုပ်ကြဘဲ ဟိုအပြစ်ပုံချ ဒီအပြစ်ပုံချ လုပ်နေတာက များနေကြတာကို တွေ့ရပါတယ်။ အမှန်တော့ အကြီးကြီး အများကြီး မလုပ်နိုင်တာ တောင်မှ ကိုယ့်တစ်နိုင်တစ်ပိုင် လုပ်နေမယ်ဆိုရင် အလုပ်တွေက အများကြီးပါ။ ကိုယ်တတ်နိုင်တဲ့ အားလေးနဲ့ လုပ်ပေးနိုင်မယ်ဆိုရင် လိုနေတဲ့ နေရာတွေက အများကြီးပါ။ ကိုယ့်လောက်မှ အခြေမလှ၊ ကိုယ့်လောက်မှ အဆင်မပြေတဲ့ သူတွေက အများကြီးပါ။ အဲဒီသူတွေကို ကိုယ့်ရှိတာလေး၊ ကိုယ်တတ်နိုင်တာလေး လုပ်ပေးနေနိုင်ရင်ကိုပဲ အကျိုးရှိနေတာပါ။ အဲဒီလောက်ကို ဘုန်းဘုန်းတို့ မြန်မာပြည်မှာ လုပ်ပေးနိုင်သူတွေက မလုပ်ပေးကြတာပါ။

ဒီအကြောင်းကို ဘုန်းဘုန်း ကွမ်းခြံကုန်း ဗုဒ္ဓကောလိပ် ဟောပြောပွဲမှာ ကျောင်းသားဦးဇင်း ကိုရင်တွေနဲ့ အပြင်က လာနားထောင်သူတွေကို ပြောဖြစ်ခဲ့ပါတယ်။ အဲဒီမှာဘုန်းဘုန်းက မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို မီးမောင်းထိုးပြပေးပါတယ်။ မြန်မာပြည်ဟာ အဘက်ဘက်က အားနည်းနေပြီဆိုတာကို ပြောပြဖြစ်ပါတယ်။ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမျိုးရေး စတဲ့အရေးတွေမှာ တစ်ဖြည်းဖြည်း ခြစားနေပြီဆိုတာ အသိပေးဖြစ်ပါတယ်။ ပြီးတော့ ဒါတွေ ပြန်အားကောင်းလာအောင် ဘုန်းကြီးတွေရော လူတွေပါ တတ်နိုင်သမျှ အလုပ်လုပ်ပေးကြဖို့၊ ဘာမှ မဖြစ်နိုင်ပါဘူးဆိုပြီး ဘာမှမလုပ်ပဲ မနေဖို့၊ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဝန်းကျင်မှာ ကိုယ်နိုင်သမျှ အရာလေးတွေနဲ့ နိုင်သမျှ ၀န်ကိုထမ်းပြီး လုပ်ကြည့်ကြဖို့၊ အလုပ်လုပ်နေသူကို အလုပ်ကပြန်ပြီး ကျေးဇူးပြုတတ်တဲ့အတွက် ဘာဖြစ်ဖို့ ဘာရဖို့ဆိုတဲ့ မျှော်လင့်ချက်မထားဘဲ ကိုယ်လုပ်ပေးနိုင်တာကို လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့သာ တတ်နိုင်သမျှ လုပ်ပေးကြဖို့၊ အလုပ်လုပ်နေသူတွေကို အထူးသဖြင့် အများအကျိုးအတွက် တစ်ခုခုလုပ်ပေးနေတဲ့ ဘုန်းကြီးတွေကို လှူချင်တမ်းချင်နေတဲ့ သူတွေက အမြဲတမ်းရှိနေတာ ဖြစ်တဲ့အတွက် အရှင်ဘုရားတို့ အနေနဲ့ လာဘ်လာဘကို မမျှော်ကိုးဘဲ ကိုယ့်တနိုင်တပိုင်ပဲ ဖြစ်ဖြစ် မျိုးဆက်သစ် လူငယ်များအတွက် အလုပ်လုပ်ပေးကြဖို့ စတဲ့ အကြောင်းအရာတွေကို ဟောပြောဖြစ်၊ အကြံပြုဖြစ်၊ တိုက်တွန်းဖြစ်ခဲ့ပါတယ်။

အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်မှာက ခုနပြောသလို လှူဖို့နေရာကို လိုက်ရှာနေတဲ့ သူတွေရှိသလို အလှူကို စောင့်နေကြသူတွေလည်း ရှိပါတယ်။ ပြောရရင် လိုနေတဲ့သူတွေအများကြီး ရှိနေတယ်ဆိုတာပါပဲ။ လိုနေတာမှ စားရေးရော၊ ၀တ်ရေးရော၊ ပညာရေးရော၊ ဘာသာရေးရော အဖက်ဖက်ကကို လိုနေကြတာပါ။ ဒီအရေးတွေကို ဖြည့်ပေးမယ့်သူတွေကို မျှော်နေကြတာပါ။ ဒါတွေအားလုံးကို မဖြည့်ပေးနိုင်တာတောင်မှ ပညာရေးကို အားဖြည့်ပေးနိုင်သူတွေက ပညာရေးကို ၀ိုင်းပြီးအားဖြည့်၊ ဘာသာရေး ယဉ်ကျေးမှုကို အားဖြည့်ပေးနိုင်သူတွေက ဘာသာရေး ယဉ်ကျေးမှုကို အားဖြည့်ပေးကြဖို့ လိုနေတာပါ။ အမှန်ပြောရရင် ဒီနှစ်ဘုန်းဘုန်း ဇာတိမွေးရပ်ရွာကို မရောက်ဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် သွားရင်စိတ်ညစ်ပြီး ပြန်လာရမှာဖြစ်လို့ပါ။ ဘုန်းဘုန်းတို့ရွာကလူတွေ အားလုံးနီးပါး လိုနေကြပါတယ်။ အစစအရာရာပေါ့။ အရင်နှစ်တွေနဲ့ကတောင် မတူဘဲ ဒီနှစ်မှာ ပိုပြီးဆိုးကုန်ကြပါတယ်။ သူတို့ကို အဆိုးဆုံး ဒုက္ခပေးနေတာက နှစ်လုံးထိုးမှုတွေပါ ဘာမှလုပ်စရာ မရှိတော့ ရှိသမျှ ရောင်းချပြီး အချောင်ရမယ်ထင်တဲ့ ဒီနှစ်လုံးနောက် လိုက်တော့ ပိုပြီးငတ်ပြတ်ကုန်ကြတော့တာပါ။ ဒါကြောင့် တစ်ရွာလုံးနီးပါး လိုနေတဲ့သူတွေကို ပြည့်အောင် မဖြည့်ပေးနိုင်မယ့်အတူတူ မသွားတော့ပါဘူးဆိုပြီး အများနဲ့သက်ဆိုင်ပြီး ရေရှည်အကျိုးရှိမယ့် ပညာရေးပဒေသာပင်ပဲ အဝေးက လှမ်းဆိုက်ပေးလိုက်ပါတယ်။ ထားပါတော့ ပြောချင်တာက လိုနေတဲ့သူတွေ များနေတဲ့ မြန်မာပြည်မှာ အလုပ်လုပ်ပြီး ဖြည့်ပေးမယ့်သူတွေ အများကြီး လိုအပ်နေတယ် ဆိုတာပါပဲ။

မြန်မာပြည် အတွေ့အကြုံအကြောင်း ပြောမယ်ဆိုရင် ကုန်နိုင်မယ် မထင်ပါဘူး။ အပြောင်းအလဲ တစ်ခုကို လိုချင်နေကြတဲ့ မြန်မာပြည်သူတွေဟာ ပြောင်းလဲပေးနိုင်မယ့် သူတွေကို မျှော်လင့်နေကြတယ် ဆိုတာ သေချာပါတယ်။ ဒီအထဲက ဦးဆောင်မှုကောင်းကောင်းနဲ့ လောကီလောကုတ္တရာ အကျိုးများကို ဖော်ဆောင်ပေးမယ့် သာသနာ့ဝန်ထမ်းများကို ပိုပြီးမျှော်လင့်ကြ၊ အားကိုးကြတယ်ဆိုတာ လက်တွေ့အလုပ် လုပ်ပေးခဲ့တဲ့ ဘုန်းဘုန်းကိုယ်တိုင် သိခဲ့ရပါတယ်။ ဒါကြောင့် ဘုန်းဘုန်းကတော့ မြန်မာပြည်မှာပဲ နေနေ နိုင်ငံခြားမှာပဲ နေနေ အများအကျိုးဖြစ်စေမယ့် အလုပ်လေးတွေကိုတော့ တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုတာကို ဆုံးဖြတ်ထားပါတယ်။ လုပ်လည်းလုပ်ဖြစ်နေပါတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီးဖြစ်တဲ့ နိုင်ငံမှတော့လည်း ခေတ်မီမီ အွန်လိုင်းသာသနာပြု လုပ်ငန်းများပါ တွဲလုပ်နေပြီး ခေတ်မမီသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံမှာလည်း စာရေးခြင်း၊ စာအုပ်ထုတ်ခြင်းလုပ်ငန်းများပါ တွဲလုပ်ဖြစ်နေပါတယ်။ ထုတ်ဝေသူတစ်ယောက်က ဘုန်းဘုန်းစာမူတွေကို ဖတ်ပြီး “ဒီဆရာတော်ကတော့ စာမရေးပါနဲ့ ဆိုတာတောင် စာရေးခြင်းအလုပ်ကို နားမှာမဟုတ်ဘူး” လို့ မှတ်ချက်ပြုသလို ဘုန်းဘုန်းလည်း ကျန်းမာရေး ကောင်းနေသ၍ အလုပ်လုပ်ပေးလို့ ရနေသ၍ အတ္တဟိတ၊ ပရဟိတ လုပ်ငန်းများကို မပြတ်လုပ်ဖြစ်နေမယ်ဆိုတာ မြန်မာပြည်မှ အပြန်ကတိခံရင်း…


Read more...

ကြီးပွါးစေကြောင်း ပဋ္ဌာန်းနည်းကောင်းများ

9:40 AM | Author: Dhamma Yanant


၁။ ဟေတုပစ္စည်း
စိတ်ရင်းကောင်းခြင်း၊ ရက်ရောခြင်း၊ မေတ္တာထားခြင်း၊ ခွင့်လွှတ်တတ်ခြင်း၊ အမြော်အမြင်ရှိခြင်း။

၂။ အာရမ္မဏပစ္စည်း
ဘုရားဖူးခြင်း၊ တရားနာခြင်း စသော အတိဣဋ္ဌာရုံများနှင့် နေခြင်း / မကောင်းသော အာရုံတို့နောက် မလိုက်ဘဲ ကုသိုလ်အာရုံတို့နှင့်သာနေခြင်း (မိမိအတွက်)။
မိမိကြောင့် သူတစ်ပါး အနှောင့်အယှက် မဖြစ်စေခြင်း / အကုသိုလ် မဖြစ်စေခြင်း (သူတစ်ပါးအတွက်)။

၃။ အဓိပတိပစ္စည်း
ပညာဥာဏ်ကြီးခြင်း၊ စိတ်, ဇွဲ, ဆန္ဒ ထက်သန်ခြင်း။

၎။ အနန္တရပစ္စည်း
အလုပ်ကို (စိတ်လာလျှင်လုပ်၍ စိတ်မလာလျှင်မလုပ်ခြင်းမျိုး) ပြတ်တောက်ပြတ်တောက် မလုပ်ခြင်း။

၅။ သမနန္တရပစ္စည်း
ပုံမှန် စဉ်ဆက်မပြတ် ကြိုးစားခြင်း။

၆။ သဟဇာတပစ္စည်း
ညီညီညွတ်ညွတ် အတူတကွ လုပ်ကိုင်ခြင်း။

၇။ အညမညပစ္စည်း
အပြန်အလှန် ကောင်းကျိုး ပြုတတ်ခြင်း။

၈။ နိဿယပစ္စည်း
သူတစ်ပါး မှီခိုအားထားလောက်သော အရည်အချင်းရှိခြင်း။

၉။ ဥပနိဿယပစ္စည်း
ယုံကြည်မှုရှိခြင်း၊ ဆရာကောင်း, မိတ်ဆွေကောင်း, ပတ်ဝန်းကျင်ကောင်း ရှိခြင်း (အားကြီးသော မှီရာရှိခြင်း) (မိမိအတွက်)။
မိမိကလည်း သူတစ်ပါးအတွက် မိတ်ဆွေကောင်းဖြစ်ခြင်း (သူတစ်ပါးအတွက်)။

၁ဝ။ ပုရေဇာတပစ္စည်း
အခွင့်အလမ်းကောင်းများ ရှေ့ကဖြစ်ပေါ်နေခြင်း (ရှေ့ဆောင်ကောင်းရှိခြင်း) (မိမိအတွက်)။
မိမိက ရှေ့ကဦးဆောင်နိုင်ခြင်း (သူတစ်ပါးအတွက်)။

၁၁။ ပစ္ဆာဇာတပစ္စည်း
ကျောထောက်နောက်ခံကောင်းရှိခြင်း (နောက်လိုက်ကောင်းရှိခြင်း) (မိမိအတွက်)။
လိုအပ်သူတို့အား ထောက်ပံ့နိုင်ခြင်း၊ သားသမီးကောင်း၊ တပည့်ကောင်းဖြစ်ခြင်း (သူတစ်ပါးအတွက်)။

၁၂။ အာသေဝနပစ္စည်း
ကျွမ်းကျင်မှုရှိရန် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ လေ့ကျင့်ခြင်း။

၁၃။ ကမ္မပစ္စည်း
စေတနာကောင်းထားခြင်း။

၁၄။ ဝိပါကပစ္စည်း
ကောင်းကျိုးတရားများ ခံစားရခြင်း။

၁၅။ အာဟာရပစ္စည်း
ကိုယ်/စိတ် အာဟာရ မျှတခြင်း။

၁၆။ ဣန္ဒြိယပစ္စည်း
မိမိဆိုင်ရာ၌ အစိုးရခြင်း။

၁၇။ ဈာနပစ္စည်း
မိမိအလုပ်၌ စူးစိုက်မှုရှိခြင်း။

၁၈။ မဂ္ဂပစ္စည်း
မှန်ကန်သော နည်းလမ်းဖြင့် ကြိုးစားခြင်း။

၁၉။ သမ္ပယုတ္တပစ္စည်း
မိမိဆိုင်ရာ အလုပ်/ ပုဂ္ဂိုလ်တို့နှင့် စိတ်ဝမ်းမကွဲပြား တစ်သားတည်း ဖြစ်ခြင်း။

၂ဝ။ ဝိပ္ပယုတ္တပစ္စည်း
ပျင်းရိသူများနှင့် မပေါင်းခြင်း၊ မကောင်းသူများနှင့် မရောခြင်း။

၂၁။ အတ္ထိပစ္စည်း
အကောင်းအဆိုး နှစ်မျိုးလုံးကို ခံနိုင်ရည်ရှိခြင်း။

၂၂။ နတ္ထိပစ္စည်း
တစ်ကိုယ်ကောင်းဆန်မှု မရှိခြင်း။

၂၃။ ဝိဂတပစ္စည်း
လူမိုက်တို့နှင့် ကင်းအောင်နေခြင်း ၊ ဟန်ဆောင်မှုကင်းခြင်း၊ သံသယ ကင်းခြင်း။

၂၄။ အဝိဂတပစ္စည်း
သတိလွတ်ကင်းမှု မရှိခြင်း (သတိအမြဲရှိခြင်း)။

အကျဉ်းမျှသာ ပြလိုက်ပါသည်။ ဤနည်းလမ်းကောင်းများနှင့် ပြည့်စုံအောင် ကျင့်ဆောင်နိုင်သော ပုဂ္ဂိုလ်အဖို့ ပစ္စုပ္ပန်၊ သံသရာ ဘ၀နှစ်ဖြာတို့၌ စိုးရိမ်ဖွယ်မရှိ။ အခြေမြင့် ကြီးပွားမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ပဋ္ဌာန်းတရားတော်သည် အနန္တနယ (အဆုံးမရှိ) အလွန်ကျယ်ဝန်း နက်နဲသောကြောင့် ရွတ်ဖတ်တတ်ရုံမျှဖြင့် ကျေနပ်မနေကြဘဲ မိမိတို့စွမ်းနိုင်သလောက် နားလည်အောင် ကြိုးစားပြီး လက်တွေ့ဘဝတွင်လည်း အကျိုးရှိအောင် အသုံးချနိုင်ကြစေဖို့ ရည်ရွယ်ရင်း…။



Read more...

Thursday, November 26, 2009

ဓါတ်ကြိုက်သူများ... (မစိုးရိမ်စာသင်သား)

သာသနာစောင့် နတ်မင်းကြီးနှင့် အိမ်ခြံမြေ သန့်စင်နည်း... (မစိုးရိမ်စာသင်သား)

ဓါတ်ကြိုက်သူများ...

တရားမလိုက် အမှားကြိုက်၊ ဝဋ်ဆိုက်ကြလေပြီ တကား...
တီကောင်နှင့်မျှား ကြိုက်သောငါး၊ ဆုံးပါးကြလေပြီ တကား...







Read more...

ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း - သပြေကန်ဆရာတော်ဘုရားကြီး

ရဟန်းတို့ … မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်လာဖို့ရာ၊ ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ ဘာဝနာပြည့်စုံ ပြီးမြောက်ဖို့ရာ အကြောင်းက ဘာလဲ?
ရဟန်းတို့ … ကုသိုလ်တရား၊ အကုသိုလ်တရား၊ အပြစ်ရှိသော တရား၊ အပြစ်မရှိသော တရား၊ ယုတ်သော တရား၊ မြတ်သော တရား၊ မည်းညစ်သော အဖို့ရှိသော တရား၊ ဖြူစင်သော အဖို့ရှိသော တရားတွေ ရှိနေကြတယ်။
ထိုတရားတို့၌ သင့်တင့်သော အကြောင်းမှန် လမ်းမှန်အားဖြင့် နှလုံးသွင်းမှု များစွာ ပြုပြင်ခြင်းမှာ
မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ဖို့၊
ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ ဘာဝနာပြည့်စုံ ပြီးမြောက်ဖို့ အကြောင်းပင် ဖြစ်ပါတော့တယ်။

ဒီ ဒေသနာတော်လာ တရားတွေက ‘ကုသိုလ်’ ‘အကုသိုလ်’ တရားတွေပါပဲ။
ဒီတရားတွေမှာ ‘အကြောင်းမှန် လမ်းမှန်အားဖြင့် နှလုံးသွင်းမှု’ဆိုတာ ဒီတရားတွေရဲ့ သဘောကို သိအောင်ပြုမှုကို ဆိုပါတယ်။

ဒီတရားတွေမှာ သဘာဝလက္ခဏာခေါ်တဲ့ ကိုယ်ပိုင် အမှတ်အသားတွေ ရှိနေပါတယ်။
ကုသိုလ်ရဲ့ အပြစ်မရှိခြင်း လက္ခဏာ၊
အကုသိုလ်ရဲ့ အပြစ်ရှိခြင်း လက္ခဏာ၊
စိတ်ရဲ့ သိမှု လက္ခဏာ၊
ဖဿရဲ့ တွေ့ထိမှု လက္ခဏာ စသည်ဖြင့် မိမိတို့ရဲ့ အသီးသီး သဘောလက္ခဏာ ကိုယ်စီ ရှိနေကြတော့
အဲဒီ ကိုယ်ပိုင် သဘောလက္ခဏာတွေကို သဘာဝ လက္ခဏာလို့ ဆိုပါတယ်။

အနိစ္စ - မမြဲ
ဒုက္ခ - ဆင်းရဲ
အနတ္တ - အစိုးရတဲ့ အတ္တကောင် မဟုတ် ဆိုတဲ့ အခြင်းအရာတွေကတော့ တရားတိုင်းမှာ ရှိနေတဲ့ သဘောတွေ။
ဒါကြောင့် သာမည လက္ခဏာ အားလုံးမှာ အတူတူဖြစ်နေတဲ့ လက္ခဏာအားလုံး တရားတွေနဲ့ သက်ဆိုင်တဲ့ လက္ခဏာ။

အဲဒီ သဘာဝလက္ခဏာ၊ သာမညလက္ခဏာတွေကို ထိုးထွင်းသိမှု၊ သိအောင်ပြုမှုကိုပဲ “ယောနိသော မနသိကာရ” လို့ ဆိုပါတယ်။
ဒီတရားတွေကို သိနေတဲ့ ဇောစိတ်တွေပါပဲ။

အဲဒီတော့ ပညာ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းဟာ ဆိုခဲ့ပြီး ‘ကုသိုလ်’ ‘အကုသိုလ်’ တရား အာရုံများပဲ ဖြစ်ပါတယ်။

အဋ္ဌကထာများမှာ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း ခုနစ်ပါး လာပါတယ်။

“မေးမြန်းခြင်းပြု
ဝတ္ထုစင်စေ
ဣနြေ္ဒညီညာ
ပညာမဲ့ ကြဉ်
ဉာဏ်ရှင်မှီဝဲ
နက်နဲတရား တွေးစဉ်းစားလျက်
ပညာဘက်တွင် ညွတ်သက်ဝင်
ဉာဏ်မြင်တိုးကြောင်း ခုနစ်တည်း။”

+++++

(၁) မေးမြန်းခြင်း

ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ဣနြေ္ဒ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင်၊ သမထ၊ ဝိပဿနာတို့နဲ့ စပ်ပြီး မသိသေးလျှင် သိအောင် သင်ကြား လေ့လာထား။
လေ့လာထားတဲ့ အရာမှာ မရှင်းလင်းတဲ့ အရာတွေ မေးမြန်းခြင်းကို ဆိုပါတယ်။
ဒီတရားတွေနဲ့ စပ်ပြီး အတော်လေ့လာထားတော့
ရှေးကတည်းက ဉာဏ်ထဲ အတော်ရှင်းနေခဲ့
ဉာဏ်ထဲ မရှင်းမလင်း ဖြစ်နေတဲ့ ခဲရာခက်ဆစ်ကို မေးမြန်းခြင်းဖြင့်
ဆရာ့ရဲ့ အဖြေကြားရတော့ ပိုရှင်းလင်းသွားပြီး ဉာဏ်အမြင်တိုးလာ၍
မေးမြန်းခြင်းဟာ ဓမ္မဝိစယ ပညာဖြစ်ကြောင်း ဆိုပါတယ်။

ဒီနေရာမှာ မေးမြန်းခြင်းသာမက နာယူခြင်း၊ မိမိက ဟောပြောခြင်း၊ ဆွေးနွေးခြင်းများပါ သိမ်းယူသင့်ပါတယ်။
အားလုံးဟာ ပညာဖြစ်ကြောင်းချည်းပါပဲ။
ဝိပဿနာအားထုတ်၍ အားရှိတဲ့ ဝိပဿနာ လက်ရှိဖြစ်လာလျှင်တော့ တရားနာရင်း တရားဟောရင်း တရားဆွေးနွေးရင်းနဲ့ မဂ်ဖိုလ်ဆိုက်သွားနိုင်ပါတယ်။

(၂) ဝတ္ထုစင်ကြယ်စေခြင်း

‘ဝတ္ထု’ဆိုတာ တည်နေရာ ခန္ဓာကိုယ်ရော၊ ထိုခန္ဓာကိုယ်နဲ့ စပ်တဲ့ အဝတ် သင်္ကန်း စသည်ကိုပါ စိတ် စေတသိက်တို့၏ ဖြစ်ရာ ဖြစ်လို့ ဝတ္ထုဆိုပါတယ်။

စိတ် စေတသိက်တို့က အာရုံပြုသောအားဖြင့် ထိုခန္ဓာ အဝတ်စသည်တို့၌ ရောက်နေ၍၊ စိတ် စေတသိက်တို့၏ တည်နေရာလို့ ဆိုပါတယ်။
ခန္ဓာကိုယ်က အတွင်းဝတ္ထု
အဝတ် သင်္ကန်း အိမ် ကျောင်း အိပ်ရာနေရာ စသည်က အပဝတ္ထု
ထိုကိုယ်တွင်း ကိုယ်ပ ဝတ္ထုတို့ကို စင်ကြယ်အောင် ပြုခြင်းဟာ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ခြင်း အကြောင်းပါပဲ။

ဆံပင် အမွေး ခြေသည်း လက်သည်းတွေ ရှည်နေမယ်၊ ကိုယ်မှာ ကြေးတွေ ချွေးတွေ ကပ်တွယ်နေမယ်၊ အတွင်းက လေ သည်းခြေစသည် ဖောက်ပြန်ပြီး ခန္ဓာအတွင်း ဒေါသမကင်း ဖြစ်နေမယ်။
အဲဒီအခါမှာ အတွင်းဝတ္ထု မစင်ကြယ် မသန့်ရှင်းခြင်းပါပဲ။
အဝတ် သင်္ကန်း ဆွေးမြည့်နေမယ်၊ ညစ်နွမ်းနေမယ်၊ အနံ့အသက် မကောင်းဖြစ်နေမယ်၊ အိမ် ကျောင်း အိပ်ရာနေရာမှာ အမှိုက်တွေ ရှုပ်ပွနေမယ်ဆိုရင် အဲဒီအခါ အပဝတ္ထု မသန့်မရှင်း ဖြစ်နေတာပါပဲ။
အဲဒီလို အတွင်း အပ မသန့်ရှင်းလျှင် စိတ်ရှုပ်ပွေနေမယ်။
စိတ်ရှုပ်ပွေ မသက်မသာ ဖြစ်နေလျှင် တည်ငြိမ်မှု မရတော့ ဉာဏ်အမြင်ကောင်းဖို့အတွက်လည်း အနှောင့်အယှက်ဖြစ်နေတော့တာပါပဲ။

ဒါကြောင့် ဆံပင် လက်သည်း ခြေသည်းတွေ ရှည်နေရင် ဖြတ်၊
ကိုယ်မှာ အညစ်အကြေး ကြေး ချွေးတွေ ညစ်ပေနေရင် ရေချိုး၊
လေ သည်းခြေ စသည်တို့ကြောင့် ဒေါသမကင်း ဖြစ်နေတဲ့ ခန္ဓာကိုယ်အတွင်းကိုလည်း ဝမ်းနှုတ်ဆေး စသော ဆေးဝါးဖြင့် ပြုပြင်ပြီး ခန္ဓာကိုယ်ကို ပေါ့ပါးအောင် ပြု၊
အဲဒါလို အတွင်းဝတ္ထုတွေ သန့်ရှင်းအောင် ပြုရတယ်။

အဝတ် သင်္ကန်း ဆွေးနေ ညစ်နေ အနံ့မကောင်း ဖြစ်နေတာကို ချုပ်ခြင်း လျှော်ဖွပ်ခြင်းဖြင့် စင်ကြယ်အောင် ပြု၊
အမှိုက်စသည်ဖြင့် ရှုပ်ပွေနေတာတွေကို သုတ်သင် ရှင်းလင်းခြင်းဖြင့် အပဝတ္ထုတွေ သန့်ရှင်းအောင် ပြုရတယ်။

အတွင်း အပ ဝတ္ထုတွေ မသန့်မရှင်း ဖြစ်နေတဲ့အခါ ထိုအခါဖြစ်လာတဲ့ စိတ် စေတသိက်တွေမှာ ပါတဲ့ ဉာဏ်လည်း မသန့်ရှင်းတော့ဘူး။
မစင်ကြယ် မသန့်ရှင်းတဲ့ ဆီမီးခွက် မီးစာတို့ကို အစွဲပြု ဖြစ်လာရတဲ့ မီးလျှံရဲ့အရောင်ဟာ မသန့်မရှင်း မကြည်မလင် ဖြစ်ရတာလိုပါပဲ။

အတွင်း အပ ဝတ္ထုတွေ သန့်ရှင်းနေတဲ့အခါ ဖြစ်လာတဲ့ စိတ် စေတသိက်တွေမှာ အတူပါတဲ့ ဉာဏ်ပညာလည်း သန့်ရှင်း စင်ကြယ်ရတယ်။
စင်ကြယ်တဲ့ သန့်ရှင်းတဲ့ မီးခွက် မီးစာ ဆီတို့ကို အမှီပြု ဖြစ်လာတဲ့ မီးလျှံရဲ့ အရောင်ဟာ သန့်ရှင်း ကြည်လင်နေသလိုပါပဲ။

ဒါကြောင့် အတွင်းအပ ဝတ္ထု မသန့်ရှင်းခြင်းဟာ ဉာဏ်ပညာဖြစ်ဖို့ အနှောင့်အယှက် အတားအဆီးဖြစ်ကြောင်း၊
ထိုဝတ္ထုတွေ သန့်ရှင်းခြင်းဟာ ဉာဏ်ပညာဖြစ်ကြောင်းမို့ ဓမ္မဝိစယဖြစ်ဖို့ရာမှာ ဒီဝတ္ထုတွေ သန့်ရှင်းခြင်းဟာ အကြောင်းတစ်ရပ် ဖြစ်ရပါတယ်။

(၃) ဣနြေ္ဒညီမျှအောင် ပြုခြင်း

ဘာဝနာအလုပ် အားထုတ်တဲ့အခါ တရားတွေ ညီညီမျှမျှ အလုပ်လုပ်နေကြဖို့ လိုပါတယ်။
အထူးသဖြင့် ပဓာနဖြစ်တဲ့ တရားတွေ ညီညီမျှမျှ အလုပ်လုပ်နေကြဖို့ အရေးကြီးပါတယ်။

ဘာဝနာ တက်အောင် ဆုတ်အောင် လုပ်နိုင်တဲ့ ပဓာနတရားတွေက ဣနြေ္ဒတွေပါပဲ။
‘ဣနြေ္ဒ’ခေါ် အစိုးရတဲ့ တရားတွေဆိုတာ ‘သဒ္ဓါ’၊ ‘ဝီရိယ’၊ ‘သတိ’၊ ‘သမာဓိ’၊ ‘ပညာ’ တရားတွေပါပဲ။
ဆိုင်ရာ မိမိကိစ္စမှာ လွန်စွာ စိုးမိုး အစိုးရတဲ့ တရားတွေ
ယှဉ်ဖက်တရားတွေကို မိမိအလိုပါအောင် စိုးမိုး ချုပ်ကိုင်တတ်တဲ့ တရားတွေ။
ဒါ့ကြောင့် ဣနြေ္ဒ၊ အစိုးရတဲ့ တရားတွေ ဆိုရပါတယ်။

ဒီတရားတွေ ညီညီမျှမျှ ဆောင်ရွက်နေကြရင်၊ အယုတ်အလွန် မရှိကြဘဲ ကိုယ့်ကိစ္စ ကိုယ်ဆောင်ရွက်နေကြရင် ပညာလည်း သူ့ကိစ္စ သူ ကောင်းကောင်း ဆောင်ရွက်နိုင်ပါတယ်။
ဒီလိုမဟုတ်ဘဲ တစ်ခုက လွန်နေ၊ တခြား ဣနြေ္ဒတွေက ယုတ်နေနဲ့ မညီမမျှ ဖြစ်နေကြရင် ပညာဟာ ကိုယ့်ကိစ္စ ကောင်းစွာ မဆောင်ရွက်နိုင်ပါဘူး။
ဒါကြောင့် ဣနြေ္ဒတွေ ညီမျှခြင်းဟာ ဓမ္မဝိစယပညာ ဖြစ်ခြင်းအကြောင်း ဖြစ်ရပါတယ်။

သဒ္ဓါ မယုတ် မလွန်ရ

လောကမှာ ကိုယ့်အလုပ်ထဲ ယုံကြည်မှု မရှိတဲ့ ပုဂ္ဂိုလ်ဟာ အလုပ်ကို တကယ် ကြိုးစားမှာ မဟုတ်ပါဘူး။ အလုပ်တိုးတက်ရေးလည်း စဉ်းစားမှာ မဟုတ်၊ အလုပ်ထဲ စူးစိုက်မှုလည်း ရှိမှာ မဟုတ်ပါဘူး။
အဲဒါလိုပဲ ယုံကြည် သက်ဝင်မှု သဒ္ဓါက အားနည်းနေရင် ဝီရိယကလည်း မထက်သန်၊ ပညာဉာဏ်ကလည်း အမြင်မရှင်း၊ သမာဓိကလည်း လျော့ရဲရဲ စွဲမြဲမှာ မဟုတ်ပါဘူး။

ယုံကြည် သက်ဝင်မှု သဒ္ဓါအား ထက်သန်ရင်တော့ ဝီရိယလည်း အားသန်၊ ပညာလည်း အမြင်သန်၊ သမာဓိကလည်း အထူးစူးစိုက်၊ သတိလည်း အထူးကောင်းလာမှာပါပဲ။

ဒီတော့ သဒ္ဓါယုတ်မှုဟာ ဘာဝနာရဲ့ အနှောင့်အယှက် တစ်ပါရပ်ပါပဲ။

သဒ္ဓါယုတ်ရင် ဘာဝနာရဲ့ အနှောင့်အယှက် ဖြစ်သလို၊ လွန်လွန်းနေပြန်တော့လည်း အနှောင့်အယှက်ပဲ ဖြစ်ရပြန်ပါတယ်။
ဘာဝနာအလုပ် အားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ တရားက တော်တော် တက်လာရင် တရားအပေါ်မှာ တရားအရှင် ဘုရားအပေါ်မှာ ယုံကြည်သက်ဝင်မှု သဒ္ဓါဟာ လွန်လွန်ကဲကဲ ဖြစ်လာတတ်ပါတယ်။
တခြား သဒ္ဓါအားကြီးစေတတ်တဲ့ အကြောင်းတွေလည်း ရှိတတ်ပါသေးတယ်။
ဒီလို သဒ္ဓါအားကြိးလာရင်တော့ အဲဒီသဒ္ဓါနောက် စိတ်က လိုက်ပါနေတာနဲ့ ပညာလည်း အမြင်မရှင်း၊ ဝီရိယ သမာဓိ စသည်တို့လည်း လျော့လာတတ်ပါတယ်။
အဲဒီလို သဒ္ဓါအားကြီးနေတဲ့အခါမှာ ဝီရိယကလည်း မြှောက်ပင့် အားပေးမှုကိစ္စ မလုပ်နိုင်၊ သတိကလည်း အာရုံကပ်တည်မှုကိစ္စ မလုပ်နိုင်၊ ပညာကလည်း မြင်မှုကိစ္စ မလုပ်နိုင်တော့ပါဘူး။

ဒီအခါမှာ သဒ္ဓိနြေ္ဒ လျော့လာအောင် လုပ်ပေးရတယ်။
တရားသဘောကို ဆင်ခြင်ခြင်းဖြင့်လည်း လျော့လာတတ်တယ်။
ဘယ်လို ဆင်ခြင်မလဲ?

သဒ္ဓါရဲ့ ကြည်ညိုအပ်တဲ့ ဘုရား တရား စသည် အာရုံ၊ သဒ္ဒါနဲ့ စိတ် စေတသိက်တွေ၊ အနိစ္စ ဒုက္ခ အနတ္တ တရားသဘောတွေ ဆင်ခြင်ရပါတယ်။
ဒီလို တရားသဘောတွေ ဆင်ခြင်တော့ ဒါဟာ ဒီတရားတွေရဲ့ သဘောပဲလို့ သိတဲ့ ပညာ ဗျာပါရက လွန်ကဲလာတော့ သဒ္ဓါရဲ့ သက်ဝင်ဆုံးဖြတ်မှု ကိစ္စဟာ လျော့လာရတယ်။
ဝန်ဆောင် အကြီးအမှူး တရားတွေထဲမှာ သဒ္ဓါအားကြီးရင် ပညာလျော့လာရ၊ ပညာ အားရှိတဲ့အခါလည်း သဒ္ဓါက ပျော့သွားရ။
ဒါကြောင့် ပညာအားကြီးရင် သဒ္ဓါအားပျော့သွားရတာဖြစ်တော့ အားကြီးတဲ့ သဒ္ဓါလျော့လာပြီး ညီမျှလာအောင် ပညာအား တရားသဘောတွေ ဆင်ခြင်ခြင်းဖြင့် မြှင့်ပေးရတာပါပဲ။

ဝီရိယ မယုတ် မလွန်ရ

ဝီရိယ လျော့နေ ပျော့နေရင်လည်း တခြား ဣနြေ္ဒတွေ အလုပ်ကောင်းကောင်း မလုပ်နိုင် ဖြစ်ရတယ်။
ဝီရိယ ပင့်မြှောက်ပေးမှုက တခြား ဣနြေ္ဒတွေ အလုပ်ကောင်းကောင်းလုပ်ဖို့ အင်အားတစ်ရပ်ပါပဲ။
ပျော့နေရင် တခြားဣနြေ္ဒတွေရဲ့ ကိစ္စဆောင်ရာမှာ အနှောင့်အယှက် ဖြစ်သလို ဝီရိယဣနြေ္ဒ လွန်နေမယ် အားကြီးနေမယ်ဆိုရင်လည်း အနှောင့်အယှက်ပဲ ဖြစ်ရပြန်ပါတယ်။

ကြိုးစားမှု လွန်ကဲလို့ ဝီရိယဣနြေ္ဒ အားကြီးနေမယ်ဆိုရင် သဒ္ဓိနြေ္ဒဟာ သက်ဝင် ဆုံးဖြတ်မှု ကိစ္စပြုလုပ်ခြင်းငှာ မတတ်နိုင်။
တခြား ဣနြေ္ဒများလည်း ကိုယ့်ကိစ္စ ကိုယ်မဆောင်ရွက်နိုင်ပဲ ဖြစ်ကြရတယ်။
ဒီလိုအခါမျိုးမှာ လွန်ကဲနေတဲ့ ဝီရိယကို ပဿဒ္ဓိ သမာဓိ ဥပေက္ခာ သမ္ဗောဇ္ဈင် ပွားစေခြင်းဖြင့် လွန်နေတဲ့ ဝီရိယကို ယုတ်အောင် လုပ်ပေးရတယ်။

သမာဓိလွန်ရင် အပျင်းဝင်လာတတ်တယ်။
ဒီအပျင်းဘက် ကျရောက် မသွားရအောင် စောင့်ရှောက် ကာကွယ်တတ်တာက ဝီရိယ ပညာ ပီတိဗောဇ္ဈင်တွေ။
ဒီတော့ ဝီရိယစသည် ပွားစေခြင်းဟာ လွန်နေတဲ့ သမာဓိလျော့စေကာ မိမိတို့နဲ့ သမဖြစ်လာစေတတ်ပါတယ်။

အဲဒါလိုပဲ ဝီရိယလွန်တော့ ပျံ့လွင့်မှု ဝင်လာတတ်တယ်။
ဒီပျံ့လွင့်မှုဘက် ကျရောက် မသွားရအောင် စောင့်ရှောက် ကာကွယ်တတ်တာက ပဿဒ္ဓိ သမာဓိ ဥပေက္ခာဗောဇ္ဈင်တွေပါပဲ။
ဒီတော့ ပဿဒ္ဓိ စသည် ပွားစေခြင်းဟာ လွန်နေတဲ့ ဝီရိယလျော့စေကာ မိမိတို့နဲ့ အညီအမျှ သမလာစေတတ်ပါတယ်။

သဒ္ဓါလွန်ကဲ ပညာနည်းခြင်း အပြစ်

အထူးအားဖြင့် သဒ္ဓါနဲ့ ပညာ၊ ဝီရိယနဲ့ သမာဓိတို့ရဲ့ ညီမျှခြင်းကို ပညာရှိတို့ ချီးမွမ်းကြတယ်။

သဒ္ဓါအားကြီးပြီး ပညာနည်းရင် ဉာဏ်ဖြင့် သက်ဝင် ယုံကြည်ပြီး၊ ကြည်ညိုတတ်မှု မရှိဘဲ အချည်းနှီး အကျိုးမရှိသော ကြည်ညိုခြင်းမျိုးဖြင့် ကြည်ညိုတတ်တယ်။
မကြည်ညိုထိုက်သော ဝတ္ထုများ၌ ကြည်ညိုတတ်တယ်။

ဒါတွင်မက ပညာနည်းတဲ့ သဒ္ဓါကြီးတဲ့သူဟာ ဘုရားရှင်ကို ပူဇော်ရာ စသည်မှာလည်း ဂုဏ်တော်တွေထဲ အသိမရောက်၊ ရုပ်ပွား ဆင်းတုတော်လောက်မှာသာ အာရုံရောက်ပြီး ကြည်ညိုမှု မလေးနက်ဘဲ ရှိတတ်ပါသေးတယ်။
တရားတော်အရာမှာလည်း တကယ်မွန်မြတ်တဲ့ တရားအစစ် တရားမြတ်တို့၏ ဂုဏ်တော်ကို အာရုံမပြုတတ် ပြုရမှန် မသိဘဲ အဟောတရား အပြောတရားလောက်သာ တရားထင်ပြီး အမြင်မလှ ဖြစ်တတ်ပါတယ်။
သံဃာကြည်ညိုရာမှာလည်း ထို့အတူပဲ ဂုဏ်တော်ကို မမှန်းတတ်၊ ပုဂ္ဂိုလ်မျှလောက်မှာသာ စိတ်ရောက်ပြီး တဏှာပေမ မကင်းတဲ့ ကြည်ညိုခြင်းမျိုးသို့ ရောက်သွားတတ်တယ်။

ဒါနပြုရာမှာလည်း ဘုရားရှင်အလိုကျ ဒါနမျိုးဖြစ်အောင်၊
ဆေးမှားလို့ ဖြစ်လာတဲ့ ရောဂါကဲ့သို့ ကုစားခက်လှသတဲ့။
ဝိဝဋ္ဋနိဿိတဖြစ်အောင် စိတ်မထားတတ်၊ ပကာသန အကျော်အစောတွေ လိုလားတဲ့ စိတ်ထားတွေဝင်လာ အကုသိုလ် ခြံရံလာနဲ့ အကျိုးရသင့်သလောက် မရဘဲ ရှိတတ်ပါတယ်။

ထို့အတူ သီလဆောက်တည်မှု စသည်မှာလည်း တကယ့်သီလဖြစ်အောင် မရည်ရွယ်တတ် စိတ်မထားတတ်လို့ အမြတ်ရသင့်သလောက် မရဘဲ ရှိတတ်ပါတယ်။

ဒါကြောင့် သဒ္ဓါအားကြိး ပညာနည်းရင် ကုသိုလ်အရာမှာ အကျိုးရသင့်သလောက် မရ၊ မရတဲ့အပြင် အပြစ်တွေပင် ဖြစ်လာတတ်ပါသေးတယ်။

ပညာလွန်ကဲ သဒ္ဓါနည်းခြင်း၏ အပြစ်

ပညာအားကြီးပြီး သဒ္ဓါနည်းသူအဖို့ စဉ်းလဲ ကောက်ကျစ်တဲ့ဘက် သက်ရောက်သွားတတ်တယ်။
ဆေးကြောင့် ဖြစ်တဲ့ ရောဂါကဲ့သို့ ကုစားခက်သတဲ့။
စိတ်ဖြစ်ရုံနဲ့ ကုသိုလ်ဖြစ်တယ်ဆိုတာ လှူဖွယ်ဝတ္ထုမပါဘဲ စိတ်ထဲက လှူရုံ၊ ဒါမှမဟုတ် သူများအလှူ ဝမ်းမြောက်ရုံနဲ့ ဒါနဖြစ်တယ် စသည်ဖြင့် အကြောင်း အတုအယောင်တွေနဲ့ အလှည့်စားခံရပြီး အကြံဆန်းတွေ ကြံလာတယ်။
စိတ်ကောင်းထား ပြီးတာပဲ၊ သီလစောင့်ဖို့ မလို စသည်ဖြင့် တခြားကုသိုလ်တွေကိုလည်း စိတ်နဲ့ပဲ စကားပြောပြီး လုပ်တတ်တယ်။
ဒီလို ပုဂ္ဂိုလ်မျိုးဟာ နူးညံ့ပျော့ပျောင်း စိတ်ကောင်းကလေးတွေကို သဒ္ဓါအစေး ခြောက်ခန်း ကြမ်းတမ်းတဲ့ တွေးတောခံယူချက်က လုယက် ဖျက်ဆီးထားပြီး ဖြစ်လေတော့ ပညာရှိတို့ စကားကို မလိုက်နာနိုင်ဘဲ ရှိတော့တယ်။
ဘယ်လိုပင် သဘောယုတ္တိ ကျမ်းအရှိနဲ့ ပြောပြပေမယ့် သဘောကျ နားလည်မှု မရှိနိုင်တော့ဘူး။
ဒါကြောင့် ဆေးမှားတဲ့ ရောဂါလို အကုရ ခက်ကြောင်း မိန့်ဆိုကြခြင်း ဖြစ်ပါတယ်။

သဒ္ဓါနဲ့ ပညာ မျှရင်တော့ ကြည်ညိုသင့်တဲ့ အရာမှာသာ ကြည်ညိုတတ်၊ ပြုသင့်တဲ့ ကုသိုလ်တွေ ပြုတတ်၊ ပြုတဲ့အခါလည်း အကျိုးရှိ အမြတ်ရအောင် ပြုတတ်ပါတယ်။

သမာဓိ ဝီရိယ ညီမျှအောင် ပြု

သဒ္ဓါ ပညာ နှစ်ပါး အချင်းချင်း ညီညီမျှမျှဖြစ်ရင် အကျိုးကို ဆောင်တတ်သလို မညီမမျှဖြစ်ရင် အကျိုးမဲ့ကို ဆောင်တတ်တယ်။
ထို့အတူ သမာဓိ ဝီရိယနှစ်ပါး အချင်းချင်း ညီညီမျှမျှ ဖြစ်နေရင် အကျိုးကိုဆောင်တတ်၊ မညီမမျှဖြစ်နေရင် အကျိုးမဲ့ကို ဆောင်တတ်ပါတယ်။

သမာဓိအားကောင်းပြီး ဝီရိယအားနည်းရင် သမာဓိက ကောသဇ္ဇခေါ် အပျင်းဘက်ပါ တရားမို့ အပျင်းတရား ဖိစီးလာတတ်တယ်။

ဝီရိယအားကြီးပြီး သမာဓိအားနည်းနေရင် ဝီရိယက ဥဒ္ဓစ္စဆိုတဲ့ ပျံ့လွင့်ခြင်းဘက်ပါ တရားမို့ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ လွှမ်းမိုး ဖိစီးလာတတ်တယ်။

ဒီလိုဖြစ်နေရင် မိမိတို့ လိုလားတဲ့ အပ္ပနာ ဈာန် မဂ်သို့ မသက်မရောက်နိုင်ဘဲ ရှိနေရတော့တယ်။
သမာဓိကို ဝီရိယနဲ့ ညီမျှအောင် ယှဉ်ပေးရင် အပျင်းဘက် ကျရောက်ခွင့် မရတော့၊
ဝီရိယကို သမာဓိနဲ့ ညီမျှအောင် ယှဉ်ပေးရင် ပျံ့လွင့်ခြင်းဘက် ကျရောက်ခွင့် မရတော့။

သမာဓိလွန်ရင် ဘယ်ဘာဝနာ ပွားရမယ်၊ ဝီရိယလွန်ရင် ဘယ်ဘာဝနာ ပွားရမယ်ဆိုတဲ့ အညီအမျှဖြစ်အောင် ပွားပုံကို နောက်က ပြောခဲ့ပါပြီ။
ဒီ သမာဓိ ဝီရိယနှစ်ပါး မယုတ်မလွန် အညီအမျှဖြစ်အောင် ပြုပေးနိုင်ရင် အပ္ပနာ ဈာန် မဂ်သို့ သက်ရောက်လာနိုင်ပါတယ်။

အရာခပ်သိမ်းမှာ လိုအပ်သော တရား

သတိကတော့ ဣနြေ္ဒအားလုံးမှာ အားရှိရင် သင့်လျော်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သတိဟာ ဥဒ္ဓစ္စဘက်သားဖြစ်တဲ့ သဒ္ဓါ ဝီရိယ ပညာတို့၏ အစွမ်းဖြင့် ဥဒ္ဓစ္စဘက် ကျရောက်ခြင်းမှ ကာကွယ်တတ်တယ်။
ကောသဇ္ဇ အပျင်းဘက်သား သမာဓိအစွမ်းဖြင့် ကောသဇ္ဇဘက် ကျရောက်ခြင်းမှလည်း ကာကွယ်တတ်တယ်။
ဒါကြောင့် ဒီ သတိဟာဖြင့် ဟင်းမှန်သမျှမှာ ဆားနဲ့ ဟင်းခပ် အမွှေးအကြိုင် ဝတ္ထုလိုအပ်သလို၊
မင်း၏ ကိစ္စမှန်သမျှ၌ မင်းအလုပ် ခပ်သိမ်း ဆောင်ရွက်တတ်တဲ့ အမတ်ကြီးကို လိုလားအပ်သလို အလုံးစုံသော ဣနြေ္ဒတို့မှာ လိုလားအပ်တယ်။

ရှေး အဋ္ဌကထာဆရာများ အဆိုမှာလည်း သတိကို အလုံးစုံသော အရာတို့၌ အလိုရှိအပ်၏ဟု ဘုရားရှင်က ဟောတော်မူတယ်။
ဘာကြောင့်လဲ … စိတ်ဆိုတာ သတိသာ အားထားရာ ရှိခြင်း၊ သတိတရားဟာ စောင့်ရှောက်တတ်သော တရားအဖြစ် ထင်ပေါ်ခြင်း၊ စိတ်ကို မြှောက်မှု နှိပ်မှုဟာ သတိနဲ့ ကင်းပြီး မဖြစ်နိုင်ခြင်း၊ ဒီအကြောင်းများအရ သတိဟာ အရာခပ်သိမ်းမှာ လိုလားအပ်ကြောင်း ဟောတော်မူခြင်း ဖြစ်ပါတယ်။

(၄) ပညာမဲ့ပုဂ္ဂိုလ်ကို ရှောင်ခြင်း

ခန္ဓာစသော တရားတို့၌ သက်ဝင်နိုင်သည့် ဉာဏ်မရှိတဲ့ ပုဂ္ဂိုလ်ကို ဒုပ္ပည - ပညာမဲ့တဲ့ ပုဂ္ဂိုလို့ ဆိုပါတယ်။
ဒီတရားတွေမှာ ပရိယတ်အသိလည်း မရှိ၊ ပဋိပတ်အသိလည်း မရှိတဲ့ ပုဂ္ဂိုလ်လို့လည်း ဆိုနိုင်ပါတယ်။

ဗောဇ္ဈင်တရားတွေ ဖြစ်ဖို့ရာ ဆန့်ကျင်ဘက် ရှောင်ရတယ်။ သင့်လျော်တဲ့ တရား မှီဝဲရတယ်။
ဒီတော့ ပညာမဲ့သူဟာ ဓမ္မဝိစယ ဖြစ်ဖို့ရာမှာ လျော်တဲ့ အရာမဟုတ်၊ ဆန့်ကျင်ဘက် အရာသာ ဖြစ်လို့ ပညာမဲ့သူကို ရှောင်ကြဉ်ခြင်းကို ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တစ်ရပ်အဖြစ် ဆိုခဲ့ပါတယ်။

(၅) ပညာရှိကို မှီဝဲ ဆည်းကပ်ခြင်း

ပညာရှိကို မှီခို ဆည်းကပ်မှု၌ ပညာရှိဆိုတာ ဥဒယဗ္ဗယဉာဏ်နှင့် ပြည့်စုံတဲ့ ပညာရှိဖြစ်ကြောင်း ပြဆိုကြပါတယ်။
ဒီနေရာမှာ ဝိပဿနာ ဉာဏ်အဆင့်ဆင့် တက်ရောက်နေသူတွေ၊ မဂ်ရ ဖိုလ်ရ ပုဂ္ဂိုလ်တွေ၊ ပရိယတ်ဗဟုသုတရှိသူတွေ ပညာရှိအားလုံးကို ယူလည်း သင့်ပါတယ်။
ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်းမှာ ပညာရှိကို မှီဝဲခြင်းဟာ အရေးကြီးတဲ့ အကြောင်းတစ်ရပ် ဖြစ်ပါတယ်။

(၆) နက်နဲသော တရား ဆင်ခြင်ခြင်း

ခန္ဓာ အာယတန ဓာတ်စသော တရားများဟာ သာမန်ဉာဏ်ဖြင့် သက်ဝင်နိုင်ခဲသော တရားများ ဖြစ်လို့ အသိခက် အမြင်ခက် နက်နဲသော တရားများ ဖြစ်ပါတယ်။
ထိုတရားများရဲ့ သဘော သဘာဝကို ဆင်ခြင်ခြင်း၊ ထိုတရားတွေကို သိမြင်နေတဲ့ ပညာအမျိုးမျိုး အထွေထွေကို ဆင်ခြင်ခြင်းဟာ ပညာ အဆင့်ဆင့် မြင့်ကြောင်း တိုးပွားကြောင်းဖြစ်လို့ ထိုနက်နဲသော တရားနဲ့ နက်နဲသော တရားတို့ကို သိမြင်နေတဲ့ ပညာ အထူးအပြား အစားစားတို့ကို ဆင်ခြင်ခြင်းဟာလည်း ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တစ်ရပ် ဖြစ်ရပါတယ်။

(၇) ဓမ္မဝိစယသမ္ဗောဇ္ဈင်၌ သက်ဝင်ခြင်း

မဖြစ်သေးတဲ့ ပညာဉာဏ် ဖြစ်ပေါ်လာဖို့၊ ဖြစ်လာတဲ့ ပညာ မပျောက်ဖို့ တိုးတက်ဖို့ရာမှာ ပညာဖြစ်ဖို့ အမြဲတမ်း စိတ်သက်ဝင်နေခြင်း၊ စိတ်ပါနေခြင်းဟာ အရေးကြီးလှပါတယ်။
ဒီလို စိတ်ပါနေမှ ပညာတိုးတက်ရေးအတွက် မလစ်ဟင်းဘဲ အမြဲတမ်း တဆင့်ပြီး တဆင့် မြင့်တက်လာအောင် ကြိုးစားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီဗောဇ္ဈင်မှာ စိတ်ပါ သက်ဝင်နေမှုဟာ ပညာ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တစ်ရပ် ဖြစ်ရပါတယ်။


+++++
စာကိုး
သပြေကန်ဆရာတော်ဘုရားကြီး၏ “ဗောဇ္ဈင်ခုနစ်ပါး တရားမြတ်ရတနာ”

Read more...

မှာချင်တယ် ၀င်းကြည်မရယ် (၁)


ရေကြည်ရာနှင့် မြက်နုရာ စီးပွားရှာဖို့ သွားကြတယ်၊ မြို့ကြီး ပြကြီး ဟိုမှာ ဒီမှာ အုတ်သယ် ပန်းရံလုပ် အဟုတ်ကို ကိုက်တယ်။ အေးကြည်မ တို့ အဖော်က တဆွယ်ဆွယ် အမေ့ကို ကန်တော့ကာ မြို့ကို တက်ခဲ့တယ်။

ဒီသီချင်းက ၀င်းကြည်မတို့ ဟို . . . ငယ်ရွယ်စဉ် အချိန်ကတည်းက ကြားခဲ့ရသည့် မောင်ကြေးမုံ ရေးသားထားသော သီချင်းဖြစ်သည်။ လိုက်ဆိုဖြစ်သလို အလွတ်လည်း ရနေသည်။ အချိန်တန်လို့ အပျိုကြီးဖားဖား ဖြစ်လာပြန်တော့လည်း သီချင်းလေးထဲက အေးကြည်မကို အားကျမိရင်း ဒီသီချင်းလေးကိုပင် ပြန်လည်သီဆိုမိပြန်သည်။

ဟုတ်သည်လေ . . .။ တောမှာ တနေ့တာ အလုပ်လုပ်၍ ရသည့် ငွေကြေးနှင့် မြို့မှာ တနေ့တာ အလုပ်လုပ်၍ ရသော ငွေကြေးတို့က နှိုင်းယှဉ်ကြည့်လျှင် မယုံကြည်နိုင်စရာ။

တောမှာ ဆို နံနက်ငါးနာရီထိုးပြီဆိုသည်နှင့် မိုးမလင်းခင်ကတည်းက သနပ်ခါးကို မျက်နှာပြင်မှာ အကုန်တင်၊ နေပူမှာ စိုးသည့်အတွက် ခေါင်းကိုအုပ် လက်နှင့်ခြေထောက်ကို ထုတ်ကာ မီးနေသည်အလား လယ်တောသို့ ဆင်းရတော့၏။ နေ့ခင်း ထမင်းစားရသည့် အချိန်က (၁၂)နာရီ၊ ပြီးတော့ အားလုံးပေါင်းမှ အနားရသည့် အချိန်က (၁)နာရီ၊ ထို့နောက် နေပူကျဲကျဲမှာ လယ်တောထဲသို့ ဆင်းရပြန်၏။ အမိုးအကာက မရှိ။ နေရောင်ခြည်၏ အပူရှိန် လင်းအားထုကို အာခံရင်း ဘ၀ကို မမှု လောကဓံကို အန်တုလျက် အလုပ်လုပ်လိုက်ရသည်များမှာ ညနေ အိမ်ပြန်ချိန်ရောက်တော့ မိုးစုန်းစုန်း ချုပ်ပေပြီ။


အိမ်ပြန်ရောက်လို့ ရေမိုးချိုး၊ အ၀တ်စားလဲ၊ ထမင်းစားပြီးသည်နှင့် ည(၉)နာရီ ထိုးပေပြီ။ ရှေးအစဉ်အလာ မိဘတို့၏ စည်းစနစ်ကြီးမှုကြောင့် ၀င်းကြည်မတို့မှာ အိမ်မလည်ရ။ ရွာမှာရှိသည့် တစ်လုံးတည်းသော တီဗှီ(ရုပ်မြင်သံကြား)ကိုပင် ကြည့်ခွင့် မရရှာခဲ့။ ၀င်းကြည်မတို့ရဲ့ ဘ၀က လူ့အဖြစ်ကို ရရှိသော်လည်း လူ့ငရဲခန်းပမာ။ နေ့စဉ် နေ့စဉ် သီချင်းလေးထဲက အေးကြည်မအဖြစ်ကိုသာ တောင့်တ နေမိတော့သည်။

ဘ၀တဆစ်ချိုးအဖြစ် ပြောင်းလဲနိုင်မည့် နေ့ တနေ့ . . . ။ နွေရာသီ ကျောင်းပိတ်ချိန် ရန်ကုန်မြို့ရှိ စာသင်တိုက်မှ ရွာသို့ ပြန်ကြွလာသော ကိုရင်ပညာသာမိကို လယ်တောမှ အပြန် ၀င်းကြည်မတို့ အိမ်တွင် အမှတ်မထင် တွေ့လိုက်ရ၏။ ၀င်းကြည်မတို့ ရွာရဲ့အစဉ်အလာက စာသင်တိုက်က ပြန်ကြွလာသော စာသင်သား ရှင်ငယ် ရဟန်းငယ်များကို ညဖက်မှာ ပင့်၍ ရေနွေးကြမ်းကပ်၊ တရားဓမ္မများ ဆွေးနွေးလျက် လှူစရာ ရှိသည်များကို လှူ၊ မေးစရာရှိသည်များကို မေးလေ့ရှိကြ၏။

နေ့ခင်းဖက်ကြတော့ အလုပ်ကိုယ်စီနဲ့မို့ မအားလပ်ကြ။ ငယ်စဉ်က ကျောင်းနေဖက်လည်းဖြစ်၊ ကစားဖော် ကစားဖက်လည်းဖြစ်လို့ မြို့ကအခြေအနေများ၊ မြို့ကြီးသူတို့၏ ဟန်ပန်အမူအရာများကို မေးလိုက်ချင်၊ စကားပြောလိုက်ချင်သည်မှ အရမ်း။

သို့သော် . . . ဘ၀တွေက ခြားခဲ့ပေပြီ။ အရွယ်တွေကလည်း လူပျို အပျိုအဖြစ် ရောက်ခဲ့ပြီမို့ ခပ်ဝေးဝေးကသာ ဦးချ ကန်တော့ရင်း အမေတို့နှင့် စကားပြောနေသည်ကိုသာ နားထောင်နေမိတော့သည်။

အချိန်အတော်ကြာသည်နှင့် အမေတို့နှင့် စကားစ ပြတ်သွားသည့်အချိန် ကိုရင်သာမိက (၀င်းကြည်မတို့ ငယ်စဉ် အခေါ်) မိမိဖက်သို့ မျက်လုံးဝင့်၍ “ ဟဲ့ . . . ၀င်းကြည်မ ၊ ဘယ့်နှယ့် . . . ၊ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား၊ တော်တော်ရော ပင်ပန်းသလား၊ မြို့မှာရော အလုပ်မလုပ်ချင်ဘူးလား ” ဟု မေးလိုက်၏။

ကိုရင်သာမိ၏ သုံးချက်ဆင့် အမေးကြောင့် ၀င်းကြည်မ ဘာပြန်ဖြေရမည် မသိ။ ကိုရင်သာမိကို ငေးလို့သာ ငေးကြည့်နေမိပြန်၏။

“ ဟဲ့ . . . ၀င်းကြည်မ၊ ကိုရင် မေးနေတာ ဖြေလိုက်လေ ” ဟု အမေရဲ့ သတိပေးမှုကြောင့် သတိ ပြန်ဝင်လာကာ “ ကိုရင်ရယ်. . . ၊ အလုပ်က မြို့မှာလောက်တော့ ဘယ်အဆင်ပြေပါ့မလဲ။ တောမှာ အလုပ်လုပ်ရတာက အရမ်း ပင်ပန်းတယ်လေ။ ၀င်ငွေကလည်း မြို့နဲ့စာရင် အဆ နှစ်ဆယ်လောက် ကွာတာ ကိုရင် အသိပဲလေ။ ဒီမှာက ကိုယ့်ထမင်း ကိုယ်စားပြီး တနေကုန် အလုပ်လုပ်မှ နှစ်ရာလောက် ရတာရယ်။ ပင်ပန်းသလားဆိုတော့ မွေးကတည်းက လုပ်နေရတဲ့ အလုပ်ဆိုတော့ အသားကျနေပါပြီ။ ပင်ပန်းတယ်လို့လည်း မဟုတ်တော့ပါဘူး။ တပည့်တော်တို့က အမေနဲ့သမီး၊ ပြေးကြည့်လို့မှ ဒီနှစ်ယောက်တည်း ရှိတာရယ်။ တပည့်တော်မှ ပိုက်ဆံများများ မရှာနိုင်ရင် ဘယ်သူ ရှာကျွေးမလဲ။ အမေက အသက်ကြီးပြီလေ။ မြို့မှာ အရမ်း အလုပ်လုပ်ချင်တယ် ကိုရင်။ ကိုရင့်အသိ ဒကာ ဒကာမများ ရှိခဲ့ရင် ပြောပေးပါအုံး ကိုရင်ရယ် . . . ” ။

“ ဟဲ့ ၀င်းကြည်မ . . . ၊ နင့် အပူတွေ ကိုရင့်ကို သွားမပေးနဲ့။ ကိုရင်က မြို့မှာ စာကျက်၊ စာသင်၊ စာအန်၊ စာပြန်နဲ့ အားတယ်လို့ကို ရှိတာ မဟုတ်ဘူး။ အားလပ်တဲ့ ရက်တွေမှာ ရွာကို ပြန်ပြီး အနားယူနေတဲ့ အချိန် ကိုရင့် ကို အနှောင့် အယှက် မပေးပါနဲ့အေ . . .” ဟု အမေက ၀င်းကြည်မကို ဟန့်လိုက်၏။

“ ရပါတယ် ဒကာမကြီးရယ်၊ ကိုရင်တို့က ငယ်သူငယ်ချင်းတွေပဲ၊ ပြောပါစေ . . .။ ဒါနဲ့ ခုပြောထားတဲ့ မြို့မှာ အလုပ် လုပ်မလားဆိုတာက ကိုရင့် အသိ ဒကာကြီးတယောက်နဲ့ စကားစပ်မိလို့ ပြောကြရင်း အလုပ်ရှိတယ် လခ ကောင်းတယ်ဆိုတာ သိရတာ။ ၀င်းကြည်မ၊ နင် အလုပ် လုပ်ချင်တယ်ဆိုရင် ကိုရင့် အသိ ဒကာကြီးကို အကြောင်းကြား အသိပေးကြည့်လိုက်မယ်။ အလုပ်က အဆင်ပြေတယ်ဆိုရင်တော့ ရမှာပေါ့” ဟု ကိုရင်က စကား ဆိုလိုက်၏။

ဝင်းကြည်မ ဘယ်လို ၀မ်းသာသွားမှန်း မသိတော့၊ ပါးစပ်ကလည်း ယောင်တိယောင်ကန်းဖြင့် အမှတ်မထင် “ကိုရင်ရေ . . . ဖြစ်နိုင်ရင်၊ မနက်ဖြန်ပဲ မြို့တက်ပြီး အကြောင်းပေးပါတော့ဘုရား”ဟု လျှောက်လိုက်မိ၏။

“ ကိုရင်ရေ၊ ကိုရင့် သူငယ်ချင်းကတော့ ပြောသင့်တဲ့ စကားလား၊ မပြောသင့်တဲ့ စကားလားဆိုတာတောင် မခွဲခြားတော့ဘူး။ ခွင့်လွှတ်ပါ ကိုရင်” ဟု အမေက အားနာစွာဖြင့် ကိုရင်သာမိကို ပြန်လျှောက်ထားသံကိုပင် ၀င်းကြည်မ သဲသဲကွဲကွဲ မကြားနိုင်တော့။ ဒါတောင်မှ အလုပ်က သေသေချာချာ ရနိုင်မည်ဟု မသိရသေး။ ၀င်းကြည်မတို့ ရင်ထဲမှာ ကုလားဘုရားပွဲကတော့ လှည့်နေပေပြီ။ ၀မ်းသာလွန်းအားကြီး၍ ဘာသံမှပင် မကြားမိတော့။ တခါမှ မရောက်ဖူးသော ရန်ကုန်ရွှေမြို့တော်ကြီးကိုသာ စိတ်ကူးဖြင့် ရော်ရမ်းမှန်းဆကာ မြင်ယောင်နေမိတော့သည် ။

အပိုင်း (၂) ဆက်လက်ရေးသားပါမည်။

Read more...

မမျှော်လင့်သော အရာတစ်ခု ပြောင်းလဲသွားခဲ့ရင် ....



ဘ၀မှာ မထင်မှတ်တဲ့ အရာ မမျှော်လင့်တဲ့အရာ တစ်ခု ရုတ်တရက် ပြောင်းလဲသွားခဲ့ရင် လူတိုင်းရင်ထဲ စိတ်ထဲမှာ ဝေဒနာတခုတော့ ခံစားရစမြဲပါ။ တကယ်လို့ မနက်ဖြန်မှာ မနက်ဖြန်သာ ရုတ်တရက် တစ်စုံတခုကို ပြောင်းလဲခဲ့ရင် ကျွန်ုပ်ချစ်သော သူများ၏ရင်ထဲမှာ သဘာဝအရ ဝေဒနာတခုပေါ်လာမည်မှာ သေချာသည်။

ကျွန်ုပ်မနက်ဖြန်သည် လက်ရှိအခြေနေပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့သလို အကယ်၍ မလုပ်ဆောင်တော့ပဲ မထင်မှတ်သော အရာတစ်ခုသို့ အရောက်လှမ်းခဲ့ရင် မလိုသူများကလည်း ကြိတ်မှိတ်ကာ ပျော်ရွှင်ခြင်းတွေ သူတို့၏စိတ်မှာ ခံစားခြင်းဝေဒနာ ရရှိကြမယ်ထင်သည်။ စကားတစ်ခွန်းကို ကြားဖူးသည်

"ချစ်သူကပေးတဲ့ အချစ်ပဲဖြစ်ဖြစ်၊ မုန်းသူကပေးတဲ့ အမုန်းပဲဖြစ်ဖြစ်၊ တကယ်တော့ ကိုယ်ကလက်ခံမှ ချစ်ခြင်း မုန်းခြင်းတွေက ကိုယ့်ဆီရောက်တာပါ " တဲ့။ အရမ်းသဘောကျတဲ့ ၀ါကျလေးတစ်ခုပါ။

ချစ်ခြင်း မုန်းခြင်း၊ ပျော်ခြင်း၊ မပျော်ခြင်း စတဲ့ ဒွန်တွဲနေသော လောကမှာ လူရယ်လို့ဖြစ်လာတဲ့ မနက်ဖြန်အတွက် ဒါတွေကို ရှောင်လွဲလို့မရပါဘူး။ ဒါကြောင့် မမျှော်လင့်သော အရာတစ်ခု ပြောင်းလဲပစ်လိုက်ရင် မနက်ဖြန်ဆီရောက်လာမဲ့ ချစ်ခြင်း မုန်းခြင်းတွေကို အပေါ်က ၀ါကျလေးတိုင်းပဲ ခံယူကျင့်သုံးနေဖို့ ကြိုးစားနေမိမယ်။

တဏှာကို မလွန်ဆန်နိုင်သည့် မနက်ဖြန် ဘာတွေလုပ်လုပ် လုပ်သမျှတွေဟာ တဏှာစေသမျှကို နာခံသည့်သဘောတစ်ခုသာဖြစ်ချေမည်လို့ ချစ်သူ မုန်းသူတွေ နားလည်ပေးမည်ဆိုပါက မမျှော်လင့်သော အရာတစ်ခုကို ပြောင်းလဲသွားခဲ့ရင် ဆိုသည့် စကားနောက်မှာ အဖြေရရှိပါလိမ့်မည်။

မနက်ဖြန်အတွက်တော့

ဘ၀ဆိုတာ
နေထွက် နေ၀င်၊
သက်ဝင် လှုပ်ရှား၊
မနားမနေ၊
တဏှာစေသမျှ၊
နာခံရသည့်၊
နာမ်ရုပ် သက်သက်မျှသာပါတကား။

Read more...

တစ္ဆေတစ်ကောင်ကိုယုံအပ်မယုံအပ်

ညကြီးအချိန်မတော် မိမိ သည်နေရာကို ဘယ်နည်း ဘယ်ပုံရောက်လာခဲ့သလဲ ကိုသော်တာ မတွေးတတ် ဖြစ်နေသည်။ ကားလမ်းမကြီး၏ အလယ်တည့်တည့်မှာ ရပ်နေတာကို သတိထားမိသဖြင့် လမ်းဘေးသို့ ကမန်းကတန်း ဆင်းလိုက်သည်။ ကားလမ်းမ၏ ဘေးဝဲယာမှာ လရောင်ထိုးနေသော ကွင်းပြင်နှင့် ခင်တန်းများကို တွေ့ရသည်။ ကားလမ်းဘေး တစ်လျှောက်တွင်မူ ကုက္ကိုလ်ပင် မည်းမည်းကြီးများ စီတန်းရပ်နေကြသည်။ လူရိပ်လူယောင်ကိုမူ မမြင်ရ။ ဘယ့်နှယ်နေရာပါလိမ့်။

အို...ဘယ်နေရာပဲ ဖြစ်ဖြစ်။ ရောက်လာမှတော့လည်း ရောက်တော့တာပေါ့။ နေရာကလေးကဖြင့် အေးကအေး၊ ဆိတ်ကဆိတ် လှပါဘိသနှင့်။ ဒီလိုအေးဆိတ်မှုမျိုး ရွှေမြို့တော်ကြီးတွေမှာ ရခဲလှပါဘိတောင်း။ ကလော်တိုင်းမထွက်သော ကဗျာဥာဏ်အာဘော်ကို သွားတိုက်ဆေး ညှစ်သလို အတင်းကာရော ညှစ်ထုတ်ရလျှင် ကောင်းမည်ဟု အတွေးပေါ်မိသဖြင့် ကုက္ကိုလ်ပင်ကြီးကို မှီကာ ကားလမ်းမကို ကျောပေး၊ ခင်တန်းဘက် မျက်နှာမူလျက် ထိုင်ချလိုက်သည်။ ညဥ့်လေအဟပ်မှာ ဖြန်းကနဲ ကြက်သီးထသွားသော ကိုယ်ကိုပမာမခန့်ပြုပြီး တောမြိုင်စွန်းက လွမ်းအောင်ဖန်နေပုံကို သေသေချာချာ ကြည့်မိသည်။

"ငါ့နေရာမှာ ဗီသိုဗင်ဆိုလျှင် ဒီနေရာမှာ ထိုင်နေရုံနှင့် တောကြီးဟေ၀န် တေးသွားတစ်ပုဒ်လောက် စပ်မိမှာအသေအချာ" ဟု တွေးနေမိသည်။ "ငါကတော့ ဗီသိုဗင့် မွန်းလိုက်နဲ့ တယောအစုတ်လေးနဲ့ အရူးထရုံပဲ တတ်နိုင်ခဲ့တယ်။ ဒါနဲ့ ကနောင်မင်းဖျာ့ထိပ်ထား လှိုင်ထိပ်ခေါင်တင် မင်းသမီးကလေးကတော့... စိန်ခြူးကြာညောင် လရောင်လင်းပါလို့ မှန်ရွှေကူပြတင်းရယ်က မယ်ခုမျှော်... လို့ ဆိုခဲ့ဖူးတာပဲ။ သဉ္စာလီ မွေ့ရာနန်းပေါ်မှာ စံပယ်ရင်း မှန်ပြတင်းကနေတစ်ဆင့် သူ့မှာ လရောင်ကို မြင်ရတယ် ဆိုကပဲ။ ငါကတော့ ဟောဒီတောစပ်ဘေးက သဘာဝကျတဲ့ နက်ချရယ် မြေကြီးပေါ်ကနေ လရောင်ကို တည့်တည့်ထင်းထင်း မြင်ရတယ်။ ငါအသုံးမကျလို့သာ ကဗျာတစ်ပုဒ် မဖြစ်ရင်ရှိမယ်။ ဒီအလှ ဒီအပကို မြင်လိုက်ရလို့ကတော့ နတ်သျှင်နောင်ဆို ရတုတစ်ပုဒ်လောက် အသာအယာထွက်တယ်။ လှိုင်ထိပ်ခေါင်တင်ဆို ဘောလယ်တစ်ပုဒ်လောက် အသာကလေးရနိုင်တယ် " လျှောက်စဉ်းစားနေမိသည်။

ဒီတုန်း "အို ကဗျာဆရာကြီး၊ ကဗျာမှော် ဖမ်းနေသလားရှင့်" ဟူသော သာယာညင်းပျောင်း စောင်းနှင့်တူသည့် အသံကို နောက်ကျောနားကပ်လျက် ရုတ်တရက် ကြားရသဖြင့် ကိုသော်တာ လှည့်ကြည့်လိုက်သည်။ ဆံပင်ရှည်ဖားလျားချထားသော နန်းဝတ်နန်းစားနှင့် အမျိုးသမီးတစ်ယောက်ကို မြင်ရသည်။

"အလို... အမိက ကျုပ်ကို ဘယ်လိုခေါ်လိုက်သလဲ"

"အို..ကဗျာဆရာကြီးလို့ ခေါ်လိုက်တယ်လေ၊ ဘာလဲ မကြိုက်ဘူးလား၊ ဒါဖြင့် အိုဘယ့်..အမောင်ကဗျာဆရာငဲ့ လို့ ခေါ်ရမလား။ နို့မဟုတ် အလို .. ကိုကိုကဗျာဆရာ လို့ ခေါ်ရမှာလား " ဟု အမျိုးသမီးက ခနဲ့တဲ့တဲ့ ဖြေ၏။

"နေစမ်းပါဦး၊ ခင်ဗျားက ကျုပ်ကို ကဗျာဆရာမှန်း ဘယ်လိုသိသလဲ"

"မြွေမြွေချင်း ခြေမြင်တယ်ဆိုတာ ရှင်ကြားဖူးလား"

"ကြားဖူးတာပေါ့၊ သြော် ခင်ဗျားကလည်း ကဗျာဆရာပဲလား၊ ကလောင်နာမည်က ဘယ်လိုခေါ်လဲ"

"ကဗျာဆရာတော့ မဟုတ်ပါဘူးရှင်ရယ်၊ သီချင်းသည်လေးပါ။ မန္တလေးနန်းတွင်းက အညတြ နန်းတွင်း သီချင်းသည်လေး တွေထဲက တစ်ဦးပေါ့၊ ရှင်အခုနကတွေးနေတဲ့ စိန်ခြူးကြာညောင် ဘောလယ် တို့ဘာတို့ကို ကျွန်မတို့ ဆိုလာတီးလာခဲ့တာပေါ့။ လှိုင်ထိပ်ခေါင်တင်မင်းသမီးတို့ ဒေ၀က္ကန္ဒာမောင်မောင်ကြီးတို့ဟာ ကျွန်မရဲ့ ကျေးဇူးရှင် ဆရာသခင်တွေပါပဲ"

"ဆရာတွေကလည်း အခန့်စားတွေပါလား။ ဒါနဲ့ ခင်ဗျားက ကျုပ်ရဲ့အတွေးကိုပါ ဖတ်တတ်သလား"

"ဖတ်တတ်တာပေါ့ရှင့်၊ တစ္ဆေဆိုတာ လူ့အတွေးကို ဖတ်တတ်ရတယ်၊ ဒါနဲ့ ကျွန်မလည်း ရပ်နေရတာ ညောင်းလှပြီရှင်၊ ထိုင်ဖို့ပြုဖို့ ဖိတ်မန္တက ပြုပါဦးတော့။"

"အဲလေ၊ ဟုတ်ပါရဲ့ ထိုင်ပါဗျာ.. ထိုင်ပါ..။ အဲ ထိုင်တော်မူပါ။ ဒါပေမဲ့ အမျိုးသမီး၊ အဲ.. ထိပ်ထား..အဲ ထားပါလေ။ ထိပ်ထားဘုရား... ကျုပ်... အဲ ကျွန်တော်မျိုး တစ်ခုလောက်ပြောမယ်...ထိပ်ထားက တစ္ဆေပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်၊ ညကြီးမင်းကြီး ဒီလိုအချိန်မတော်မှာ တစ်ယောက်တည်း အပြင်ထွက်ဖို့ မသင့်ဘူးလို့ ကျွန်တော်မျိုး သံတော်ဦးတင်ချင်တယ်"

"ဘာလဲ ရှင်တို့က ဘိုးတော်မင်းတြားကြီး လက်ထက်က စည်းကမ်းကလနားတွေနဲ့ ကျွန်မတို့ အမျိုးသမီးထုကြီးကို ချုပ်နှောင်ဖို့ ကြိုးစားနေတုန်းလား။"

"မဟုတ်ရကြောင်းပါဗျာ။ ခင်ဗျားကို အဲ ထိပ်ထားကို စိတ်ပူလို့ပါ၊ နောက်ပြီး အဲဒီ ထီးသုံးနန်းသုံးတွေ ကျုပ် အဲလေ... ကျွန်တော်မျိုး သိပ်မသုံးတတ်ဘူး ဗျာ့၊ အဲလေ ဖျာ့၊ မှားတာပါရင်လည်း ခွင့်လွှတ်တော်မူ"

"ထားပါရှင် အဲဒီအသုံးအနှုန်းတွေ၊ ကျွန်မလည်း တစ္ဆေဘ၀ရောက်တာကြာလို့ ဒီအသုံးအနှုန်းတွေလည်း မေ့သလောက် ဖြစ်ကုန်ပါပြီ။ တစ္ဆေလောကမှာကျတော့ တယ်လည်း အသုံးမကျလှပါဘူး။ ခေါ်တတ်သလို ရိုးရိုးသာ ခေါ်ဝေါ်သုံးစွဲစမ်းပါ။ ဒါနဲ့ ကျွန်မမှာ အဖော်တွေပါပါတယ်ရှင့်၊ ရှင်မမြင်ရလို့ပါ၊ ရှင့်ကို မြင်ခွင့်မပြုထားလို့ပါ။"

"သြော် ဒီလိုလား၊ ဒါနဲ့ အမိက ဘယ့်နှယ်ဘယ့်ပုံ တစ္ဆေဘ၀ ရောက်လာတာလဲလင်းပါဦး။ အဲ..အဲ ကျုပ်ဘက် သိပ်မကပ်နဲ့လေ။ ယောကျာ်းနဲ့ မိန်းမဆိုတာ ဆိတ်ကွယ်ရာအရပ်မှာ နှစ်တောင့်ထွာထက် ပိုကပ်လို့ မသင့်တော်ဘူးဗျ။ သတိထားမှပေါ့"

"မိုးကမလုံ ခေါင်ကလုံနေပါပေါ့လား။ ခစ်ခစ်ခစ်..။ ရှင်မကြားရမှာ စိုးလို့ပါ။ ကဲပါရှင် မကပ်တော့ပါဘူး။ ကျွန်မတစ္ဆေဖြစ်ပုံကို သိချင်တယ်ဟုတ်လား။ ခက်တော့ နေပါ့။ ဒီခေတ်ထဲမှာ တစ္ဆေဖြစ်တာ မဆန်းတော့ဘူးရှင့်။ ရှင်သိရဲ့လား။ ဒီလိုပဲ သူသူကိုယ်ကိုယ် ဖြစ်နေကြတာ။"

"ကုသိုလ်ကောင်းမှုလေး ဘာလေး မပြုခဲ့ဘူးလား။"

"ပြုတော့ ပြုတာပေါ့ရှင်။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဆိုတာမျိုးကလည်း အရှိသားမလား။ ကဲ ဒါက ထားပါ။ ကျွန်မက ခု ကျွတ်တော့ လွတ်တော့မှာပါ။ အခုက ရှင့်ဆီမှာ စုံစမ်းစရာရှိလို့။"

"စုံစမ်းစရာ ဟုတ်လား၊ ပြောပါဦး"

"ဒီလိုရှင်၊ ကျွန်မနဲ့ ကျွန်မရဲ့ အချွေအရံတွေမှာ ပစ္စည်းလေးဘာလေး ရှိတယ်။ ပစ္စည်းလေးဘာလေးဆိုတာက လူ့ဘ၀တုန်းက ပိုင်ဆိုင်ခဲ့တဲ့ ရွှေလေးငွေလေးတွေပေါ့။ အဲဒါတွေကို ဘယ်သူမှမသိအောင် မြှုပ်ထားနှံထားခဲ့တာ။ အဲဒီပစ္စည်းဥစ္စာတွေဟာ အခုတော့ ကျွန်မတို့အတွက် ဘာမှ အသုံးမကျတော့ဘူး။ ဥပါဒါန်စွဲစရာတွေ ဒုက္ခရောက်စရာတွေပဲ ဖြစ်နေတယ်။ ဒီတော့ အဲဒီပစ္စည်းဥစ္စာတွေကို ယုံကြည်စိတ်ချရတဲ့ လူသားတစ်ဦးဦးကို တူးဖော်ခိုင်းပြီး အလှူဒါန ကုသိုလ်ကောင်းမှု ပြုချင်တယ်။ ဒီတော့ ရှင့်ဆီက စုံစမ်းချင်တာက မြန်မာပြည်မှာ ဘယ်လိုကုသိုလ်ကောင်းမှုတွေ ပြုရင်သင့်မလဲ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ် လှူဒါန်းသင့်သလဲ ဆိုတာတွေပဲ။ ရှင်က စာဆိုတစ်ဦးဆိုတော့ ဗဟုသုတ ပြန့်ပြူးကျယ်ပြန့်လိမ့်မယ်လို့ ကျွန်မတို့ ယူဆတယ်လေ"

"အလှူဒါနတွေပြုရင်တော့ သံဃာတော်တွေကို ရည်မှန်းပြီးပြုတဲ့ ဒါန၊ လှူဒါန်းတဲ့အလှူဟာ မြတ်တယ်လို့ ကြားဖူးတာပဲ"

"ဘယ်သံဃာတွေကို လှူဒါန်းရမလဲ ရှင့်"

"အိုသံဃာဆိုမှဖြင့် ရွေးချယ်စရာလိုသေးလို့လား။ အားလုံးပါသွားမှာပေါ့။"

"ရွေးချယ်စရာ လိုသေးလို့လား ဆိုတော့ လိုတာပေါ့ရှင့်။ သံဃာအများကို ရည်မှန်းပြီးလှူဒါန်းတာဆိုပေမဲ့ အလှူခံပုဂ္ဂိုလ်က သီလမရှိတဲ့ အလဇ္ဇီ ပုဂ္ဂိုလ်ဖြစ်နေရင် သာသနာအတွက် နှစ်နည်းနှစ်ဖုံ ထိခိုက်တယ်။ ပထမတစ်နည်းကတော့ သီလမရှိတဲ့ ပုဂ္ဂိုလ်ကို သီလမရှိလည်း သီလရှိသူများနည်းတူ ပူဇော်ခံရမှာပဲ ဆိုတဲ့အနေအားဖြင့် အားပေးအားမြှောက် ပြုရာရောက်တယ်။ ဒုတိယတစ်နည်းနဲ့ ထိခိုက်ပုံကတော့ သီလရှိတဲ့ ရဟန်းသူတော်ကောင်း၊ လူသူတော်ကောင်းဟာ သီလရှိပေမဲ့ သီလမရှိသူလောက်မှ ပူဇော်ခြင်းမခံရဘူး ဆိုတဲ့အနေအားဖြင့် သီလရှိသူတွေကို အားငယ်အားပျော့အောင် ပြုရာရောက်တယ်။ သီလမရှိသူကို သီလရှိသူနဲ့ တန်းတူရည်တူ ပူဇော်မယ်၊ ဆက်ဆံမယ်ဆိုရင် လောကကြီး ဘာဖြစ်သွားမလဲ"

"အလို.. ခင်ဗျားက တယ်လည်း ထဲထဲဝင်ဝင်ကို သိနေပါ့လား။"

"သိဆို အခုကျွန်မကို စောင့်ရှောက်ပြီး လိုက်လာကြတဲ့ ကျွန်မရဲ့ အချွေအရံတွေထဲမှာ သူတို့လည်း ပါတာကိုး။ သူတို့ကိုး ဆိုတာ လူ့ဘ၀က လူဖြစ်ခဲ့တဲ့သူတွေရော ဘာဖြစ်ခဲ့ ညာဖြစ်ခဲ့တဲ့ သူတွေရောအစုံပဲ ဆိုပါတော့။ အဲ.. သူတို့လည်း ပါလေတော့ သူတို့ကမှ တဆင့် သိရတာပဲ။"

"အဲအဲ ဟုတ်ပြီ မသုဓမ္မစာရီ။ ဒီတင်ရပ်... ဒီတင်ရပ်။ ဒါဖြင့် ကျုပ်လည်း သိသလောက် ပြောမယ်။ ကျုပ်ပြောတာကို ခင်ဗျားဘာသာ ချဲ့ထွင် တွေးခေါ်ပြီး ယူပေတော့။ ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင်တော့ ဦးဆုံးအနေအားဖြင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်ကြီးကို ထောက်ပံ့ လှူဒါန်းမယ်။ သာသနာအတွက် ရေရှည်အကျိုးရှိမဲ့ ဘူမိနက်သန် နေရာကြီး မိုလို့ပဲ။ နောက်ပြီးတော့ကား ဇီဝိတဒါနသံဃာ့ဆေးရုံအတွက် ပဒေသာပင် စိုက်ထူးထားမယ်။ နောက်ပြီး ပရိယတ္တိ စာသင်တိုက်တွေကို လှူဒါန်းမယ်။ နောက် နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေးကို လှူဒါန်းမယ်။ အများ ပြည်သူတွေအတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ပညာရေးအတွက် ပညာသင်ဆု ပဒေသာပင်တွေ စိုက်မယ်။ ဇီဝိတဒါန ဆေးခန်းတွေ ထူထောင်မယ်။ မိဘမဲ့ ကလေးဂေဟာတွေ တိုးချဲ့ပြီးဖွင့်မယ်။ ဘိုးဘွားတွေအတွက် ဘိုးဘွားရိပ်သာ အသစ်တွေ တိုးချဲ့ပြီး ဖွင့်မယ်။ စသည်ဖြင့် စသည်ဖြင့်ပေါ့..။ ဘဏ္ဍာထိန်းတွေကိုတော့ ကျုပ်မပြောလိုဘူး။ ခင်ဗျား ဘာသာရွေးချယ်ပေါ့။ ခင်ဗျားလည်း ပါးရည်နပ်ရည်ရှိတဲ့ တစ္ဆေတစ်ဦးပဲ။ ဟုတ်ပြီလား။ ကိုင်း... ဒီလောက်ဆို ခင်ဗျား သဘောကျပြီ ထင်တယ်"

"တယ်ကောင်းတဲ့ အကြံဥာဏ် အတွေးအခေါ်ပေပဲရှင်။ သာဓု၊ သာဓု"

"ကျုပ်ကလည်း သာဓုခေါ်ပါတယ်ဗျာ... ခင်ဗျားအစီအစဉ်ကို အမြန်ဆုံးသာ အကောင်အထည်ဖော်နိုင်ပါစေ။ ကူညီနိုင်စရာ ရှိရင်လည်း အသက်စွန့်ပြီး ကူညီပါ့မယ်။ အကူအညီတောင်းနိုင်ပါတယ်။"

"ကောင်းပါပြီရှင်။ ကျေးဇူးတင်ပါတယ်။ တောင်းဆိုရမယ်ဆိုရင်တော့ တောင်းဆိုချင်တာတစ်ခု ရှိသေးတယ်ရှင့်။ ရှင်လိုက်လျောနိုင်ပါ့မလား မသိဘူး။"

"ဘာတောင်းဆိုချင်တာလဲ ခင်ဗျာ။ ဟောဟိုက လမင်းကြီးကို တက်ဖမ်းပေးရမှာလား။ ဒါမှမဟုတ် ဟောဟိုက တောင်တန်းကြီးကို ကြိုးနဲ့ဆွဲပြီး ခေါ်လာပေးရမလား။ ပြောပါ။ ဆိုပါ။ ကြိုက်တာတောင်းဆိုပါ။"

"ဒီလိုပါရှင်။ ကျွန်မ အစာမစားရတာ သုံးရက်ရှိပြီရှင့်။"

"ဟုတ်ကဲ့။ ကျွန်တော် ဘာအကူအညီပေးရမလဲ"

"အဲဒါ... ရှင့်လည်ကုပ် သွေးကြောဖောင်းဖောင်းလေးထဲက သွေးတွေကို ဟောဒီသွားစွယ်နုနုချွန်ချွန်လေးနဲ့ ထိုးစိုက်ပြီး စုပ်ချင်လို့ပါ။"

"ဗျာ."

"သြော်.. မရှင်းဘူးထင်တယ်။ ကျွန်မ ကုပ်သွေးစုပ်ချင်လို့ပါ ဆို"

"ဟာ.. ဘယ်ဖြစ်မလဲ။ ကျုပ်သေသွားမှာပေါ့"

"ဟင် ရှင်ပဲ ခုနကတော့ အသက်စွန့်ပြီး ကူညီမယ်ဆို။ မရဘူးရှင်။ မရဘူး။ ကျွန်မဗိုက်ဆာနေပြီ။"

"ဟာဟာ ဒါက ဒီလိုရှိတယ်လေ။ အဲ.. အနားမကပ်လာနဲ့နော်။ ကျုပ်က ဗမာ့လက်ဝှေ့ကို လိုက်စားဖူးတယ်။ ထိုးမိခတ်မိရင် ကျုပ်အဆိုးမဆိုနဲ့။ ဒီလိုလေ။ ခင်ဗျားပဲ ခုနပြောနေပြီးတော့။ ခင်ဗျားပဲ ကုသိုလ် ကောင်းမှုတွေ ပြုမလို့ဆို။ ကျုပ်က အဲဒါကို ကူညီမယ်ပြောတာ။ ခု ခင်ဗျားက ကျေးဇူးရှင်ကို ကျေးစွပ်ဖို့ ကြံစည်နေပြီ။ လူသားတစ်ယောက်ကို သတ်တာ ပါဏာတိပါတာပဲ ဆိုတာ ခင်ဗျား နားလည်ရဲ့လား"

"မသိဘူးမသိဘူး။ နားမလည်ဘူး။ ခု ကျွန်မ ဗိုက်ဆာတာပဲ သိတယ်။ ဖယ်ပါ အဲဒီလက်ကြီး"

"ကုသိုလ်ပြုမလို့ဆို.. ကောင်းမှုပြုမလို့ဆို။ ခုသူ့အသတ်သက် တော့မလို့လား။"

"အို ကုသိုလ်ပြုတာက နောက်။ ဗိုက်ဆာတာက အရင်။ အူမတောင့်မှ သီလစောင့်နိုင်မယ်တဲ့။ ရှင်မကြားဖူးဘူးလား"

ပြောပြောဆိုဆို နန်းတွင်းသူ တစ္ဆေမက ဆတ်ကနဲ လှုပ်ရှားသွားသည်။

"ဟေ့ဟေ့ အနားမကပ်လာနဲ့နော်။ ကျုပ်ရန်ပြုမိမယ်။ အမယ်လေး.. အား"

တစ္ဆေမက လေ၏ လျင်မြန်ခြင်းမျိုးဖြင့် ကိုသော်တာ၏ လည်ပင်း ညာဘက်အခြမ်း လည်ဇလုပ်၏ ညာဘက် တစ်လက်မခွဲခန့် အကွာနေရာကို သူမ၏ သွားစွယ်များဖြင့် ထိုးစိုက်ချလိုက်သည်။ ကိုသော်တာက ဗန်တိုနည်းကို သုံး၍ သူမခေါင်းကို ချုပ်ကိုင်ကာ တွန်းထုတ်ရန်ကြိုးစားသည်။ မရ။ သွားစွယ်စူးစူးများက မြဲမြံစွာ စိုက်နေသည်။ ကိုသော်တာ အသက်ရှူကြပ်ချင်သလို ဖြစ်လာသည်။ သူ့ခန္ဓာကိုယ်က သွေးတွေ သူ့လည်ပင်းမှတစ်ဆင့် ဂလုကနဲ၊ ဂလုကနဲ စီးထွက်ကုန်တာ ခံစားသိရှိနေသည်။ မူးသလိုလို ဝေသလိုလို ဖြစ်လာသည်။ နောက်ဆုံး ကိုသော်တာသည် သူ၏ ဘယ်ဘက်လက်ဝါးကို ပြားလိုက်ဖြန့်ကာ သူမ၏ သွေးစုပ်နေသော ပါးစပ်နေရာကို မှန်းဆလျက် အားကုန် ရိုက်ချလိုက်သည်။

"ဖြန်း"

"အမယ်လေး"
.......................

"ဗျို့.. ကိုသော်တာ ကိုသော်တာ။ ဘာဖြစ်တာလဲဗျ။ တအားအား တအင်းအင်းနဲ့။"

ခြောက်တောင့်ထိုး လက်နှိပ်ဓာတ်မီးရောင်က ကိုသော်တာ့ မျက်လုံးများကို ခပ်ရဲရဲ ထိုးခွဲလိုက်သည်။ ဆူဆူညံညံ အသံများကြောင့် ညဥ့်ငှက်တစ်အုပ် ဝေါကနဲ ထပြန်သွားကြသည်။ ဇရပ်အမိုး၏ ထုပ်တန်းပေါ်မှ တွဲလောင်းခိုနေသော လင်းဆွဲတစ်ကောင်က ဟိုရမ်းဒီရမ်းနှင့် ကိုသော်တာကို လှောင်ပြောင်နေသည်။

"ဗျာ ... ကိုတွတ်။ ခင်ဗျား ဘယ်ကရောက်လာတာလဲ။ အခု.. ကျွန်တော် ဘယ်ရောက်နေတာလဲ။"

"ခင်ဗျားရော ကျုပ်ရော..ဘယ်မှ မရောက်ဘူးလေ။ ညနေ ကားပျက်ကတည်းက ဒီဇရပ်ပေါ်မှာပဲ အိပ်နေကြတာပဲကို။ တန်တော့ ခင်ဗျား အိပ်မက်မက်နေတာနဲ့ တူတယ်"

ကိုသော်တာက ဘယ်ဘက် လက်ဖ၀ါးကို ဖြန့်ပြီး ဓာတ်မီးအလင်းရောင် အောက်မှာ ထောင်ကြည့်လိုက်သည်။ ကဗျာဆရာပီပီ အလုပ်ကြမ်းမလုပ်ဘဲ အပါးချည်းခိုနေသဖြင့် နူးညံ့နီထွေးနေသော အနှီလက်ဖ၀ါး၏ တနင်္ဂနွေဂြိုလ်ခုံပေါ်တွင် သွေးသံရဲရဲနှင့် လဲလျောင်းနေသော ခြင်အသေတစ်ကောင်ကို တွေ့လိုက်ရသည်။ သူ့ဘေးနားမှာတော့ အဖော်တစ်ဦး မတရား သတ်ဖြတ်ခြင်းခံရသဖြင့် မကျေမနပ် ဒေါသထွက်နေကြသော ခြင်အုပ်စုကြီးကို မြင်လိုက်ရသည်။

"လားလား.. လက်စသတ်တော့ ခုနက ဖြောင်းကနဲ မြည်တဲ့အသံဟာ ကဗျာဆရာ.. ဗန်တို လက်ဝါးစောင်းနဲ့ ခြင်ကို ရိုက်ထည့်လိုက်တဲ့အသံကိုး။ ဒါနဲ့ ကဗျာဆရာ။ ခင်ဗျား ပြောတော့ ...ကျုပ်လက်ဖ၀ါးဟာ ကမ္ဘာကြီးကိုမေတ္တာထားမဲ့ လက်ဖ၀ါးလေး ဘာလေး၊ ငြိမ်းချမ်းရေးနှင့် နှလုံးသားများ၏ ဟာမိုနီ ကရုဏာသံပတ်ကြိုးလေးကို တင်းကြစို့လား အချစ်ရယ်လေး ... ဘာလေးနဲ့၊ ခုတော့ နိုင်ငံကျော် ငြိမ်းချမ်းရေး ပန်းရံဆရာကြီးက နှစ်မီလီမီတာလောက်ရှိတဲ့ သတ္တ၀ါသေးသေးလေးကို ဆော်ထည့်လိုက်ပုံများ.. ကြောက်စရာ လန့်စရာ...အလို.. ခင်ဗျား တော်တော် ရက်စက်တဲ့လူ"

ကိုတွတ်က စသည်။ ကိုသော်တာက မချိပြုံးပြုံးရင်း တွေးနေမိသည်။ တစ္ဆေတစ်ကောင်ကို ယုံအပ်သလား။ ဒါမှမဟုတ် ... မယုံအပ်ဘူးလား။ သြော်.. ခြောက်အိပ်မက်။

Read more...

သူငယ်ချင်း သို့

သူငယ်ချင်း
ညကနက်နေပါပြီ၊ ငါအိပ်လို့ မဖြစ် သေး ဘူးလေ၊ အိပ်မပျော်တာ ပါဟာ၊ အချိန်ကုန်မဲ့အစား ငါတရားမှတ်နေမိပေမဲ့ ၊ င့ါစိတ်က နင့် အကြောင်း ပဲတွေးနေမိတယ်၊အတွေးနောက် က ကပ်ပါလာတဲ့ သဏ္ဍန်နပညတ် ပြီးတော့ ဒါနဲ့ တခါတဲ တွဲပြီးပါလာ တဲ့ နာမ ပညတ်၊ဒီပညတ်တွေက ငါ့စိတ်ကို စိုးမိုးနေတယ်၊ဒီတော့ ပညတ်ကို အဓိကထား ပြီးပွားရတဲ့ မေတ္တာကမ္မဋ္ဌန်း ကို ဖိပွားရင်း စိတ်ကို တည် ငြိမ်အောင် ကြိုးစားနေမိတယ်၊ ဩဓိသမေတ္တာ ပြောရမလား..ထင်လာတဲ့သဏ္ဍန်နပညတ်ကို ပုံဖေါ်ရင်း
နှလုံးစိတ်ဝမ်းအေးချမ်းပါစေလို့ပဲ အထပ်ထပ်ခါခါ မေတ္တာပွားနေ မိတယ်လေ၊လောလောဆယ် ငါ လုပ် ပေး နိုင်တာ က ဒါလေးပဲရှိတာပါ ၊ သူငယ်ချင်း ငါ့အပေါ်မှာ အများကြီးကောင်းခဲ့ပါတယ်၊ အဲလိုကောင်းခဲ့တဲ့ နေရာမှာ ဘာနှောင်ကြိုးမှ မရှိခဲ့ ဘူး၊ ငါ့ဆီက ဘာပြန်ရပါစေလို့ ရလိုမှုမျှော်လင့်ချက် မြူတစ်မှုံလောက်တောင်မှ မရှိခဲ့ မှန်း ငါသိပါတယ်၊ သိတာမှ တကယ့်ကိုသိခဲ့တာ ပါ၊ ကျေးဇူးသိပေမဲ့၊ ငါ မဆပ်နိုင် သေး ဘူးလေ၊ ကျေးဇူး မသိရင်နေပါ၊ ကျေးဇူးမကန်းပါနဲ့တဲ့ငါတို့ဗမာစကားပုံပါ၊ညီအစ်ကိုမောင်နှစ်မတွေထက်ကောင်းခဲ့တဲ့သူငယ်ချင်း မို့ ရင်ထဲက ကျေးဇူးရှင်လို့ သတ်မှတ် လေးစားနေရင်းနေခဲ့ ပေမဲ့၊ နင့် အတွက် ငါ ဘာ မှ ပြန်ပြီး လုပ်မပေးနိုင်ခဲ့ ဘူးလေ၊ တလုပ်စားဖူးသူ့ကျေးဇူး ပြစ်မှားချေက အပယ်ကျတဲ့၊ တစ်လုပ်မကစား ခဲ့တဲ့ကျေးဇူး ရှင်ကို ငါစိတ်နဲ့တောင်မှ မပြစ်မှား ခဲ့ ဘူးသူငယ်ချင်း၊၊
ငါမှာ သံသရာရှိပါတယ်၊ ပစ္စုပန်ကိုတလွဲသုံးနေတဲ့ မျက်ကန်တစ္ဆေမကြောက် တစ်ဘ၀စံတွေထဲ ငါ မပါဘူးလေ၊
မှတ်မိနေပါသေးရဲ့` အဲဒီလောက် ကူညီပေးရလို့ ငါဘာမှ မဖြစ်ဘူး၊ ဆင်းရဲသွားတာလဲ မဟုတ်ဘူး´ လို့ပြောခဲ့တာ မှတ်မိသေးတယ်၊ နင့် အတွက်က ဘာမှ မဟုတ် ပေမဲ့ အခု လိုဒုက္ခရောက်နေချိန်မှာ နင့် အကူညီနဲ့ ငါတို့ အသက်တွေဆက်ခဲ့ရတာ ပါလေ၊ နီယွန်မီးတွေ မရှိနိုင်တဲ့ တဲအိုည တွေမှာ ဖယောင်းတိုင်အလင်း ဟာ တန်ဖိုးရှိ လွန်း ပါတယ်လေ၊ မိုးခေါင်ကန္တာရမှာ နွားခြေရာ ခွက်လောက်ရှိတဲ့ ရေ ချိုဟာ တန်ဖိုး ဖြတ်လို့ မရ ဘူးလေ၊

ဒါပေမဲ့.. အခုတလော နင်မျက်နှာတွေမကောင်း ဘူး၊ ဘာ ဖြစ်နေလဲမေးတော့ မပြောဘူး၊ ငါဘာ လုပ်ပေးနိုင်မလဲတွေးရင်း၊ လုပ်ပေးနိုင်တာ ကိုတွေးမိတယ်၊ တဖက်က လည်း ငါ့ အပေါ်တမျိုးတွက်နေ လား လို့တွေးနေမိတယ်၊..ခါတိုင်းလို မနွေးထွေးတော့ ဘူး လို့ ငါခံစားရတယ်၊ ငါ လား အရှက် လည်း လည်းရှိတယ်၊ အသက် လည်း ရှိတယ်၊ပြီးတော့ မာန လည်း၇ှိတယ်၊ ဒါပေမဲ့ ငါ့ ကိုမှီပြီး မှ အသက်ဆက်၇မဲ့ ဘ၀ တွေအတွက်၊ င့ါ အ၇ှက်နဲ့ မာနကိုခ၀ါ ချ၇င်းခပ်ညံ့ညံ့ လူတစ်ယောက်ဇာတ်ကို ကံပစ်ချ၇ာကနေ၇တာပါလေ၊။

ငါ့ဘ၀မှာ မိတ်ဆွေတစ်ယောက် ဆုံးရှုံးရမှာကို အရမ်းကြောက်တယ်၊ ငါ့မိတ်ဆွေတွေအားလုံး ကို ငါတန်ဖိုးထားတယ် လေးစားတယ်၊ ချစ်တယ်၊ငါက လွဲပြီး ငါ့ မိတ်ဆွေတွေအား လုံး ဟာ တန်ဖိုးရှိသူတွေဆိုတဲ့ အတွေးကိုရင်ထဲမှာထွေးပွေးထား သူ ပါ၊ အစားထိုး မရတဲ့ဆုံးရှုံး မှုထဲမှာ မိတ်ဆွေကောင်းပါတယ်လေ၊။
မတိဆွေတစ်ယောက်ဆုံး၇ှုံး၇တဲ့အခါတိုင်း ငါ့ရင်ထဲက နာ ကျင်မှုကို စကားနဲ့ဖေါ်ပြ လို့ မရနိုင် လောက် အောင်ကိုနာကျင်ခဲ့ ပါတယ်၊၊ဒါမှ မဟုတ် ပါဘူး တခြား ဘယ်လိုဝေဒနာမျိုးကို မှ ထပ်တူကျအောင် စကားလုံးနဲ့ပုံဖေါ် လို့မရပါ ဘူး၊ ဆင်တူယုံလေးပဲရတာပါလေ၊..မယုံရင် တရား ထိုင်ကြည့်လေ၊ ငါပြောတာ မှား လား မှန် လားဆိုတာ သိလာမှာ ပါ၊။
စိတ်ချ သူငယ် ချင်း..မင်းအတွက် ငါဟာ..လေထဲက မြူတစ်မှုံလောက်တောင် တန်ဖိုးမရှိပေမဲ့ ငါ့ အတွက်မင့် ဟာ အသက်ဆက်ပေး ခဲ့ သူ ကျေးဇူးရှင် တစ် ယောက် အဖြစ် မှတ်ယူသွားမှာ ပါ၊ ဒါပေမဲ့ မင့်သိပါတယ် ငါဟာ ငါပြောတဲ့စကား တိုင်း အတွက် ငါတာ ၀န် အမြဲယူ ခဲ့တယ်ဆိုတာ ကို နှစ် ပေါင်းများစွာပေါင်း လာ တဲ့ မင်း သိ ပါတယ်၊ ဒါပေမဲ့ အခု ချိန်မှာတော့..ငါဟာ လူကြိုက်နဲ့တဲ့ကောင် လို့၊ ဆရာမောင်ချောနွယ်စကား ကို ပဲ ငှါားပြောနေမိတယ် သူငယ် ချင်း။

ငြိမ်း ချမ်း ပါစေ


Read more...

" The Best Religion In The World "

ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို.အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင်.အသိဥာဏ်မြင့်မား
ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ.ကဗုဒ္ဓဘာသာအဖွဲ.အစည်းကို " ကမ္ဘာမှာ
အမွန်မြတ်ဆုံး အကောင်းဆုံး " ဘာသာတရားဆုချီးမြှင့်ခဲ့ကြောင်းသိရှိရပါတယ်...

အဆိုပါအထူးတစ်လည်ချီးမြှင့်တဲ့ဆုကိုကမ္ဘာ့ဘာသာပေါင်းစုံမှကိုယ်စားလှယ် ၂၀၀ ကျော်က
ရွေးချယ်ချီးမြှင်.ခဲ့ခြင်းဖြစ်ပြီးပို၍၀မ်းမြောက်အံ့သြဖွယ်ကောင်းသည်မှာပါဝင်ရွေးချယ်သည်.ဘာ
သာရေးခေါင်းဆောင်အများစုကအဆိုပါအဖွဲ.အစည်းတွင်အဖွဲ.ခွဲဝင်အနည်းဆုံးဖြစ်သောဗုဒ္ဓဘာ
သာကိုမိမိတို့ဘာသာထက်ကျော်လွန်ပြီးဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်...

ပါဝင်ဆန္ဒမဲပေးခဲ့သူလေးဦးကပြောဆိုခဲ့ရာတွင်...

အဆိုပါအဖွဲ.ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က " ဒီကမ္ဘာ.အမွန်မြတ်ဆုံး၊အ
ကောင်းဆုံးဘာသာတရားဆုကိုဗုဒ္ဓဘာသာက ရရှိတာအံ့သြစရာမရှိပါဘူး...ဘာဖြစ်လို့လည်း
ဆိုတော့ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင့်ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့စစ်ပွဲဆိုတာမရှိခဲ့ပါဘူး...
တစ်ခြားဘာသာများနဲ့မတူတာကအဲဒါပါပဲ...တစ်ခြားဘာသာတွေကအကယ်၍ဘုရားသခင်
သာမှားယွင်းခဲ့ယင်ဆိုတဲ.အတွေးနဲ့လက်နက်တွေကိုအရံသင့်ထားကြပါတယ်...ဗုဒ္ဓဘာသာ
ဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ့) စစ်တိုက်တာကိုတွေ့ရဖို့အတော်ခဲယဉ်းပါတယ်...
တစ်ခြားဘာသာဝင်တွေရဲ.အစဉ်အလာအလေ့အထနဲ့ဆန့်ကျင်စွာပဲဗုဒ္ဓဘာသာဟာကိုယ်
ကိုယ်တိုင်ကျင့်ကြံတဲ့တရားကိုသာသူများကိုဟောကြားခဲ့တာပါပဲ " လို.ဆိုခဲ့ပါတယ်...

Belfast မြို.မှ ကက်သလစ်ဘုန်းတော်ကြီး Ted O'Shaunghnessy ကတော.ကက်သလစ်သာ
သနာကိုမြတ်နိုးကိုကွယ်ပေမယ်.လူသားတွေကိုမေတ္တာဂရုဏာထားရန်ဟောကြားပြီးလူသားတွေ
ကိုပဲသတ်ဖြတ်ကာဘုရားသခင်ရဲ.အလိုဆန္ဒနားလည်ပါတယ်လို.ပြောကြတာကစိတ်အနှောက်အ
ယှက်အဖြစ်ရဆုံးပါပဲ...ဒါကြောင်.မွန်မြတ်တဲ.ဗုဒ္ဓဘာသာကိုမဲပေးခဲ.တာပါလို.အမိန်.ရှိခဲ.ပါတယ်....

ပါကစ္စတန်ကမွတ်ဆလင်ဘာသာရေးခေါင်းဆောင်Tal Bin Wassad ကလည်းဒီအဆိုကိုသဘော
တူထောက်ခံခဲ.ပါတယ်...အဆိုပါအဖွဲ.ကြီးရဲ.ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာမဲပေး
ရေးအဖွဲ.၀င်တစ်ယောက်ဖြစ်တဲ.သူက " ကျွန်တော်ဟာအစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာယုံ
ကြည်သူတစ်ယောက်ပါ...သို.သော်လည်းပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်ဘာသာရေးကိုအ
ကြောင်းပြပြီးအမျက်ဒေါသတွေထွက်ကြ၊သွေးမြေကျကြရတာတွေကိုတွေ.မြင်ခံစားရပါတယ်...
ဗုဒ္ဓဘာသာဝင်တွေကတော့အဲဒါကိုသိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်...ပြောရယင်
ကျွန်တော့်ရဲ့အရင်းနှီးဆုံးမိတ်ဆွေတစ်ချို.ဟာဗုဒ္ဓဘာသာဝင်တွေပါ "လို့ပြောခဲ့ပါတယ်...

အစ္စရေးနိုင်ငံဂျေရုဆလင်မြို.ကဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော့" ကျွန်
တော်လဲကျွန်တော့်ဘာသာဖြစ်တဲ့ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်...ကိုယ်.ဘာသာ
မို့ကိုယ် ဒါဟာကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို့လည်းထင်ပါတယ်...ဒါပေမယ်.
ရိုးရိုးသားသားဝန်ခံရယင်ကျွန်တော်ဟာနေ့စဉ်ဂျူးဘာသာအရ၀တ်မပြုခင်ဝိပဿနာတရား
ကိုကျင့်ကြံအားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ...ဒါကြောင့်အခုလိုမဲပေးလိုက်ပါ
တယ် " လို.ပြောလိုက်ပါတယ်...

သို.သော်..စိတ်မကောင်းစရာအချက်တစ်ခုက အဆိုပါအဖွဲ.ကြီးအနေဖြင့်ထိုဆုကိုလက်ခံမည့်
သူတစ်ယောက်ကိုမျှမတွေ့ခဲ.ရပေ....သူတို.ဆက်သွယ်ပြောဆိုသမျှဗုဒ္ဓဘာသာဝင်အားလုံးက
ထိုဆုကိုလက်ခံဖို.ငြင်းပယ်ခဲ့ကြခြင်းဖြစ်သည်...


အဘယ်ကြောင့်ထိုဆုကိုလက်ခံရန်ငြင်းဆန်ရကြောင်းမေးမြန်ခဲ့ရာမြန်မာဗုဒ္ဓဘာသာအသင်း
ဘုန်းတော်ကြီးဂုရတ္တက " ယခုလိုမိမိတို.ဘာသာကိုအသိအမှတ်ပြုချီးမြှင့်သည့်အတွက်ဝမ်း
မြောက်ကျေးဇူးတင်ကြောင်း ...သို.သော်ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာန
ဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည့်လူသားအားလုံးကိုမိမိတို့မျှဝေပေးအပ်ပါကြောင်း
..." မိန်.ကြားခဲ့ပါတယ်...

အဖွဲ.ကြီးအနေနဲ့ထိုဆုကိုလက်ခံရယူပေးမယ့်သူကိုဆက်လက်ဆက်သွယ်နေဦးမှာဖြစ်ကြောင်း
သိရှိရပါတယ်....

မူရင်းပို့စ်ကို ဒီမှာ ဖတ်ရှု့နိုင်ပါတယ်၊ ဂူဂဲလ်မှာ ဖော်ပြထားတဲ့ ၀က်ဆိုက်များစွာကိုလဲ ကြည့်ရှု့နိုင်ပါတယ်၊


Read more...

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP