* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, October 31, 2009

တန်ဆောင်မုန်းလဆန်း ၁၃ ရက် ကိုရဲကျော် မွေးနေ့အလှူ

စာဝါနားချိန် နေ့ဆွမ်းဘုဉ်းပေးဖို့
အရုဏ်ဆွမ်း ဘုဉ်းပေးနေစဉ်
မနက်ချမ်းချမ်းစီးစီးမှာ မုန့်ဟင်းခါး ပူပူ ဘုဉ်းပေးနေတဲ့ သာမဏေများ


အရုဏ်ဆွမ်း - မုန့်ဟင်းခါး
အလှူရှင် .............
နေ့ဆွမ်း
ဘဲဥချဉ်ဟင်း၊ အစိမ်းကြော်၊ သရက်ချဉ်သုတ်၊ ငါးဖောင်ရိုး ငရုတ်သီးကြော်၊ ဆွမ်းထမင်း
ကိုရဲကျော်+မမေမိုး(စင်ကာပူ) ကိုရဲကျော်မွေးနေ့အလှူ
သီလရှင် အပါး ၅၀ အရုဏ်ဆွမ်း+ ဆပ်ပြာမှုန့်
အလှူရှင် ..........
ဝေယျာဝစ္စဒါန
ဦးဇ၀န (ပါဋ္ဌိကာရီသုံးခွကျောင်းတိုက်)၊ ဦးဣန္ဒက( အောင်မြေသာစံ)ကျောင်းတိုက်၊ ဦးပညာသာမိ (မင်္ဂလာသိင်္ဂီကျောင်းတိုက်)၊ ဦးပညောဘာသ (သုံးခွကျောင်းတိုက်)
ဆရာလေး မစရဏမဉ္စရီ
မဇင်မာငြိမ်း၊ ကိုဇော်ဇော်အောင်၊ ကိုဝေ၊ မဇင်မာထွေး၊ ငြိမ်းအိထွေး
''ဒါနရဲ့ အကျိုးပေးကို ငါဘုရား သိသလိုသာ သိကြမယ်ဆိုရင် လူတွေဟာ စားအံ့ဆဲဆဲ ထမင်းကိုတောင် မစားဘဲ လှူဒါန်းကြလိမ့်မယ်''
မြတ်စွာဘုရား

နေ့ဆွမ်းအတွက် မနေ့က ပံ့သကူဝက်သား မရလို့ ဘဲဥချဉ်ဟင်း စီမံတယ်။ ဟင်းရံက အစိမ်းကြော်နဲ့ သရက်ချဉ်သုတ် တွဲတယ်။ ငါးဖောင်ရိုးခြောက်ကို ငရုတ်သီးစပ်စပ်နဲ့ ကြော်တယ်။ ကိုရဲကျော် (စင်ကာပူ)ရဲ့ မွေးနေ့ဒါနအဖြစ် ကိုရဲကျော်နဲ့ မမေမိုး ဇနီးမောင်နှံက လှူဒါန်းပါတယ်။

ဆွမ်းထမင်းကို သပိတ်ထဲ ဇလုံပြည့် (နှစ်ပန်းကန်စာ) လောင်းလှူတယ်။ ဘဲဥချဉ်ဟင်း ဝတ်ခွက်ပြည့် ကပ်တယ်။ ဟင်းရံတွေပါ တွဲလိုက်တော့ သံဃာတစ်ပါးအတွက် ဆွမ်းတစ်နပ် လုံလုံလောက်လောက် ဘုဉ်းပေးနိုင်ပါတယ်။

မနက် ၅ နာရီခွဲမှာ မုန့်ဟင်းခါး အရုဏ်ဆွမ်း စကပ်တယ်။ အရုဏ်ဆွမ်းက သံဃာ+သာမဏေ အပါး ၂၇၀ ခန့်၊ နေ့ဆွမ်း အပါး ၄၀၀ ကျော် ခံယူကြတယ်။ သံဃာ အရုဏ်ဆွမ်း ကပ်ပြီးတော့ သီလရှင် အပါး ၅၀ ကို အရုဏ်ဆွမ်း မုန့်ဟင်းခါးကပ်ပြီး ဆပ်ပြာမှုန့် အပါးစေ့ လောင်းလှူပါတယ်။

ဆွမ်းခံကြွလာတဲ့ သံဃာတွေက ပထမကြီးတန်း၊ ပထမလတ်တန်း၊ စာချတန်း ကိုယ်တော်တွေ ပါသလို ကျမ်းပြီးတဲ့ ကိုယ်တော်တွေလဲ ပါတယ်။ စာလိုက်နေတဲ့ ကိုရင်လေးတွေ ပါတယ်။ စာဝါတွေက တစ်ချို့ကျောင်းတွေဆို ည ၁၀ နာရီထိ စာချပေးပါတယ်။

ဒီတရားဓမ္မ စာပေတွေကို ဖတ်မှတ်သင်ယူနေရတဲ့ ဂန္ထဝန်ဆောင် သံဃာတွေ၊ တရားကျင့်ကြံ အားထုတ်တဲ့ ဝိပဿနာ ဝန်ဆောင် သံဃာတွေ၊ အလားတူ ဒီဝန်နှစ်ရပ်ကို အသီးသီး ထမ်းဆောင်နေကြတဲ့ သီလရှင်တွေကို တစ်နေ့တာ ဘောဇနသပ္ပာယ မျှတစေဖို့၊ ဓမ္မဝန်ထမ်းရာမှာ ခွန်အားဖြစ်စေဖို့ ဆွမ်းလောင်းလှူရခဲ့ရပါပြီ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP