လမုန့်ပွဲတော်အမှတ်တရ နှင့် လတ်တလောအခြေအနေ
သီတင်းကွတ်လပြည့်နေ့ညက ကျမတို့သူငယ်ချင်းတစ်စု ကျောင်း Library ကနေ အပြန် စိတ်ပြေလက်ပျောက် ခြေဦးတည့်ရာ ကိုသွားခဲ့ကြရင်း Bugis ဘက်ကို ရောက်ခဲ့ကြပါတယ်.....
ဘာရယ်လို့တော့မဟုတ်ပါဘူး လူပင်ပမ်းစိတ်ပင်ပမ်းဖြစ်နေကြတဲ့ မိမိစိတ်ကို ထွက်ပေါက်ပေးတဲ့အနေနဲ့ ဦးတည်ချက်မရှိသွားခဲ့တာပါပဲ ....။ အဲဒီမှာ အမှတ်တရ လမုန့်ပွဲတော် ဆင်နွှဲနေကြတဲ့ မဏ္ဍပ်လေးတွေမှာ ဟိုငေး ဒီငေးနဲ့ ဈေးတန်းဘက်ကို တစ်ပတ်ပတ်ပြီး ပြန်လာခဲ့ကြတယ် .....။
လမ်းမှာ လမုန့်ကြီးတွေ သဘောကျတာနဲ့ နှင်း ရဲ့ ဘလော့ဂါမောင်နှမများနဲ့ စာဖတ်သူ သူငယ်ချင်း မောင်နှမတွေအားလုံးအတွက် နိုင်သလောက်လေး ၀ယ်လာခဲ့ပါသေးတယ် ......။
အားလုံးပဲ အားမနာတမ်းသုံးဆောင်သွားကြဦးနော် ......း)
အမှတ်တရ ဓါတ်ပုံလေးတွေရိုက်နေတုန်းမှာ မိုးကလည်း ဖွဲဖွဲလေးကျလာတာနဲ့ ကြာကြာမနေဖြစ်တော့ပဲ ကျမ ရဲ့ ဆရာသမားများနေထိုင်ရာ အိမ်လေး၌ နံနက်အာရုံဆွမ်းဆက်ကပ်ရန်သစ်သီးတန်းမှာ သစ်သီးများ
ဝယ်ယူပြီုးပြန်ခဲ့ပါတယ် .....။Eunos ဓါတ်တော်တိုက်မှ ဆရာတော်၊သံဃာတော်များကို အာရုံဆွမ်းကပ်ရန် သီတင်းကျွတ်လပြည့်ည တစ်ညလုံးချက်ကြ ၊ ပြုတ်ကြ ၊ စကားတွေပြောကြနဲ့ နံနက် ၄ နာရီ ရောက်သွားပါတယ် ......။ ညမအိပ်ရတော့ပဲ ဆွမ်းကပ်ရန် ပြင်ဆင်ခဲ့ကြပြီး နံနက် ဝေလီဝေလင်း အချိန်လေးမှာတော့ ဆရာတော်များကို အာရုံဆွမ်းနှင့် ကထိန်သင်္ကန်းများ နှင့် ဘုန်းကြီးကျောင်း တည်ဆောက်ရန် ၀တ္ထုငွေများကို ဆရာတော်ဘုရားထံ လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ် .....။ အဲဒါပြီးတဲ့နောက်မှာတော့ ကျောင်း Group နဲ့ အရေးကြီးကိစ္စလေးတစ်ခုအတွက် Meeting ရှိတယ်ဆိုတာနဲ့ အပြေးအလွှားပြေးခဲ့ရပြန်ပါတယ် ......။
အခုတစ်လော ကျမ အရမ်းအလုပ်တွေများပြီး ကျောင်းကိစ္စတွေနဲ့ လုံးချာလည်နေခဲ့ပါတယ် ....။
ည အတော်နောက်ကျမှ အိမ်ကို ပြန်ရောက်ပြီး နံနက်စောစော ရုံးနောက်မကျအောင် ကြိုးစားပြီးသွားနေရပါတယ် .... ။ဘလော့မောင်နှမတွေဆီကို သွားရောက်လည်ပတ်ဖို့ ပျက်ကွက်နေသလို ကျမ ရဲ့ အိမ်လေးမှာလည်း အသစ်တင်ဖို့ ခြေဦးမလှည့်နိုင်ဖြစ်နေခဲ့ပါတယ် .....။သီတင်းကွတ်လပြည့်ကျော် (၁) ရက်နေ့ နေ့လည်ပိုင်းတွင် ကျမ ရဲ့ အစ်ကိုအရင်းတစ်ယောက်လို ခင်မင်ရင်းနှီးသော အစ်ကို ကျော်ဇင်ဝင်း နဲ့ မချိုသဲမွန် တို့ ရဲ့ မင်္ဂလာပွဲလေးကျင်းပရာ Peninsula Plaza ရှိ ရွှေအင်းလေးစားသောက်ဆိုင် ကို ဘယ်လိုမှ အချိန်မရတော့လို့ ကျမ မသွားရောက်နိုင်ခဲ့တဲ့အတွက် ဒီနေရာကနေပဲ အနူးအညွတ်တောင်းပန်အပ်ပါတယ် အစ်ကိုရေ..........။
လာရောက်ကြသော မောင်နှများအားလုံးကိုလည်း ဒီပို့စ်လေးနဲ့အတူ ကျမ ရဲ့ ပျက်ကွက်မှုအားလုံးအတွက်
အနူးအညွတ်တောင်းပန်အပ်ပါတယ်ရှင် .....။အရေးကြီးတဲ့ ကိစ္စရပ်လေးတွေအတွက် မဖြစ်မနေ အချိန်ပေးနေရတာကြောင့် ပျက်ကွက်မှု အားလုံး ...အားလုံးအတွက် နားလည်ခွင့်လွှတ်ပေးနိုင်ကြမယ်လို့လည်း ယုံကြည်ပါတယ် .....။
အားလုံးကို ခင်မင်လေးစားလျှက် .....
နှင်းဟေမာ

0 comments:
Post a Comment