* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, October 30, 2009

သံဃာတော်များ တရားပွဲကျင်းပခွင့် ကန့်သတ်ခံရ

ရန်ကုန်မြို့တွင်း၌ ဆရာတော် သံဃာတော်များ၏ တရားပွဲကို ရက်ရှည်ကျင်းပခွင့်မပေးတော့ဘဲ (၃) ရက်သာ ခွင့်ပြုမည်ဖြစ်ပြီး ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းတို့မှအပ ယာဉ်သွားလမ်း၊ လူသွားလမ်းများပေါ်၌ လုံးဝခွင့်မပြုကြောင်း တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) က ယခုလကုန်ပိုင်းတွင် ညွှန်ကြားချက်ထုတ်လိုက်သည်။

တရားပွဲ ကျင်းပရက်ကို (၅) ရက်၊ (၇) ရက်၊ (၉) ရက် စသဖြင့် အတိအလင်း သတ်မှတ်ကြေညာပြီးမှ ယခုကဲ့သို့ တရားဝင်ထုတ်ပြန်ခြင်းမဟုတ်သည့် ယင်းညွှန်ကြားချက်ကြောင့် တရားပွဲဖြစ်မြောက်ရေးတာဝန်ခံများ စိတ်အနှောင့်အယှက် ဖြစ်နေကြသည်။

“သံဃာ (၅) ပါး၊ (၇) ပါး တရားဟောကြားမယ်ဆိုပြီး အလှူငွေတွေ ကောက်ခံထားကြတယ်။ အခု (၃) ရက်တည်း ခွင့်ပြုတယ်ဆိုတော့ ကောက်ခံငွေတွေ ပြန်ပေးရ၊ စာရင်းရှင်းတမ်း ပြန်ထုတ်ရနဲ့ အတော်ကသီကုန်တယ်။ အကန့်အသတ် (၃) ရက်တည်းမှာ ဒီသံဃာကျ တရားပွဲထည့်၊ ဟိုသံဃာကျ မထည့်နဲ့ဆိုတာ ဘယ်လိုမှမသင့်ဘူး၊ ဒါကြောင့် ဒီနှစ် တရားပွဲ ဖျက်လိုက်တယ်” ဟု စမ်းချောင်းမြို့နယ် တရားပွဲ ကျင်းပရေးတာဝန်ခံတဦးက ပြောသည်။

တရားပွဲ ဖြစ်မြောက်ရေးတာဝန်ခံသည် တရားပွဲ ကျင်းပခွင့်ပြုရန် လျှောက်လွှာ၊ ဟောကြားမည့်ဆရာတော်၏ ဓာတ်ပုံနှင့် ကိုယ်ရေးရာဇ၀င်၊ တရားပွဲ ကျင်းပမည့်နေရာ မြေပုံတို့ ပူးတွဲကာ မြို့နယ် သံဃမဟာနာယကအဖွဲ့သို့ တင်ပြခွင့်ပြုမိန့် တောင်းခံရသည်။ ထိုမှတဆင့် မယက၊ ရဲစခန်း၊ ခယက အဆင့်ဆင့် ခွင့်ပြုမိန့်ရရှိပြီးမှ တယက၏ ယခုကဲ့သို့ အကန့်အသတ်ဖြင့် ခွင့်ပြုခြင်းအပေါ် စိတ်ပျက်ခဲ့ရကြောင်း တာမွေမြို့နယ် ရယကအဖွဲ့ဝင်တဦးက ပြောသည်။

တရားပွဲဖြစ်မြောက်ရေးတာဝန်ခံသည် ခွင့်ပြုမိန့်လျှောက်လွှာတွင် “ဆည်းဆာတရားပွဲ” ပြုလုပ်ရန်ဟု သက်ဆိုင်ရာသို့ လျှောက်လွှာတင်ရသည်။

“ဆည်းဆာတရားပွဲ” ဟူသည် ညနေ (၆) နာရီမှ (၇) နာရီ မိနစ် (၃၀) အတွင်းသာ ကျင်းပရမည်ဟု အဓိပ္ပာယ် သက်ရောက်သည့်အပြင် တယက၏ သတ်မှတ်စည်းကမ်း (၁၁) ချက်ကို သိရှိပြီး လေးစားစွာလိုက်နာမည်ဖြစ်ကြောင်း တာဝန်ခံက လက်မှတ်ရေးထိုးပေးရသည်။

အဆိုပါအချက်များထဲတွင် ဆရာတော် သံဃာတော်များ ဟောကြားသည့် တရားခွေအား တရားပွဲ ပြီးဆုံးသည်နှင့် သက်ဆိုင်ရာသို့ပို့ပေးရန်၊ တရားနာကြားသူပရိသတ် (၁၀၀) ဦးထက် မပိုရန်၊ တရားဟောစင်မြင့်ကို ယာဉ်တစီးသွားသာရုံ အကျယ်လွှတ်၍ ဆောက်လုပ်ရန် စသည့်အချက်များပါဝင်သည်။

ထိုကဲ့သို့ တရားဟောကြားရက်၊ တရားဟောကြားချိန်နှင့် ဟောကြားမည့် တရားတော်တို့အပေါ် ကန့်သတ်ခြင်းများ ရှိနေသည်ကို ရန်ကုန်မြို့မှ နာမည်ကျော် ဓမ္မကထိက မင်္ဂလာတိုက်ဆရာတော် ဦးသုမင်္ဂလက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ၎င်း၏ တရားခွေများတွင် ထည့်သွင်းပြောဟောလေ့ရှိသည်။

နာမည်ကြီးဆရာတော်တပါးကမူ “နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားဆိုတာ တို့များ နားလည်ပါတယ်။ ဒါပေမယ့် တရားဓမ္မ ဟောကြားညွှန်ပြနေတဲ့အပေါ် ချုပ်ကိုင်တာက မသင့်တော်ပေဘူး” ဟု မှတ်ချက်ပြုသည်။

တရားပွဲကျင်းပရက် ကြိုတင်ခွင့်ပြုမိန့် တောင်းခံမှုကို ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ပြီးစဉ်ကပင် သက်ဆိုင်ရာက နှစ်စဉ်ခွင့်ပြုမြဲဖြစ်သော်လည်း ယခုကဲ့သို့ ကန့်သတ်လာခြင်းသည် လာမည့် နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးကြမည်ဟု သတင်းများထွက်ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြည်သူများက ပြောဆိုနေကြသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP