* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, October 30, 2009

၂၀၁၂ မွာ ကမၻာပ်က္မွာလား

အေမး။ ။ အရှင်ဘုရား ၂၀၁၀ ဇန်န၀ါရီလ (၁၅)ရက်နေ့မှ အကြာမြင့်ဆုံး နေကြတ်မှု ဖြစ်ပေါ်မယ်။ နေကြတ်ခြင်းကြောင့် (၂၀၁၂)ခုနှစ်၊ဒီဇင်ဘာလအတွင်းမှာ ကမ္ဘာပျက်ကိန်း ဖြစ်နိုင်ချေ ရှိတယ်လို့ နိုင်ငံကျော် ဗေဒပညာရှင်တစ်ဦးက ဟောကိန်းထုတ်ထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အင်တာနက် စာမျက်နှာပေါ်မှာ သတင်းတွေ ပြန့်နေပါပြီ ဘုရား။ တပည့်တော် သိချင်တာက ဗေဒပညာရှင်များ ပြောဆို ယူဆနေသလို (၂၀၁၂)ခုနှစ်မှာ ကမ္ဘာပျက်မယ်ဆိုတာ မှန်/မမှန် သိချင်ပါတယ်ဘုရား။
မောင်ဇော်မျိုး
ရန်ကုန်

အဖြေ။ ။ ဒီပြဿနာနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် သိစရာမှန်က မကျန်ရအောင် အလုံးစုံကို သိမြင်တော်မူပြီးဖြစ်တဲ့ သဗ္ဗညုတဥာဏ်ပိုင်ရှင် ဘုရားရှင်ရဲ့ စကားတော်အတိုင်း ဖြေကြားရမှာဖြစ်ပါတယ်။
ကမ္ဘာပျက်တာနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာရဲ့သက်တမ်းကို နှစ်ပေါင်းဘယ်လောက်ကြာမယ်ဆိုတာ ဂဏန်းသင်္ချာနဲ့ မရေတွက်နိုင်ပါ။ ကြံဆပြီး သိရမယ့်အရာသာ ဖြစ်ပါတယ်။ ဘယ်လို ကြံဆရမလဲဆိုရင်….အလျား၊ အနံ၊ အမြင့် တစ်ယူဇနာရှိတဲ့ တိုက်ခန်း ၊ ဂိုဒေါင်ကြီးအတွင်းမှာ အလွန်သေးငယ်တဲ့ မုန်ညင်းဖြူစေ့လေးတွေကို အပြည့်ထည့်ထားလိုက်ပါ။ နှစ်ပေါင်းတစ်ရာကြာရင် မုန်ညင်းဖြူစေ့ တစ်စေ့ယူထုတ်ပစ်ရပါမယ်။ ဒီလိုနည်းနဲ့ ယူထုတ်ပစ်လို့ ဂိုဒေါင်ကြီးအတွင်းက မုန်ညင်းစေ့သာ ကုန်သွားမယ်။ တစ်ကမ္ဘာရဲ့ သက်တမ်း မကုန်ဆုံးသေးပါဘူး၊ လို့ ကြံဆပြီး သိရပါ့မယ်။
ဒီအမေးအတွက် ကမ္ဘာအမျိုးအစားကို ပြောမှ ပြည့်စုံမှာပါ။ ကမ္ဘာနဲ့ပတ်သက်ပြီး ဘုရားပွင့်တဲ့ကမ္ဘာကိုတော့ အသုညကမ္ဘာလို့ ခေါ်ပါတယ်။ ဘုရားမပွင့်တဲ့ ကမ္ဘာကိုတော့ သုညကမ္ဘာ လို့ ခေါ်ပါတယ်။ဘုရားပွင့်တဲ့ အသုညကမ္ဘာက (၅)မျိုး၊ ဘုရားမပွင့်တဲ့ သုညကမ္ဘာက (၁)မျိုး ဆိုပြီး ပေါင်းလိုက်တော့ ကမ္ဘာအမျိုး (၆)မျိုး ရှိပါတယ်။
ဘုရားပွင့်တဲ့ ကမ္ဘာငါးမျိုးက ဘုရားတစ်ဆူသာ ပွင့်တဲ့ ကမ္ဘာကို သာရကမ္ဘာ လို့ ခေါ်ပါတယ်။ နှစ်ဆူပွင့်တဲ့ ကမ္ဘာက မဏ္ဍကမ္ဘာပါ။ သုံးဆူပွင့်တာက ၀ရကမ္ဘာဖြစ်တယ်။ လေးဆူပွင့်တာက သာရမဏ္ဍကမ္ဘာ ဖြစ်ပြီး၊ ငါးဆူပွင့်တာက ဘဒ္ဒကမ္ဘာဖြစ်ပါတယ်။
ယနေ့ လူသားများ နေထိုင်ကြတဲ့ ကမ္ဘာကတော့ ဘဒ္ဒကမ္ဘာ ပါ။။ ဘဒ္ဒကမ္ဘာမှ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တေယျ၊ ဘုရား ငါးဆူ ပွင့်တော်မူပါမယ်။ ယခုအခါ လေးဆူမြောက် ပွင့်တော်မူပြီးတာက ဂေါတမမြတ်စွာဘုရားပါ။ နောင်ပွင့်မှာက အရိမေတ္တေယျ ဘုရားရှင်တစ်ဆူ ကျန်ပါသေးတယ်။ ထိုဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာပျက်မှာပါ။ ဒီကြားထဲ အရိမေတ္တေယျ ဘုရားရှင် မပွင့်သေးသမျှ ကာလပတ်လုံး ကမ္ဘာမပျက်နိုင်သေးပါဘူး။
ဒါကြောင့် ဗေဒပညာရှင်များရဲ့ အဆိုအရ ယခုလာမဲ့ (၂၀၁၂)မှာ ကမ္ဘာပျက်ကိန်း ရှိတယ်ဆိုတာ လုံးဝ မဟုတ်ပါကြောင်း ၊ ထိုသတင်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ လုံးဝ မရှိကြောင်း အဖြေပေးလိုက်ရပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP