* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, October 31, 2009

ဓမ္မဒါနအကြောင်း

အမေး။ ။ဓမ္မဒါနအကြောင်းနဲ့ပတ်သက်ပြီး တပည့်တော် သိချင်ပါတယ်၊ ဖြေကြားတော်မူပါဘုရား။
ကိုမျိုး
သြစတေးလျား

အဖြေ။ ။ဓမ္မဒါနဆိုတာ တရားအလှူပါ၊ တရားအလှူနဲ့ ပတ်သက်ပြီး ကိံ ဒဒသုတ်မှာ “အမတံ ဒဒေါ စ သော ဟောတိ၊ ယော ဓမ္မမနုသာသတိ” လို့ ဘုရားရှင် ဟောကြားထားပါတယ်။
အဓိပ္ပါယ်က ဘုရားဟောစာပေများ ပို့ချပေးခြင်း၊ သင်ကြားပေးခြင်း၊ ဘာသာရေး အမေးပြဿနာများကို ရှင်းလင်းဖြေကြားပေးခြင်း၊ ကမ္မဋ္ဌာန်းတရားပြသပေးခြင်း၊ သွန်သင်ဆုံးမ နည်းလမ်းညွန်ပြပေးခြင်းစတဲ့ တရားအလှူများဟာ သံသရာဝဋ်က လွတ်ရာလွတ်ကြောင်း လမ်းကောင်းကို ညွန်ပြပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် အမတဒါန အမြိုက်နိဗ္ဗာန်ကို ပေးလှူရာ ရောက်ပါတယ်။
ဒါကြောင့်လည်း အလှူဟူသမျှတို့မှာ ဓမ္မဒါန ဆိုတဲ့ တရားအလှူဟာ အသာဆုံး အမြတ်ဆုံး လို့ ဓမ္မပဒပါဠိတော်၊ တဏှာဝဂ်၊ သက္ကပဥှဝတ္ထု (၆၄)မှာ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှာက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
တရားအလှူဟာ အလှူဟူသမျှတို့ကို အောင်နိုင်တယ်၊ (အသာဆုံးအမြတ်ဆုံးဖြစ်တယ်)။ တရားအရသာဟာ အရသာဟူသမျှတို့ကို အောင်နိုင်တယ်၊ (အသာဆုံးအမြတ်ဆုံးဖြစ်တယ်)။ တရားနဲ့ မွေ့လျော်တာဟာ မွေ့လျော်မှု ဟူသမျှတို့ကို အောင်နိုင်တယ်၊(အသာဆုံးအမြတ်အဆုံးဖြစ်တယ်)။ တဏှာကုန်ရာ နိဗ္ဗာန်တရားဟာ ဆင်းရဲဒုက္ခဟူသမျှကို အောင်နိုင်တယ်။ ဒါဆိုရင် ဓမ္မဒါနအကြောင်း သဘောပေါက်ပြီထင်ပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP