* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, October 5, 2009

အောက်တိုဘာ ၅ သံဃာ သီလရှင် ဆွမ်းကပ် LIVE


ဒီနေ့ ၅ နာရီ ၁၅ မိနစ် အရုဏ်ဆွမ်း စကပ်ပါတယ်။

အရုဏ်ဆွမ်း - ကြက်သားကြာဆံချက်
သံဃာ - (sweetpeony-စင်ကာပူ) http://sweetsweetpeony.blogspot.com/
သီလရှင် - အလှူရှင် ---------

နေ့ဆွမ်း-ဂေါ်ရခါးသီး+ကြက်ဥကြော်၊ ပုစွန်ခြောက်+ငရုတ်သီးငါးပိကြော်၊ သရက်ချဉ်(မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေး ဝိုင်တီယူနှင့် အလှူရှင် မောင်နှမများအဖွဲ့၊ မနန်းသန္တာအောင်-စင်ကာပူ)

ပဲနှပ်-ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး)
ဆွမ်းထမင်း-ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ)
ဆီ-ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး-မုံရွာမြို့)
ဆွမ်းချက်ရန် လေးပြည်အိုး -ကိုထက်
တစ်တင်းဝင်အိုး -မနှင်းပေါက်ပွင့် (ဒူဘိုင်းနိုင်ငံ)
ဗလာစာအုပ် (သံဃာ+သီလရှင်) -ပေါင်းဝှာရွှေဆိုင် ဇနီးမောင်နှံနှင့် ရင်သွေးငယ်
သီလရှင် အပါး ၃၀ - ခါးဝတ်၊ အပါး ၅၀- ဟင်းချိုမှုန့်+ငါးပိ+ကုလားပဲ+ဆား - အလှူရှင် ---------

ဝေယျာဝစ္စဒါန
ဦးပညာဝံသ (မန္တလေး မြင်းဝန်မင်းကြီးကျောင်းတိုက်)
ဦးမဏ္ဍိတ (စစ်ကိုင်း ကျစွာချောင်)
ဦးဥာဏဝရ (သာသနာ့ဝေပုလ္လကျောင်း)
ဆရာလေး မစရဏမဉ္စရီ
ဇော်ထွေးဦး (စစ်ကိုင်း)၊ ကိုဇော် (စစ်ကိုင်း၊ မျိုးမင်းနိုင် (တောင်တွင်းကြီး)၊ အောင်ကျော်စိုး (စစ်ကိုင်း) ၊ ကျော်စိုးအောင် (စစ်ကိုင်း) မဇင်မာထွေး၊


သံဃာတွေကို ကြက်သားကြာဆံချက် အရုဏ်ဆွမ်း မနက် ၅ နာရီ ၁၅ မိနစ်မှာ စကပ်ပါတယ်။ မနေ့က လပြည့်ကျော် ၁ ရက်နေ့ ဖြစ်တဲ့အတွက် အရုဏ်ဆွမ်း ကြာဆံချက်အတွက် ကြက်သားက ပံ့သကူသား ရပေမယ့် နေ့ဆွမ်းအတွက် အသား ပံ့သကူ ရဖို့ မလွယ်တော့လို့ ကြက်ဥနဲ့ ဂေါ်ရခါးသီးကြော် စီမံရတယ်။

လက်ရှိ ချက်ပြုတ်နေတဲ့ အိုးတွေ အားလုံးနဲ့ ဆွမ်းကပ်ဖို့ ပန်းကန်ခွက်ယောက်တွေက ဒကာကိုထက် လှူထားတာပါ။ မနေ့ကလဲ လေးပြည်အိုးတစ်လုံး ထပ်လာလှူတယ်။ ဒူဘိုင်းက ဒကာမ မနှင်းပေါက်ပွင့်ကလဲ တစ်တင်းအိုးတစ်လုံး ထပ်လှူတော့ ဆွမ်းချက်ရတာတော့ အဆင်ပြေသွားပါတယ်။

ဝါကျွတ်ပြီမို့ ဦးဇင်းနဲ့ ကိုရင်တွေ ရွာပြန်ကြွကြတဲ့အချိန်ဆိုတော့ ဒီနေ့ အရုဏ်ဆွမ်းမှာ ကိုယ်တော်တစ်ချို့ နည်းသွားတယ်။ ဒါပေမယ့် အပါး ၂၅၀ လောက် ဆက်ကပ်ရပါတယ်။ မိုးမရွာပေမယ့် အုံ့မှိုင်းနေတဲ့ မနက်အရုဏ်စောစောမှာ ကြာဆံချက် ပူပူစပ်စပ်ကို အဝ ဘုဉ်းပေးတော်မူကြပါတယ်။

မြင်းဝန်မင်းကြီးကျောင်းတိုက်က ဦးပညာဝံသက မန္တလေးက စစ်ကိုင်းကို ကြွလာပြီး ဆွမ်းချက်ရာမှာ ဆောင်ရွက်ပေးတာ တစ်ညလုံး မကျိန်းရသေးပါဘူး။ ဂစ်တာဒကာလို့ ခေါ်တဲ့ ဒကာ အောင်ကျော်စိုးနဲ့ ဒကာ ကိုကျော်စိုးအောင်လဲ မအိပ်ရသေးဘူး။ စစ်ကိုင်းမှာ ဂစ်တာတွေ ကိုယ်တိုင်လုပ် ရောင်းချတဲ့ ဂစ်တာသမား ကိုအောင်ကျော်စိုးက လာလုပ်အားကုသိုလ်ပြုနေတာ သုံးပတ်ဆက်တိုက် ရှိပြီ။ ကိုဇော်ထွေးဦးကတော့ အပတ်တိုင်း အမြဲ လာပြီး လုပ်အားကုသိုလ် လှူဒါန်းတယ်။

နေ့ဆွမ်းဟင်းက တစ်ပါးကို ကြက်ဥနဲ့ ဂေါ်ရခါးသီးကြော် ဝတ်ခွက်အပြည့် ဆက်ကပ်တယ်။ ပဲနှပ်လဲ ဝတ်ခွက်ပြည့်။ သရက်ချဉ်နဲ့ ငရုတ်သီးကြော်က ဝတ်ခွက် တစ်ဝက်စီ ကပ်တယ်။ တစ်ချို့ကျောင်းတိုက်တွေက ကိုရင်ငယ်၊ ဦးဇင်းငယ်များကို ဆွမ်းချိုင့်များနဲ့ စေလွှတ်ပြီး ကျောင်းရှိ သံဃာအများစာ ခံယူစေတယ်။ ဒါဆိုရင် ဆွမ်းချိုင့်ပြည့် ဆက်ကပ်ပေးတယ်။ သံဃာအပါး ၃၀၊ ၄၀ စသဖြင့် အပါးရေ များတဲ့ ဆွမ်းတန်းတွေကလဲ ဆွမ်းချိုင့်ထဲကိုပဲ အများစာ လောင်းလှူရပါတယ်။

ဇိနောဒယ စာသင်တိုက်က သံဃာအပါး ၃၀၀ ကျော် သုံးတန်းခွဲပြီး ဆွမ်းခံကြွတယ်။ ဒီသံဃာတန်းကိုလဲ ဗလာစာအုပ် အပါးစေ့လှူတယ်။ ငါးဆင့်ချိုင့် ခုနစ်ချိုင့်ကို ဆွမ်းဟင်း အပြည့် လောင်းလှူပါတယ်။ မြစကြာ စာသင်တိုက်က အပါး ၂၀၀ ကျော်အနက် ကျောင်းရှေ့ဆွမ်းခံလမ်းကြောင်းက ကြွတဲ့ အပါး ၇၀ ခန့် ဆွမ်းခံယူတော်မူကြပါတယ်။ ဒီကိုယ်တော်တွေအပြင် သပိတ်ထဲကို တစ်ပါးချင်း အပါးစေ့ ကပ်တာက သံဃာအပါး ၃၀၀ ဝန်းကျင် ရှိပါတယ်။

၆ နာရီကျော်မှာ သီလရှင် ဆရာလေးတွေ ကြွလာပါပြီ။ ဆွမ်းမစားခင် ''ဤသည့်ခဲဖွယ် အမယ်မယ်ကို.. '' အစချီပြီး ပစ္စဝေက္ခဏာ ဆင်ခြင်ရွတ်ဆိုတော်မူကြပါတယ်။ နောက် အာဟာရ အလှူရှင်များ ကျန်းမာချမ်းသာကြပါစေ လို့ မေတ္တာပို့သတော်မူတယ်။ မနက် ချမ်းချမ်းစီစီး မိုးအုံ့နေချိန်နဲ့ အတော်ပဲ ဖြစ်တဲ့ ကြာဆံချက်ကို နှစ်ပွဲစီလောက် ဘုဉ်းပေးသုံးဆောင်ကြတယ်။

''ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ''
မေတ္တာနှလုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ''

ဆွမ်းစားပြီး လှူဖွယ်ဝတ္ထု ခံယူနေတဲ့ သီလရှင် ဆရာလေးတွေ မေတ္တာပို့နေတာပါ။ အပါး ၅၀ ကို ဟင်းချိုမှုန့် ၂၇ ကျပ်သား၊ ငါးပိ ၂၀ သား၊ ကုလားပဲ တစ်ဘူးခွဲ၊ ဆား ၂၀ သား အပါးစေ့ ဆက်ကပ်ပါတယ်။ အပါး ၃၀ ကို ခါးဝတ် တစ်ထည်စီ ဆက်ကပ်တယ်။ ပေါင်းဝှာရွှေဆိုင် မိသားစုက သံဃာကုန်နဲ့ သီလရှင် ဆရာလေး အပါး ၈၀ ကို ဗလာစာအုပ် အပါးစေ့ ကပ်ပါတယ်။

သီလရှင်ဆရာလေးများအတွက် ခါးဝတ်တွေ လှူဖို့ ဆရာလေး မစရဏမဉ္စရီက စီမံဆောင်ရွက်ပေးတယ်။ ဟင်းချိုမှုန့်၊ ကုလားပဲ၊ ငါးပိနဲ့ ဆားများကို တနင်္လာနေ့အမီ လှူနိုင်တာက ဒကာ ကိုထက်တို့ စေတနာထား ကူညီမှုပါ။ စနေနေ့မှ ကပ်ပြီး ဆက်သွယ် အကူအညီတောင်းခံတာကို ချက်ချင်း စီမံပြီး တနင်္ဂနွေမှာ စစ်ကိုင်းအရောက် သူတို့ကားနဲ့ လာပို့ပေးသွားပါတယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP